Monday, July 13, 2015

မြစ်ဆုံစီမံကိန်း ဆက်လုပ်ရန် CPI ကြိုးစားမည်

မြစ်ဆုံစီမံကိန်း ဆက်လုပ်ရန် CPI ကြိုးစားမည် ဇူလှိုင်လ ၁၃ ရက်၊ ၂၀၁၅ မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်နိုင်ရန် ကြိုးစားမည်ဟု တရုတ်စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ CPI မှ ပြောရေးဆိုခွင့် ရှိသူများက ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။ ဇွန်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ရှိ CPI ရုံးချုပ်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မြစ်ဆုံစီမံကိန်းအပြင် ကချင်ပြည်နယ်ရှိ သဘာဝ သယံဇာတများအား နှစ်နိုင်ငံ နယ်စပ်မှ တရားဝင် ကုန်သွယ်နိုင်ရန် တရုတ်ဘက်မှ ဆွေးနွေးခဲ့သည်ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က MID NEWS သို့ပြောသည်။ “သူတို့ကတော့ ဒီမြစ်ဆုံဆည် လုပ်ဖြစ်မှပဲ ကျန်တဲ့ဟာတွေ လုပ်နိုင်မယ် ဆိုတာမျိုးပြောတယ်။ အခု ချီဖွေ ရေအားလျှပ်စစ်ကလည်း ပြီးသွားပြီ။ ဒီချီဖွေ ရေအားလျှပ်စစ်က မြစ်ဆုံ ရေအားလျှပ်စစ်လုပ်ဖို့ အရင်လုပ်တာကိုး။ သူတို့ဘက်ကတော့ ဆက်ကြိုးစားသွားမယ်၊ ဒါကို မရရအောင် လုပ်နိုင်အောင် ဆက်ကြိုးစားသွားမှာပေါ့။ သူတို့ရဲ့ ဆုံးရူံးမှုတွေလည်း အများကြီးရှိပြီပေါ့။ သူတို့ကတော့ ဆက်ကြိုးစား သွားမယ်ပြောတယ်” ဟု ဒေါ်ဒွဲဘူ ကပြောသည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန် တစ်ခုဖြစ်သဖြင့် ယခုအစိုးရ သက်တမ်းအကုန်တွင် ထပ်မံဆွေးနွေးရန် လိုအပ်သည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ၄င်းက ထပ်မံပြောသည်။ “ကျမတို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ်ရမယ် ဆိုတာကို ကျမတို့လည်း အများကြီး ပြင်ဆင်ထားဖို့ လိုတာပေါ့။ ကချင်ပြည်နယ်နဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ အဲဒီ တော့ လာမယ် အစိုးရ လက်ထက်မှာတော့ ဒီဟာကို ပြန်လုပ်ရေး၊ မလုပ်ရေး အားလုံး ၀ိုင်းဝန်း ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်လို့ အဲဒီလိုတော့ ဆွေးနွေးခဲ့တယ်” ဟု ဒေါ်ဒွဲဘူ က ရှင်းပြသည်။ ပြီးခဲ့သည် ဇွန်လအတွင်းက တရုတ်နိုင်ငံ၊ ယူနန်တက္ကသိုလ်၏ ဖိတ်ကြားချက်အရ မြန်မာလွှတ်တော် အမတ် ၈ ဦး၏ ဇွန်လ ၁၉ ရက် မှ ၂၅ ရက်အထိ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်တွင် ဘေဂျင်း၊ ကူမင်း၊ ရှန်ဟိုင်း စသည့်ဒေသများမှ နိုင်ငံရေးသမားများ၊ စီးပွားရေးပညာရှင် များနှင့် တွေ့ဆုံ စဉ် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းများအပေါ် ဒေသခံ ပြည်သူများ၏ ဆန္ဒ သဘောထားများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြစ်ဆုံ ရေအားလျှပ်စစ် တည်ဆောက်ရန် ၂၀၀၉ ခုနှစ်၊ မတ်လက မြန်မာနှင့် တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၀ ခုနစ်၊ မေလ ၂၈ ရက်နေ့တွင် မေခ-မလိခနှင့် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းများ အကောင်ထည်ဖော်ခြင်း၊ မောင်းနှင် ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည် လွှဲ ပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှပ်နှံခွင့် လိုင်စင်ကို ထိုစဉ်က ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဦးသိန်းစိန်၏ စစ်အစိုးရက ထုတ်ပေးခဲ့သော်လည်း ပြည်သူများ ကန့်ကွက် မူကြောင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန် က ၄င်း၏ သက်တမ်း အတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြန်သည်။ မြစ်ဆုံ စီမံကိန်း အကောင်ထည်ဖော်ရန် အတွက် မြစ်ဆုံအနီးတ၀ိုက်ရှိ ရွာများဖြစ်သော တန်ဖဲ၊ မဇွပ်၊ ပဒန်၊ ဒေါင်ပန်၊ ဒိန်ဂါဇွပ်နှင့် အောင်ဂျာယန်ကျေးရွာရှိ ဒေသခံများသည် မလိယန် စံပြကျေးရွာနှင့် အောင်မြင်သာ စံပြကျေးရွာများသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်။ MID News မြစ်ဆုံစီမံကိန်း ဆက်လုပ်ရန် CPI ကြိုးစားမည် ဇူလှိုင်လ ၁၃ ရက်၊ ၂၀၁၅ မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်နိုင်ရန် ကြိုးစားမည်ဟု တရုတ်စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ CPI မှ ပြောရေးဆိုခွင့် ရှိသူများက ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။ ဇွန်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ရှိ CPI ရုံးချုပ်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မြစ်ဆုံစီမံကိန်းအပြင် ကချင်ပြည်နယ်ရှိ သဘာဝ သယံဇာတများအား နှစ်နိုင်ငံ နယ်စပ်မှ တရားဝင် ကုန်သွယ်နိုင်ရန် တရုတ်ဘက်မှ ဆွေးနွေးခဲ့သည်ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က MID NEWS သို့ပြောသည်။ “သူတို့ကတော့ ဒီမြစ်ဆုံဆည် လုပ်ဖြစ်မှပဲ ကျန်တဲ့ဟာတွေ လုပ်နိုင်မယ် ဆိုတာမျိုးပြောတယ်။ အခု ချီဖွေ ရေအားလျှပ်စစ်ကလည်း ပြီးသွားပြီ။ ဒီချီဖွေ ရေအားလျှပ်စစ်က မြစ်ဆုံ ရေအားလျှပ်စစ်လုပ်ဖို့ အရင်လုပ်တာကိုး။ သူတို့ဘက်ကတော့ ဆက်ကြိုးစားသွားမယ်၊ ဒါကို မရရအောင် လုပ်နိုင်အောင် ဆက်ကြိုးစားသွားမှာပေါ့။ သူတို့ရဲ့ ဆုံးရူံးမှုတွေလည်း အများကြီးရှိပြီပေါ့။ သူတို့ကတော့ ဆက်ကြိုးစား သွားမယ်ပြောတယ်” ဟု ဒေါ်ဒွဲဘူ ကပြောသည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန် တစ်ခုဖြစ်သဖြင့် ယခုအစိုးရ သက်တမ်းအကုန်တွင် ထပ်မံဆွေးနွေးရန် လိုအပ်သည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ၄င်းက ထပ်မံပြောသည်။ “ကျမတို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ်ရမယ် ဆိုတာကို ကျမတို့လည်း အများကြီး ပြင်ဆင်ထားဖို့ လိုတာပေါ့။ ကချင်ပြည်နယ်နဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ အဲဒီ တော့ လာမယ် အစိုးရ လက်ထက်မှာတော့ ဒီဟာကို ပြန်လုပ်ရေး၊ မလုပ်ရေး အားလုံး ၀ိုင်းဝန်း ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်လို့ အဲဒီလိုတော့ ဆွေးနွေးခဲ့တယ်” ဟု ဒေါ်ဒွဲဘူ က ရှင်းပြသည်။ ပြီးခဲ့သည် ဇွန်လအတွင်းက တရုတ်နိုင်ငံ၊ ယူနန်တက္ကသိုလ်၏ ဖိတ်ကြားချက်အရ မြန်မာလွှတ်တော် အမတ် ၈ ဦး၏ ဇွန်လ ၁၉ ရက် မှ ၂၅ ရက်အထိ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်တွင် ဘေဂျင်း၊ ကူမင်း၊ ရှန်ဟိုင်း စသည့်ဒေသများမှ နိုင်ငံရေးသမားများ၊ စီးပွားရေးပညာရှင် များနှင့် တွေ့ဆုံ စဉ် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းများအပေါ် ဒေသခံ ပြည်သူများ၏ ဆန္ဒ သဘောထားများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြစ်ဆုံ ရေအားလျှပ်စစ် တည်ဆောက်ရန် ၂၀၀၉ ခုနှစ်၊ မတ်လက မြန်မာနှင့် တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၀ ခုနစ်၊ မေလ ၂၈ ရက်နေ့တွင် မေခ-မလိခနှင့် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းများ အကောင်ထည်ဖော်ခြင်း၊ မောင်းနှင် ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည် လွှဲ ပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှပ်နှံခွင့် လိုင်စင်ကို ထိုစဉ်က ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဦးသိန်းစိန်၏ စစ်အစိုးရက ထုတ်ပေးခဲ့သော်လည်း ပြည်သူများ ကန့်ကွက် မူကြောင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန် က ၄င်း၏ သက်တမ်း အတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြန်သည်။ မြစ်ဆုံ စီမံကိန်း အကောင်ထည်ဖော်ရန် အတွက် မြစ်ဆုံအနီးတ၀ိုက်ရှိ ရွာများဖြစ်သော တန်ဖဲ၊ မဇွပ်၊ ပဒန်၊ ဒေါင်ပန်၊ ဒိန်ဂါဇွပ်နှင့် အောင်ဂျာယန်ကျေးရွာရှိ ဒေသခံများသည် မလိယန် စံပြကျေးရွာနှင့် အောင်မြင်သာ စံပြကျေးရွာများသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်။ MID News

No comments: