မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 11, 2015
ပြည်သူလူထု ဒဏ်ခတ်မှုအား ရင်ဆိုင်ရမည်ဟု ဦးဝီရသူသတိပေး ===================================
ပြည်သူလူထု ဒဏ်ခတ်မှုအား ရင်ဆိုင်ရမည်ဟု ဦးဝီရသူသတိပေး
===================================
မန္တလေး၊ ဇူလိုင်၉ ကျော်ဝေမင်း
လှေစီးဒုက္ခသည်အရေးအား အမြန်ဆုံးမဖြေရှင်းပါက အစိုးရအနေဖြင့် ပြည်သူလူထု၏ ဒဏ်ခတ်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူက သတိပေးလိုက်သည်။
နိုင်ငံတကာ ဖိအားပေးမှုနှင့်အတူ နိုင်ငံပျောက်နေသော လှေစီးဒုက္ခသည် ဘင်္ဂါလီများအား ရခိုင်ပြည်နယ်တွင် အစိုးရက ဒုက္ခသည်စခန်းဖွင့်ကာ ဘင်္ဂါလီ(၅၅၉) ဦးအား စောင့်ရှောက်ထားခဲ့သည်။ ထိုကဲ့သို့ လက်ခံထားမှုမှာ ယခုအခါတွင် တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆိုပါ စောင့်ရှောက်ရေးစခန်းမှ ထွက်ပြေးနေသူ(၁၅)ဦးခန့် ရှိနေခဲ့သည်။
“ခြေနှစ်ချောင်း မကယ်ကောင်းလို့ စကားပုံလည်းရှိတယ်။ နိုင်ငံတကာက လူတွေ ဖိအားပေးတဲ့ဒဏ်ကို ကြောက်လန့်ပြီး လက်ခံခဲ့တာ။ အခုတော့ သောင်တင်နေပြီ။ နောက်နောင် ဒါမျိုးကို လုံးဝလက်သင့်မခံဖို့ အခုကတည်းက သတိပေးချင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းတာဝန်ယူနေသော တောင်ပြိုလက်ဝဲ မိုင်တိုင်(၃၇)တွင် ထိန်းသိမ်းထားသော လှေစီးဒုက္ခသည်(၅၅၉)ဦးရှိသည့်အနက်(၁၅)ဦးမှာ ထွက်ပြေးနေပြီး တစ်ဦးသာ ပြန်လည်ဖမ်းဆီးရမိထားသည်။
လှေစီးဒုက္ခသည်အရေးအား ရခိုင်ပြည်တွင် ပြည်သူများက မကျေနပ်သဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြ သော်လည်း အစိုးရအနေဖြင့် လက်ခံစောင့်ရှောက်ထားသည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် အဆိုပါအရေးအား အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် စားနပ်ရိက္ခာများပေးအပ်ကာ ပြန်လည်စေလွှတ်ရန် အစိုးရအား တောင်းဆိုထားသည်။
“အခုထွက်ပြေးလာတဲ့သူတွေရှိနေပြီ၊ အစကတည်းက သူတို့က တီးလုံးတိုက်ထားပြီးသားဖြစ်မယ်။ ဒီထဲရောက်ရင် ဘယ်လိုသွား ဘယ်လိုပြေးဆိုတာမျိုးပေါ့။ ဦးဇင်းအနေနဲ့ အစိုးရအနေနဲ့ ထွက်ပြေးတဲ့သူတွေကို ဖမ်းပါ။ ဒီထွက်ပြေးတဲ့လူတွေက သွေးထိုးလှုံ့ဆော်မှုတွေလုပ်ပြီး ပြည်တွင်းမငြိမ်မသက်ဖြစ်အောင် လုပ်လာခဲ့ရင် အစိုးရမှာပဲ တာဝန်အပြည့်ရှိတယ်လို့ ပြောချင်တယ်” ဟု ဦးဝီရသူက ဆက်မိန့်ကြားသည်။
မဘသ အဖွဲ့အနေဖြင့် ရခိုင်ပြည်တွင် လက်ခံစောင့်ရှောက်ထားသော ဘင်္ဂါလီအရေးအား ဒေသခံရပ်မိ ရပ်ဖများနှင့်အတူ စောင့်ကြည့်လေ့လာနေကြောင်း မဘသ(အထက်မြန်မာပြည်) ထံက သိရသည်။
(ဇူလိုင်(၁) ရက်နေ့ထုတ် မန္တလေးအလင်း သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။) ပြည်သူလူထု ဒဏ်ခတ်မှုအား ရင်ဆိုင်ရမည်ဟု ဦးဝီရသူသတိပေး

(ဇူလိုင်(၁) ရက်နေ့ထုတ် မန္တလေးအလင်း သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။)
http://www.myanmarexpress.net/2015/07/blog-post_11.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment