Sunday, July 12, 2015

ရွေးကောက်ပွဲဝင်ပြီ

ရွေးကောက်ပွဲဝင်ပြီ စနေနေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ယခုလာမည့် နိုဝင်ဘာ ၈ ရက် နေ့ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။ ဖေါ်ဆောင်ရန် ရှိနေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အကောင်အထည် ဖေါ်နိုင်ရန် အတွက် မိမိတို့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆိုသည့် မေးခွန်းအား ဖြေကြားရာတွင် လုံးဝ မဖြစ်နိုင်ကြောင်း၊ အမှားများ ယခုထိ များစွာ ရှိနေသေးပြီး မဲပေးပိုင်ခွင့် ရှိသူတဦးအား ရွေးကောက်ပွဲနေ့တွင် မဲပေးခွင့် မရရှိခဲ့မည့် အဖြစ်သည် လွန်စွာ စိုးရိမ်ဘွယ်အနေအထား ဖြစ်သည်ဟု ဖြေကြားသွားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မဲစာရင်း မှန်ကန်မှု ရှိရေးသည် အခရာကျလာနေပြီ ဖြစ်သည်။ အထက်နှင့် အောက်လွှတ်တော် (၂) ရပ်ပေါင်းအတွက် စုစုပေါင်း ၄၉၈ နေရာ နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်များအတွက် ၆၄၄ နေရာအတွက် ရွေးချယ်တင်မျြောက်သွားရန် ရှိသည်။ သို့သော် လက်ရှိအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံနိုင်ခွင့် လုံးဝ မရှိသည့် အနေအထား ဖြစ်သည်။ သို့သော် ပါတီအနေဖြင့် ယခုလောလောဆယ် ထုတ်ဖေါ်ပြောကြားရန် အစီအစဉ် မရှိသေးသော်လည်း မိမိတို့တွင် ယင်းကိစ္စကို ကွေ့ဝိုက်သွားနိုင်မည့် အစီအစဉ်ရှိပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ ဒီကိစ္စအတွက် လူထုအားလုံး လက္ခံနိုင်မည့် အစီအစဉ်မရှိပဲ အခုလို ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်မည်မဟုတ်ဟု ဆိုသည်။ မိမိတို့အနေဖြင့် အစိုးရ ဖွဲ့နိုင်ပါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အဓိက ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရန် နှင့် နိုင်ငံရေးတွင် တည်ငြိမ်မှု ရရှိရေးကိုလည်း ဦးစားပေး ပြုလုပ်သွားမည်ဟု ပြောပြသည်။ ဒီချုပ်အနေဖြင့် အဓိက ပြည်ခိုင်ဖြိုး ပါတီ နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ပါတီငယ်ပေါင်းများစွာ နှင့် တိုင်းရင်းသားပါတီများ ပေါ်ထွန်းလာနေပြီ ဖြစ်သဖြင့် အဆိုပါ ပါတီများအနေဖြင့် ရွေးကောက်ပွဲလွန်ကာလများတွင် အပေးအယူ ပြုလုပ်နိုင်ရန် ပဓာန ကျသော အခန်းကဏ္ကတွင် ရှိနေပေသည်။ ဒီချုပ်အနေဖြင့် အဓိက တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲဝင်မည့် နယ်မြေများကို ရှောင်ရှားသွားမည်ဟုလည်း သိရသည်။ ပြည်ခိုင်ဖြိုး ပါတီသည် လောလောဆယ် အနေအထားအရ မရှုမလှ ရှုံးနိမ့်ခံရဘွယ်ရှိပြီး တပူပေါ် နှစ်ပူဆင့်ဆိုသလို ၎င်းတို့၏ ထိတ်တန်း ခေါင်းဆောင်တဦးဖြစ်သော ဦးအောင်သောင်းမှာ ဦးနှောက် သွေးယိုစီး ရောဂါဖြင့် စင်္ကာပုတွင် ဆေးကုသခံနေရသည်။ စစ်တပ်အနေဖြင့် တိုင်းပြည်၏ စီးပွားရေး နှင့် နိုင်ငံရေး ကို လုံးဝထိမ်းချုပ်ထားလျက်ရှိသော အနေအထားကြောင့် အခြေအနေမလှက နောက်ပြန်သွားမည့် အလားအလာများလည်း ပိုမို ကြီးထွားလာနေသည့် လက္ခဏာများကြောင့် လူထုအတွင်း စိုးရိမ်မကင်း ဖြစ်မှုများ ဖြစ်ပေါ်လျက်ရှိပေသည်။ လူထု၏ အမြင်တွင် သိက္ခာကျဆင်းသွားခဲ့ရသည့် စစ်တပ်မှ ဖွဲ့စည်းပုံ ပြင်ရေးကို ပြီးခဲ့သည့် လက လွှတ်တော်တွင် မဲခွဲခွင့် ပြုခဲ့ခြင်းအပေါ် ဦးရွှေမန်း အား မကျေမနပ် ဖြစ်လျက်ရှိသည်ဟု သံတမာန် အသိုက်အ၀န်း နှင့် စစ်တပ်နှင့် နီးစပ်သော သတင်းရပါကွက်များက ဆိုသည်။ အသက် (၇၀) ရှိပြီး နှလုံးရောဂါ အခံရှိနေသော သမ္မတမှလည်း ပြည်သူများက ဆန္ဒရှိနေပါက ပြန်လည် အရွေးခံမည်ဟု မကြာခင်က ဂျပန်သတင်းဌာနသို့ ထုတ်ဖေါ်ပြောကြားခဲ့ပြန်သည်။ ထို့အတွက် အာဏာရပါတီအတွင်း ရွှေမန်း နှင့် သိန်းစိန် အုပ်စု အကြား အားပြိုင်မှုများ ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။ ရွှေမန်းအုပ်စုသည် ယခုအခါ အပေါ်စီးရလာနေသော်လည်း စစ်တပ်အုပ်စုမှ ဦးသိန်းစိန်အား ထောက်ခံသွားမည့် အလားအလာများ တွေ့နေရသည်။ ဒီချုပ်အနေဖြင့် နောက်လာမည့် သမ္မတသည် ဖွဲ့စည်းပုံကို ပြင်ရန် ကြိမ်းသေ အာမခံနိုင်မည့် လူမျိုးကိုသာ သမ္မတဖြစ်ရေး ပါတီ၏ ထောက်ခံမှုပေးသွားမည်ဟု ယူဆရသည်။ မည်သို့ပင် ဖြစ်စေ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်နိုင်မှသာလျင် ပြည်တွင်း တွင် ဖြစ်ပေါ်လာရန် ရှိသော ဆူပူမှုများကို ဟန့်တားနိုင်ပြီး အခြေအနေများ တည်ငြိမ်လာအောင် ကူညီရာကျ မည် ဖြစ်သဖြင့် ထိုအရေးဖြစ်ပေါ်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် အစွမ်းကုန် ပံပိုး ထိမ်းသိမ်းသွားရန် လိုအပ်နေကြောင်း တင်ပြပါသည်။ ရည်ညွှန်း၊ ။ News Agencies “Nationalism is an infantile sickness. It is the measles of the human race.” — Albert Einstein အမျိုးသားရေးဝါဒသည် လူသားမျိုးနွယ်များအတွက် သူငယ်နာမစင်သော ၀က်သက်ရောဂါ တမျိုးပင်၊ --- အယ်လ်ဘတ် အိုင်းစတိုင်း HSW ရွေးကောက်ပွဲဝင်ပြီ စနေနေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ယခုလာမည့် နိုဝင်ဘာ ၈ ရက် နေ့ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။ ဖေါ်ဆောင်ရန် ရှိနေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အကောင်အထည် ဖေါ်နိုင်ရန် အတွက် မိမိတို့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆိုသည့် မေးခွန်းအား ဖြေကြားရာတွင် လုံးဝ မဖြစ်နိုင်ကြောင်း၊ အမှားများ ယခုထိ များစွာ ရှိနေသေးပြီး မဲပေးပိုင်ခွင့် ရှိသူတဦးအား ရွေးကောက်ပွဲနေ့တွင် မဲပေးခွင့် မရရှိခဲ့မည့် အဖြစ်သည် လွန်စွာ စိုးရိမ်ဘွယ်အနေအထား ဖြစ်သည်ဟု ဖြေကြားသွားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မဲစာရင်း မှန်ကန်မှု ရှိရေးသည် အခရာကျလာနေပြီ ဖြစ်သည်။ အထက်နှင့် အောက်လွှတ်တော် (၂) ရပ်ပေါင်းအတွက် စုစုပေါင်း ၄၉၈ နေရာ နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်များအတွက် ၆၄၄ နေရာအတွက် ရွေးချယ်တင်မျြောက်သွားရန် ရှိသည်။ သို့သော် လက်ရှိအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံနိုင်ခွင့် လုံးဝ မရှိသည့် အနေအထား ဖြစ်သည်။ သို့သော် ပါတီအနေဖြင့် ယခုလောလောဆယ် ထုတ်ဖေါ်ပြောကြားရန် အစီအစဉ် မရှိသေးသော်လည်း မိမိတို့တွင် ယင်းကိစ္စကို ကွေ့ဝိုက်သွားနိုင်မည့် အစီအစဉ်ရှိပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ ဒီကိစ္စအတွက် လူထုအားလုံး လက္ခံနိုင်မည့် အစီအစဉ်မရှိပဲ အခုလို ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်မည်မဟုတ်ဟု ဆိုသည်။ မိမိတို့အနေဖြင့် အစိုးရ ဖွဲ့နိုင်ပါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အဓိက ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရန် နှင့် နိုင်ငံရေးတွင် တည်ငြိမ်မှု ရရှိရေးကိုလည်း ဦးစားပေး ပြုလုပ်သွားမည်ဟု ပြောပြသည်။ ဒီချုပ်အနေဖြင့် အဓိက ပြည်ခိုင်ဖြိုး ပါတီ နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ပါတီငယ်ပေါင်းများစွာ နှင့် တိုင်းရင်းသားပါတီများ ပေါ်ထွန်းလာနေပြီ ဖြစ်သဖြင့် အဆိုပါ ပါတီများအနေဖြင့် ရွေးကောက်ပွဲလွန်ကာလများတွင် အပေးအယူ ပြုလုပ်နိုင်ရန် ပဓာန ကျသော အခန်းကဏ္ကတွင် ရှိနေပေသည်။ ဒီချုပ်အနေဖြင့် အဓိက တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲဝင်မည့် နယ်မြေများကို ရှောင်ရှားသွားမည်ဟုလည်း သိရသည်။ ပြည်ခိုင်ဖြိုး ပါတီသည် လောလောဆယ် အနေအထားအရ မရှုမလှ ရှုံးနိမ့်ခံရဘွယ်ရှိပြီး တပူပေါ် နှစ်ပူဆင့်ဆိုသလို ၎င်းတို့၏ ထိတ်တန်း ခေါင်းဆောင်တဦးဖြစ်သော ဦးအောင်သောင်းမှာ ဦးနှောက် သွေးယိုစီး ရောဂါဖြင့် စင်္ကာပုတွင် ဆေးကုသခံနေရသည်။ စစ်တပ်အနေဖြင့် တိုင်းပြည်၏ စီးပွားရေး နှင့် နိုင်ငံရေး ကို လုံးဝထိမ်းချုပ်ထားလျက်ရှိသော အနေအထားကြောင့် အခြေအနေမလှက နောက်ပြန်သွားမည့် အလားအလာများလည်း ပိုမို ကြီးထွားလာနေသည့် လက္ခဏာများကြောင့် လူထုအတွင်း စိုးရိမ်မကင်း ဖြစ်မှုများ ဖြစ်ပေါ်လျက်ရှိပေသည်။ လူထု၏ အမြင်တွင် သိက္ခာကျဆင်းသွားခဲ့ရသည့် စစ်တပ်မှ ဖွဲ့စည်းပုံ ပြင်ရေးကို ပြီးခဲ့သည့် လက လွှတ်တော်တွင် မဲခွဲခွင့် ပြုခဲ့ခြင်းအပေါ် ဦးရွှေမန်း အား မကျေမနပ် ဖြစ်လျက်ရှိသည်ဟု သံတမာန် အသိုက်အ၀န်း နှင့် စစ်တပ်နှင့် နီးစပ်သော သတင်းရပါကွက်များက ဆိုသည်။ အသက် (၇၀) ရှိပြီး နှလုံးရောဂါ အခံရှိနေသော သမ္မတမှလည်း ပြည်သူများက ဆန္ဒရှိနေပါက ပြန်လည် အရွေးခံမည်ဟု မကြာခင်က ဂျပန်သတင်းဌာနသို့ ထုတ်ဖေါ်ပြောကြားခဲ့ပြန်သည်။ ထို့အတွက် အာဏာရပါတီအတွင်း ရွှေမန်း နှင့် သိန်းစိန် အုပ်စု အကြား အားပြိုင်မှုများ ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။ ရွှေမန်းအုပ်စုသည် ယခုအခါ အပေါ်စီးရလာနေသော်လည်း စစ်တပ်အုပ်စုမှ ဦးသိန်းစိန်အား ထောက်ခံသွားမည့် အလားအလာများ တွေ့နေရသည်။ ဒီချုပ်အနေဖြင့် နောက်လာမည့် သမ္မတသည် ဖွဲ့စည်းပုံကို ပြင်ရန် ကြိမ်းသေ အာမခံနိုင်မည့် လူမျိုးကိုသာ သမ္မတဖြစ်ရေး ပါတီ၏ ထောက်ခံမှုပေးသွားမည်ဟု ယူဆရသည်။ မည်သို့ပင် ဖြစ်စေ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်နိုင်မှသာလျင် ပြည်တွင်း တွင် ဖြစ်ပေါ်လာရန် ရှိသော ဆူပူမှုများကို ဟန့်တားနိုင်ပြီး အခြေအနေများ တည်ငြိမ်လာအောင် ကူညီရာကျ မည် ဖြစ်သဖြင့် ထိုအရေးဖြစ်ပေါ်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် အစွမ်းကုန် ပံပိုး ထိမ်းသိမ်းသွားရန် လိုအပ်နေကြောင်း တင်ပြပါသည်။ ရည်ညွှန်း၊ ။ News Agencies “Nationalism is an infantile sickness. It is the measles of the human race.” — Albert Einstein အမျိုးသားရေးဝါဒသည် လူသားမျိုးနွယ်များအတွက် သူငယ်နာမစင်သော ၀က်သက်ရောဂါ တမျိုးပင်၊ --- အယ်လ်ဘတ် အိုင်းစတိုင်း HSW

No comments: