Saturday, July 11, 2015

ကျောင်းသူ ၅၀၀အား ဆေးပေးမှားမှုဖြစ် ကျောင်းကျန်းမာရေးအစီအစဉ်ဖြင့်ပြုလုပ်သည့် ဆေးပေးမှုတွင် သံဓာတ်အားတိုးဆေး နှင့် ဆီးသွားသည့်ဆေးအား မှားပေးခဲ့သည့်အတွက်

10…7…2015

ကျောင်းသူ ၅၀၀အား ဆေးပေးမှားမှုဖြစ် ကျောင်းကျန်းမာရေးအစီအစဉ်ဖြင့်ပြုလုပ်သည့် ဆေးပေးမှုတွင် သံဓာတ်အားတိုးဆေး နှင့် ဆီးသွားသည့်ဆေးအား မှားပေးခဲ့သည့်အတွက် ယနေ့ ဗန်းမော်မြို့နယ် အထက(၂)မှ ကျောင်းသူများ အယောက် ၅၀၀ ကျော်ခန့် ဆီးသွားလွန်ပြီး အချို့ကျောင်းသူများ ဆေးရုံရောက်ခဲ့ကြောင်း သိရသည်။ သို့သော် ကျောင်းသူများအားလုံး ယခုအချိန် အခြေအနေ ကောင်းနေပြီဖြစ်ကြောင်း နှင့် စိုးရိမ်စရာ မလိုတော့ကြောင်းလည်းသိရသည်။ ယခုဖြစ်စဉ်မှာ ဗန်းမော်မြို့နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကိုလည်း ကော်မတီဖွဲ့ပြီး စစ်ဆေးနေကြောင်း သိရှိရသည်။ Kachin Waves

No comments: