Sunday, July 12, 2015

လာမည့်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ ဝင်ပြိုင်မည် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှ ပြန်အရွေးခံပြီး သမ္မတလောင်းအတွက် အစီအစဉ်တစ်ခု ပြုလုပ်ရန်ရှိ

လာမည့်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ ဝင်ပြိုင်မည် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှ ပြန်အရွေးခံပြီး သမ္မတလောင်းအတွက် အစီအစဉ်တစ်ခု ပြုလုပ်ရန်ရှိ လာမည့် ၂ဝ၁၅ခုနှစ် နိုဝင်ဘာ ၈ရက်တွင် ကျင်းပ ရန်ရှိနေ သည့် အထွေထွေရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၁၁ရက်၊ ညနေ ၅နာရီက နေပြည် တော်ရှိ သူမနေထိုင်ရာ နှင်းဆီစံအိမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရ သည်။ ဇူလိုင် ၁၁ရက်၊ နေ့လယ်ပိုင်းက တည်းကပြုလုပ်သည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်များအစည်းအဝေးမှ ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ဒီနေ့ ခေါ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးက ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ကိုဆွေးနွေးခဲ့တာပါ။ အစည်းအဝေးကနေ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့ ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့သလဲဆိုတော့ မပြီးပြတ်သေးတဲ့ဒီမိုကရေစီ စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ပါပဲ'' ဟု ရှင်းလင်းပွဲတက်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပသတင်းသမားများကို ပြောပါသည်။ အလားတူ နိုင်ငံရေးစိတ်ပါဝင် စားသူများ၊ လေ့လာစောင့်ကြည့်သူများ မျှော်လင့်နေကြသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ သမ္မတလောင်းလျာထားမှု နှင့်ပတ်သက်ပြီးလည်း လတ်တလောဖွဲ့စည်း ပုံအခြေခံဥပဒေ ပါ ပုဒ်မ ၅၉(စ)ကိုမပြင် နိုင်သေးသည့်အတွက် ပြည်သူများလက်ခံနိုင် သည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်စဉ် ဝင် ရောက်အရွေးခံခဲ့သည့် ကော့မှူးမဲဆန္ဒ နယ်မှသာ ဝင်ရောက်အရွေးခံမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြော သည်။ ယခုလို NLD အနေဖြင့် ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်အပေါ်နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦး က ''အစကတည်းက ရွေးကောက်ပွဲဝင် လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ကြို ဆိုပါတယ် ။ အလားတူပဲ တိုင်းရင်းသား ပါတီတချို့နဲ့လဲ မဲဆန္ဒနယ်တွေမထပ်အောင် ညှိနှိုင်း လုပ်ဆောင်သွားမယ်ဆိုတဲ့အချက် ကိုလည်း ကြိုဆိုပါတယ်။ NLD ပြည်သူ့ ထောက်ခံမှုကို အပြည့်အဝရရှိထားတယ် ဆိုပေမယ့် ၁၉၉ဝရွေးကောက်ပွဲတုန်းကလို ရလဒ်မျိုးတော့ လွယ်မယ်မထင်ဘူး''ဟု မှတ်ချက်ပေးသည်။ လာမည့် ရွေးကောက်ပွဲအတွက် လွှတ်တော်သုံးရပ်လုံးမှ အမတ်နေရာအ များစုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ထားပြီး အမတ်လောင်းရွေးချယ်မှု၌ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကျင်းပစဉ်က ပုံစံ နှင့် သိပ်ကွာဟမှုမရှိနိုင်ဘဲ အရည်အချင်း ရှိသူ၊ အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသား များအား ဦးစားပေးရွေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် ၁၉၉ဝရွေးကောက်ပွဲတွင် ပြိုင် ဘက်ကောင်း ပါတီတစ်ခုဖြစ်ခဲ့သည့် လက်ရှိ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး ပါတီ၏စည်းလုံးရေးတာဝန်ခံ ဦးဟန် ရွှေက ''ကျွန်တော်တို့ပါတီအနေနဲ့ NLD ရွေးကောက်ပွဲဝင်မှာကို ကြိုဆိုပါတယ်။ ဒီမိုကရေစီစနစ်ကို သွားတဲ့အခါနိုင်ငံရေး ပါတီတွေအနေနဲ့ မဖြစ်မနေရွေးကောက် ပွဲဝင်ရမယ်ဆိုတာ စည်းမျဉ်းဥပဒေသတစ် ခုလိုပါပဲ။ ဒါကြောင့် NLD ဝင်ပြိုင်မှာကို လုံးဝကြိုဆိုပါတယ်''ဟု ပြောပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကာ ၂ဝ၁ဝအထွေထွေရွေး ကောက်ပွဲကို သပိတ်မှောက်ပြီးဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုခဲ့ပါ။ သို့သော် ၂ဝ၁၂ခုနှစ် တွင်ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ်နေ ရာ ၄၃နေရာအထိ အနိုင်ရရှိခဲ့သည်။ လတ်တလောတွင်တော့ တခြားပါတီမှ ပြောင်းရွေ့လာသည့် အမတ်များအပါအ ဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီး(ခ)ပြည်နယ် လွှတ်တော်တို့တွင် ဒီချုပ်အမတ်ပေါင်း ၄၅ဦးအထိရှိနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ၁၉၉ဝပြည့်နှစ်တွင် ကျင်းပ သော အထွေထွေရွေးကောက်ပွဲတွင် အမတ် နေရာအများဆုံး အနိုင်ရရှိခဲ့သော်လည်း ထိုအချိန်က စစ်အစိုးရက အာဏာလွှဲအပ် ပေးခဲ့ခြင်းမရှိခဲ့ပါ။ ပြီးခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း အမတ်နေရာအများ ဆုံး အနိုင်ရရှိခဲ့ပါသေးသည်။ Yangon Media Group လာမည့်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ ဝင်ပြိုင်မည် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှ ပြန်အရွေးခံပြီး သမ္မတလောင်းအတွက် အစီအစဉ်တစ်ခု ပြုလုပ်ရန်ရှိ လာမည့် ၂ဝ၁၅ခုနှစ် နိုဝင်ဘာ ၈ရက်တွင် ကျင်းပ ရန်ရှိနေ သည့် အထွေထွေရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၁၁ရက်၊ ညနေ ၅နာရီက နေပြည် တော်ရှိ သူမနေထိုင်ရာ နှင်းဆီစံအိမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရ သည်။ ဇူလိုင် ၁၁ရက်၊ နေ့လယ်ပိုင်းက တည်းကပြုလုပ်သည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်များအစည်းအဝေးမှ ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ဒီနေ့ ခေါ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးက ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ကိုဆွေးနွေးခဲ့တာပါ။ အစည်းအဝေးကနေ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့ ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့သလဲဆိုတော့ မပြီးပြတ်သေးတဲ့ဒီမိုကရေစီ စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ပါပဲ'' ဟု ရှင်းလင်းပွဲတက်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပသတင်းသမားများကို ပြောပါသည်။ အလားတူ နိုင်ငံရေးစိတ်ပါဝင် စားသူများ၊ လေ့လာစောင့်ကြည့်သူများ မျှော်လင့်နေကြသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ သမ္မတလောင်းလျာထားမှု နှင့်ပတ်သက်ပြီးလည်း လတ်တလောဖွဲ့စည်း ပုံအခြေခံဥပဒေ ပါ ပုဒ်မ ၅၉(စ)ကိုမပြင် နိုင်သေးသည့်အတွက် ပြည်သူများလက်ခံနိုင် သည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်စဉ် ဝင် ရောက်အရွေးခံခဲ့သည့် ကော့မှူးမဲဆန္ဒ နယ်မှသာ ဝင်ရောက်အရွေးခံမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြော သည်။ ယခုလို NLD အနေဖြင့် ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်အပေါ်နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦး က ''အစကတည်းက ရွေးကောက်ပွဲဝင် လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ကြို ဆိုပါတယ် ။ အလားတူပဲ တိုင်းရင်းသား ပါတီတချို့နဲ့လဲ မဲဆန္ဒနယ်တွေမထပ်အောင် ညှိနှိုင်း လုပ်ဆောင်သွားမယ်ဆိုတဲ့အချက် ကိုလည်း ကြိုဆိုပါတယ်။ NLD ပြည်သူ့ ထောက်ခံမှုကို အပြည့်အဝရရှိထားတယ် ဆိုပေမယ့် ၁၉၉ဝရွေးကောက်ပွဲတုန်းကလို ရလဒ်မျိုးတော့ လွယ်မယ်မထင်ဘူး''ဟု မှတ်ချက်ပေးသည်။ လာမည့် ရွေးကောက်ပွဲအတွက် လွှတ်တော်သုံးရပ်လုံးမှ အမတ်နေရာအ များစုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ထားပြီး အမတ်လောင်းရွေးချယ်မှု၌ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကျင်းပစဉ်က ပုံစံ နှင့် သိပ်ကွာဟမှုမရှိနိုင်ဘဲ အရည်အချင်း ရှိသူ၊ အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသား များအား ဦးစားပေးရွေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် ၁၉၉ဝရွေးကောက်ပွဲတွင် ပြိုင် ဘက်ကောင်း ပါတီတစ်ခုဖြစ်ခဲ့သည့် လက်ရှိ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး ပါတီ၏စည်းလုံးရေးတာဝန်ခံ ဦးဟန် ရွှေက ''ကျွန်တော်တို့ပါတီအနေနဲ့ NLD ရွေးကောက်ပွဲဝင်မှာကို ကြိုဆိုပါတယ်။ ဒီမိုကရေစီစနစ်ကို သွားတဲ့အခါနိုင်ငံရေး ပါတီတွေအနေနဲ့ မဖြစ်မနေရွေးကောက် ပွဲဝင်ရမယ်ဆိုတာ စည်းမျဉ်းဥပဒေသတစ် ခုလိုပါပဲ။ ဒါကြောင့် NLD ဝင်ပြိုင်မှာကို လုံးဝကြိုဆိုပါတယ်''ဟု ပြောပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကာ ၂ဝ၁ဝအထွေထွေရွေး ကောက်ပွဲကို သပိတ်မှောက်ပြီးဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုခဲ့ပါ။ သို့သော် ၂ဝ၁၂ခုနှစ် တွင်ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ်နေ ရာ ၄၃နေရာအထိ အနိုင်ရရှိခဲ့သည်။ လတ်တလောတွင်တော့ တခြားပါတီမှ ပြောင်းရွေ့လာသည့် အမတ်များအပါအ ဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီး(ခ)ပြည်နယ် လွှတ်တော်တို့တွင် ဒီချုပ်အမတ်ပေါင်း ၄၅ဦးအထိရှိနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ၁၉၉ဝပြည့်နှစ်တွင် ကျင်းပ သော အထွေထွေရွေးကောက်ပွဲတွင် အမတ် နေရာအများဆုံး အနိုင်ရရှိခဲ့သော်လည်း ထိုအချိန်က စစ်အစိုးရက အာဏာလွှဲအပ် ပေးခဲ့ခြင်းမရှိခဲ့ပါ။ ပြီးခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း အမတ်နေရာအများ ဆုံး အနိုင်ရရှိခဲ့ပါသေးသည်။ Yangon Media Group

No comments: