မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
သူ့ဘက်ကကြည့်တော့ သူရဲကောင်း၊ ကိုယ့်ဘက်ကကြည့်တော့ သစ္စာဖောက်

မြန်မာတပ်မတော်အနေဖြင် အရေးပါတဲ့ ခြေလှမ်းလှမ်းရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ကြောင်းဟု အမေရိကန် အထက်လွှတ်တော် အများစု ခေါင်းဆောင်က ပြောကြားခဲ့ကြောင်းသိရသည်။
အမေရိကန် ဆီးနိတ်လွှတ်တော်၏ အများစု ပါတီခေါင်းဆောင် မစ်ခ်ျမက်ကွန်နယ် သည် မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသည့် ပြောင်းလဲမှု များနှင့်ပတ်သက်၍ စိတ်ပျက်ရကြောင်း ကြာသပတေး
နေ့နံနက်ပိုင်းက“မြန်မာနိုင်ငံအကြောင်း စောင့်ကြည့်နေတဲ့ ကျွန်တော်သိထားတာက သမိုင်း တစ်လျှောက် စစ်တပ်ဟာ ပြောင်းလဲရမှာကြောက်ရွံ့နေတယ်။ တိုင်းရင်းသားပြဿနာတွေ ဖြစ်နေတယ်။ ပိုပြီးဒီမိုကရက်တစ်ဖြစ်တဲ့ အစိုးရပေါ်ပေါက်လာဖို့ မသေချာဘူးဆိုတာတွေပါပဲ။ ဒါတွေကို သေချာ သိထား ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆိုတာ နှစ်နိုင်ငံ လုံးက စွန့်စားဖို့လိုပါတယ်။ ဒါဟာ မြန်မာစစ်တပ်အတွက် နောက်ထပ်အရေးပါတဲ့ ခြေလှမ်းလှမ်းရမယ့် အချိန်ဖြစ်ပြီး အဲ့သည်အခွင့်အရေးကို သူတို့ လက်လွှတ်ခဲ့ပါတယ်” ဟု စွပ်စွဲပြောကြားခဲ့သည်။
အမေရိကန်ဆီးနိတ်အမတ်မစ်ခ်ျက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းစွာရည် ညွှန်းပြောကြား ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးချိန်အထိ ပုံမှန် ဆက်ဆံရေးအချို့ကို ဆိုင်းငံ့ထားရန် မစ်ခ်ျမက်ကွန်နယ်က တောင်းဆိုခဲ့သည်။
၎င်းအချက်များကိုထောက်ရှုခြင်းဖြင့် ၄င်းတို့အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ခွင့် ၄၃၆နှင့် သမ္မတအရည်အချင်း ၅၉(စ)ပြင်ဆင်ခွင့်မရခြင်းတို့အပေါ် ကြီတ်မနိုင်ခဲမရဖြစ်နေပုံထောက်လှသည်။
ထိုသို့ဖြစ်ခဲ့ခြင်းမှာ အဘယ်ကြောင့်နည်း....
တကယ်တမ်းဆိုလျှင် အတိုက်ခံပါတီကသာ အခွင့်အရေးများလက်လွှတ်လွဲချော်ခဲ့ကြခြင်းဖြစ်ပါသည်။ ထိုပါတီကြီးသည် တပ်မတော်အပေါ်အမြဲမကောင်းမြင်တတ်ပြီး တွေ့ကရာနေရာတွင် ပုတ်ခတ်ပြောဆိုတတ်သည့်အပြင် ဖေဖေတည်ထောင်ခဲ့တဲ့တပ်မတော်ဟု သွင်သွင်ပြောသော်လည်း အမြဲအပုတ်ချနေခြင်းမှာ အဓိကစည်းရုံးရေးအားနည်းချက်ဖြစ်ပါသည်။
ထို့အပြင် အရှေ့မြောက်ဒေသတွင် ပြည်သူများအတွက် အသက်ပေးနေသောတပ်မတော်သားများ မျက်နှာ
မထောက်ဘဲ လက်နက်ကိုင်ဖြေရှင်းသည့်နည်းလမ်းကိုစွန့်လွှတ်သင့်ကြောင်း ကြေငြာချက်များထုတ်ခြင်း၊ သူပုန်သေသည်ကိုဝမ်းနည်းပြခြင်းများသည် တပ်မတော်နှင့်အလွန်ကင်းကွာသွားစေခဲ့သည့် အပြင် အရေးပါသည့်ခြေလှမ်း လှမ်းခွင့်ကိုဆုံးရှုံးခဲ့ခြင်းသာ ဖြစ်ပါသည်။
သို့သော်တပ်မတော်မှ ထိုအချက်များကြောင့် ၄၃၆နှင့် ၅၉(စ)ပြင်ဆင်ရေးအတွက် ကန့်ကွက်ခဲ့ကြခြင်းမဟုတ်ပေ။ အဓိကအကြောင်းမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ၃ရပ်သည် ၁ခုနှင့် ၁ခု check and balance ဖြစ်ရမည့်အစား ပြင်ဆင်ရေး
မူကြမ်းအား ဆွေးနွေးကြရာတွင် challenge and block ဖြစ်အောင် ဥပဒေပြုရေး အာဏာရှိသည့် လွှတ်တော်မှ အုပ်ချုပ်ရေးအဖွဲ့အားဖွဲ့စည်းခြင်း၊ ခန့်အပ်ခြင်းများလုပ်နိုင်အောင် အာဏာများ အလွန်အကျွံ ပေးထားခြင်းကြောင့်သာ ကန့်ကွက်ခဲ့ရခြင်းဖြစ်ပြီး တပ်မတော်သားများ သာမက အရွေးကောက်ခံ အမတ်ဦးရေ ၆၀ကျော်မှလည်း ကန့်ကွက်ခဲ့ကြခြင်းဖြစ်ပါသည်။
ဇော်မျိုးသိန်း
oppositeyes သူ့ဘက်ကကြည့်တော့ သူရဲကောင်း၊ ကိုယ့်ဘက်ကကြည့်တော့ သစ္စာဖောက်

oppositeyes
Subscribe to:
Post Comments (Atom)
No comments:
Post a Comment