Saturday, July 25, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပြီးသတ်နိုင်ရေး လာမည့်သြဂုတ်ပထမပတ်တွင် ဆက်လက်ဆွေးနွေးမည်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပြီးသတ်နိုင်ရေး လာမည့်သြဂုတ်ပထမပတ်တွင် ဆက်လက်ဆွေးနွေးမည် ================================================== တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အတွက် (၈)ကြိမ်မြောက် အစည်း အဝေး၏ တတိယနေ့ အစည်း အဝေးအဖြစ် ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) တို့သည် ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့ ရွှေလီ လမ်းရှိ MPC တွင် ဆက်လက်ပြုလုပ် ခဲ့သည်။ နှစ်ဖက်အဖွဲ့များ၏ သုံးရက်တာ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) တို့ ညှိနှိုင်းဆွေးနွေးခဲ့ကြ သည့် အစီအစဉ်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်- (၁)၂ဝ၁၅ ဇွန်လတွင်းက ပြုလုပ်ခဲ့သည့် လော်ခီးလာထိပ်သီး ညီလာခံမှပြင်ဆင်သည့် NCA စာချုပ်(မူကြမ်း)ပါ အချက်(၁၃)ချက် (၂) တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များ (၃)နိုင်ငံတကာနှင့် ပြည်တွင်း အသိသက်သေများ (၄) အားလုံးပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တို့ဖြစ်သည်။ အဆိုပါ ဆွေးနွေးခဲ့သည့် အချက်များအနက် လော်ခီးလာ ထိပ်သီးညီလာခံမှ ပြင်ဆင်သည့် NCA စာချုပ်(မူကြမ်း)ပါ အချက် (၁၃)ချက်အား သဘောတူညီမှု ရရှိ ခဲ့ပြီး နှစ်ဖက်အဖွဲ့ကြေညာချက် တစ်စောင် ထုတ်ပြန်နိုင်ခဲ့သည်။ ဆွေးနွေးထားရှိခဲ့သည့် နံပါတ် (၂)၊ (၃)၊ (၄)တို့အား နှစ်ဖက်ခေါင်း ဆောင်အသီးသီးထံတင်ပြ၍NCA နောက်ဆုံး အချောသပ်စာချုပ် ချုပ်ဆို သွားနိုင်ရေးအတွက် လာမည့် သြဂုတ်လ ပထမပတ်တွင် MPC ၌ပင် ဆက်လက်ပြုလုပ်သွား မည်ဖြစ်သည်။ ဇူလိုင် ၂၄ ရက်အထိ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတွက် WPWC နှင့် SD တို့၏ဆွေးနွေးပွဲ အပြီး ဆွေးနွေးပွဲ၏ နောက်ဆုံးရလဒ် များနှင့် ပတ်သက်၍ နှစ်ဖက်ခေါင်း ဆောင်များ၏ ပြောကြားမှုများအား ဖော်ပြအပ်ပါသည်- ဦးလှမောင်ရွှေ MPC အထူးအကြံပေး ဒီနေ့မှာတော့ (၈)ကြိမ်မြောက် အစည်းဝေးပွဲအစီစဉ်ရဲ့ ကျန်ရှိနေတဲ့ အစီအစဉ် (၃)ခုဖြစ်တဲ့ လက်မှတ် ရေးထိုးမယ့် သက်သေအဖွဲ့အစည်း များ၊ တိုင်းရင်းသားတွေဘက်က လက်မှတ်ရေးထိုးမယ့် သူများနဲ့ အထွေထွေဆိုပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲပြီးတဲ့အချိန်မှာ ကြေညာ ချက်တစ်ခုကို ထုတ်ပြန်နိုင်ခဲ့ပါ တယ်။ ကြေညာချက်က နှစ်ဖက် ခေါင်းဆောင်အသီးသီးကို ပြန်လည် ညှိနှိုင်းပြီးရင် သြဂုတ်လ ပထမပတ် မှာ ရန်ကုန်မှာရှိတဲ့ မြန်မာငြိမ်းချမ်း ရေးစင်တာမှာပဲ အချောသပ်ကို ပြန်ပြီးတော့ နောက်ဆုံးဆောင် ရွက်နိုင်ဖို့ဆိုတဲ့ဟာကို နှစ်ဖက် ခေါင်းဆောင်တွေက ဒီနေ့ သဘောတူပါတယ်။ လော်ခီးလာမှာ အဆိုပြုတဲ့ (၁၃)ချက်မှာ (၁ဝ) ချက်ကတော့ လုံးဝသဘောတူပြီးသား ညှိနှိုင်းပြီး သား ဖြစ်သွားပါပြီ။ နှစ်ချက်ကတော့ နှစ်ဖက်ခေါင်းဆောင်တွေ အတည်ပြု ရင် ပြီးစီးမှာပါ။ ကျန်တဲ့တစ်ချက် ကတော့ နှစ်ဖက်ခေါင်းဆောင်တွေ ဆီမှာ သဘောထားယူပြီး ညှိနှိုင်း ရမှာဖြစ်တဲ့အတွက် လာမယ့်အစည်း အဝေးဟာ အဲ့ဒီတစ်ချက်ပဲ ညှိနှိုင်း ရမယ့် သဘောမျိုးပြောရင်လည်း ရပါတယ်။ အစိုးရဘက်က အားလုံးပါဝင် ရေးကို လက်မခံတာမျိုးမဟုတ်ဘူး။ လက်တွေ့ဆန်ဆန်NCA ကို ထိုးပြီး တာနဲ့ အားလုံးအကျိုးသက်ရောက်ပြီး စောင့်ထိန်းလိုက်နာနိုင်တဲ့ အဖွဲ့ အစည်းမျိုးနဲ့ ပထမစထိုးမယ်ဆိုတဲ့ သဘောမျိုးလို့ပဲ ကျွန်တော်နားလည် ထားတယ်။ ‘ဒါကိုလည်း နှစ်ဖက် ခေါင်းဆောင်တွေ နည်းလမ်းရှာဖို့ လိုတယ်လို့ ဝန်ကြီးဦးအောင်မင်းက အကြိမ်ကြိမ် ပြောပြီးပါပြီ။ ပူးဇင်ကျုံး အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့ SD၏ ဒုတိယအဖွဲ့ခေါင်းဆောင်(၂) အားလုံး ပါဝင်နိုင်ရေးမှာ ကျွန်တော်တို့ တိုင်းရင်းသားဘက်က တင်ပြတဲ့ NCCT အဖွဲ့ဝင်(၁၆) ဖွဲ့ အပြင်ABSDFအပါအဝင် (၁၇) ဖွဲ့ အနည်းဆုံးပါဝင်နိုင်ရေးကို တင်ပြထားတာပါ။ ကျွန်တော်တို့ NCCT ထဲမှာပါဝင်တဲ့ အဖွဲ့ဝင်တွေ အားလုံး အတူတကွလက်မှတ်ထိုးဖို့ ကျွန်တော်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်ရေးကို စဉ်းစား ပေးမယ်ဆိုတာကို ဒီနေ့ဆွေးနွေး တာရှိပါတယ်။ ဒီကိစ္စက မပြီးပြတ် သေးဘူး။ UPWCအနေနဲ့ သမ္မတ ကြီးဆီမှာ သော်လည်းကောင်း၊ UPCC မှာ သော်လည်းကောင်း တင်ပြဖို့ရှိမှာဖြစ်သလို ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများကလည်းပဲ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်တွေရှိတဲ့ စင်တာကို ယူသွားပါမယ်။ ဒါတွေကို ပြန်လည် ပြီးတော့မှ ဆွေးနွေးမှာ ဖြစ်ပါတယ်။ NCA ကို နောက်လာမယ့် အစည်းအဝေးမှာတော့ အပြီး ဖြတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သိပ်မကျန်တော့ပါဘူး။ (၁၃)ချက် ကျွန်တော်တို့တင်တဲ့ နေရာမှာ ကျွန်တော်တို့ (၁ဝ)ချက် စာချော ပြီးသွားပါပြီ။ ကျန်တဲ့ (၃) ချက်က လည်း ညှိနှိုင်းပြီးတော့မှ အထက် တာဝန်ရှိတဲ့သူတွေဆီကို ပြန်ပြီး ညှိနှိုင်းမဲ့အနေအထားမျိုး ရှိပါ တယ်။ နောက်တစ်ကြိမ်မှာတော့ ကျွန်တော်တို့ ‘ဒါကို အပြီးသတ်နိုင် လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆ ပါတယ်။ ထိုနည်းလည်းကောင်း ကျွန်တော်တို့ရဲ့ လက်မှတ်ရေးထိုး မယ့်သူများ၊ နောက်ပြီးNCA ကို ဘယ်အဖွဲ့အစည်းတွေကနေပြီး လက်မှတ်ထိုးမယ်ဆိုတဲ့ကိစ္စ၊ ဘယ် နိုင်ငံတွေ အသိသက်သေပါဝင်မယ် ဆိုတဲ့ကိစ္စတွေကိုတော့ လာမယ့် အစည်းအဝေးမှာ အဆုံးသတ်နိုင် လိမ့်မယ်လို့ ယူဆပါတယ်။ တကယ် လို့များ အဆုံးသတ်နိုင်မယ်ဆိုရင် ဘယ်နေ့ဘယ်အချိန်မှာ လက်မှတ် ထိုးကြမယ်ဆိုတဲ့ကိစ္စကို ဆက် ဆွေးနွေးဖို့ ဖြစ်ပါလိမ့်မယ်။ ဆွေးနွေးဖို့ NCA မူကြမ်းထဲမှာ အဓိက ကျန်တဲ့ကိစ္စက လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လို့ခေါ်တဲ့ SSR နဲ့ DDR ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ စုစည်းထားတဲ့ စင်တာကို ယူသွားပြီး ဒီကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေအားလုံးကတော့ အဆင်သင့် ဖြစ်နေပါပြီ။ တိုင်းရင်းသားဘက်က ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။NCA လက်မှတ်ရေးထိုးဖို့အတွက် အဆင်သင့်ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ‘ဒါဟာ ၂ဝ၁၃ လိုင်ဇာ ညီလာခံမှာကတည်းကပါ။ ပဒိုစောကွယ်ထူးဝင်း အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့(SD)အဖွဲ့ဝင် အခုဆွေးနွေးပွဲက မတ်လ ၃၁ ရက်နေ့ကရလာတဲ့ NCA အတည်ပြု မူကြမ်းကို လော်ခီးလာမှာ ပြင်ဆင် ဖြည့်စွက်ပယ်ဖျက်ပြီး ပြန်ဆွေးနွေး တယ်။ (၁ဝ)ချက်ကတော့ အချော သပ်ပြီး သဘောတူနိုင်ခဲ့တယ်။ (၂) ချက်ကတော့ မူအရတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်ခံပြီးပြီ။ ‘ဒါပေမယ့် သဘောတူ နိုင်ဖို့ ကျွန်တော်တို့ အထက် ခေါင်းဆောင်တွေကို ပြန်တင်ပြမှာ ဖြစ်တယ်။ တစ်ချက်ကတော့ နိုင်ငံ တော်အစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြန်သုံးသပ်မယ့် အချက်ဖြစ်တယ်။ မူအရတော့ ကျွန်တော်တို့ လက်ခံ ထားတယ်။ ဒါပေမယ့် သဘောတူညီ မှုရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ ခေါင်းဆောင်တွေကိုပြန်ပြီး တင်ပြ ရမှာ ဖြစ်ပါတယ်။ စာချုပ်အပေါ်မှာ မူတည်ပြီး အကုန်လုံးပြေလည်သွား ပြီး အချောသပ်နိုင်လို့ရှိရင်တော့ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ရမှာပေါ့။ နောက်တစ်ဆင့် တက်ရင် ဘယ်အဖွဲ့အစည်းက လက်မှတ်ရေးထိုးမလဲ၊ ဘယ်သူတွေ က လက်မှတ်ရေးထိုးမလဲဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ဆက်ဆွေးနွေး ရမှာပေါ့။ အပစ်အခတ်ရပ်စဲရေး သဘော တူ စာချုပ်ရရှိပြီလို့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ နှစ်ချက်၊ သုံး ချက် ကျန်သေးတာကိုး။ ထိုးဖို့တော့ အဖွဲ့တွေ အဆင်သင့်ဖြစ်ပြီ။ အဲ့ဒီ စာချုပ်က အဆင်သင့်မဖြစ်ဘူးဆို ထိုးလို့မရဘူး။ ထိုးဖို့ကိုလည်း တိုင်းရင်းသားဘက်က အကုန်လုံး ပါဝင်ရေးမူကို လက်ခံထားတယ်။ အနည်းဆုံးကNCCTမှာပါလာတဲ့ ၁၆ ဖွဲ့ပေါ့။ အစိုးရဘက်ကလည်း သူ့ရဲ့မူနဲ့ သူလုပ်နေတယ်။ ကျွန်တော် တို့ တိုင်းပြည်ရဲ့တစ်ပြည်လုံး အပစ် အခတ်ရပ်စဲရေးလှုပ်ရှားမှုကို အစ ကနေအဆုံးထိ လေ့လာကြည့်ပါ။ ပထမအစိုးရက ဖိတ်ခေါ်တယ်။ တစ်ဖွဲ့ချင်းကနေ လက်မှတ်ရေးထိုး တယ်။ တိုင်းရင်းသားက တောင်းဆို တော့ တိုင်းရင်းသားလက်နက်ကိုင် ညီလာခံဖြစ်လာတယ်။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး တောင်းဆို တယ်။ အစိုးရမူနဲ့ ကျွန်တော်တို့မူကို ညှိနှိုင်းပြီး နှစ်ဖက်လက်ခံနိုင်တဲ့ လက်တွေ့ကျတဲ့အဖြေကို ရှာသွားဖို့ သဘောထား နှစ်ဖက်စလုံးမှာ ရှိတယ်။ သတင်း-ရဲခေါင်ညွှန့် မြတ်သန္တာမောင် ဓာတ်ပုံ -ဖိုးထောင်

No comments: