Wednesday, July 22, 2015

ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည့်သတင်းမှာ မှန်ကုန်မှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား ===============================

ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည့်သတင်းမှာ မှန်ကုန်မှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား =============================================== နေပြည်တော် ဇူလိုင် ၂၁ ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင်မှ အသက် ၆ဝပြည့် မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ဇူလိုင် ၁၇ ရက် ညနေပိုင်းက BBC မြန်မာသတင်းဌာနမှMr. Jonah Fisher ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ့တပ်မတော်၏ပြုပြင်ပြောင်းလဲမှုအခြေအနေ မေးမြန်းမှုနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်ကို Professional တပ်မတော်(Standard Army) ဖြစ်အောင် ပြောင်းလဲမှုများလုပ်ဆောင်နေပါ ကြောင်း၊ ပြီးပြည့်စုံသည့် စွမ်းရည်ရှိသောတပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေပါကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်ရန် လိုအပ်သည်ဟုယုံကြည်ပါသလား မေးမြန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရရှိခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ နိုင်ငံတော်၏သမိုင်းတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုများသည် မည်သို့မျှ ခွဲခြား၍မရနိုင်သည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးရောက်ရှိလာစေရန် တပ်မတော်သည် ပြည်သူနှင့်ပူးပေါင်းပြီး အသက်သွေးချွေးများစွာရင်းနှီး၍ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရန်၊ နိုင်ငံ၏အချုပ်အခြာ အာဏာနှင့် နိုင်ငံ၏ပိုင်နက်နယ်မြေမထိပါးစေရန် လုပ်ဆောင်ခဲ့ရပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် တပ်မတော်သားများ၏ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ထားရှိမှုအခြေအနေမှ ယိမ်းယိုင်သွားစေမည့်ကိစ္စရပ်များကို တပ်မတော်အနေဖြင့် မည်သို့မျှ လက်ခံနိုင် သည့်အခြေအနေမရှိပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်အခြေအနေကို တည်ငြိမ်အေးချမ်းသည့်အဆင့်ထိ ရောက်ရှိ အောင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ နံပါတ်တစ်ဆန္ဒမှာ ထာဝရငြိမ်းချမ်းရေး ရရှိလိုခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေချိန်ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုချင်သည့် စိတ်ရှိရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အမှန် တကယ်လျှောက်လှမ်းလိုသည့် ဆန္ဒရှိရန်လည်း လိုအပ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုရှိရ မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ¤င်းတို့လိုချင်သည့် လိုလားချက်များနှင့် ရရှိထားသည့်အခွင့်အရေးများကို ဥပဒေနှင့်အညီ လုပ်ကိုင်သွားမည်ဆိုလျှင် ငြိမ်းချမ်းရေးကိစ္စရပ်များသည် ရှောရှောရှူရှူနှင့် ဖြစ်မြောက်သွားမည်ဖြစ်ပါ ကြောင်း ထည့်သွင်းပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ မပြီးစီးဘဲ ကျန်ရှိနေမည်ဆိုလျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်များမှ ပြန်လည် ထွက်ခွာမည့်အစီအစဉ် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်းလားဟု မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အခက်အခဲရှိနေပါသေးကြောင်း၊ ပြည်သူလူထုအပေါ် အာမခံ ချက်မရှိသေးဘဲ မိမိတို့တိုင်းပြည်ကို ယခုကဲ့သို့ ပြဿနာပေါင်းများစွာနှင့် ဖြေရှင်းနေရဦးမည်ဆိုလျှင် မည်သို့မျှ မဖြစ် နိုင်သေးပါကြောင်း၊ ငြိမ်းချမ်းရေးရမှသာ တစ်ဖက်တွင်လည်း တိုင်းရင်းသားများအရေးနှင့်ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာ များစွာရှိနေသေးပါကြောင်း၊ ၎င်းတို့ကို အေးအေးချမ်းချမ်းနှင့် စည်းကမ်းတကျဖြစ်လာရန် လိုအပ်ကြောင်း၊ ၎င်းတို့မှာ မိမိတို့ကျော်ဖြတ်ရမည့်ကိစ္စများဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားသည်။ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့်ရွေးကောက်ပွဲတွင် မည်ကဲ့သို့ အဖြေထွက်ပေါ်လာသည်ဖြစ်စေ လက်ခံလေးစားမှုပြုနိုင်ခြင်း ရှိ/မရှိ မေးမြန်းမှုနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်မှုနှင့် မျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ထားပါကြောင်း၊ မိမိတို့ဆန္ဒမှာလည်း ¤င်းအတိုင်းပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဖြစ်အောင်လည်း မိမိတို့တပ်မတော်က ကူညီဆောင်ရွက်ပေးနိုင်သည့် အခန်းကဏ္ဍများ၌ ပါဝင်ဆောင်ရွက် ပေးနိုင်ရန် ဆုံးဖြတ်ထားပါကြောင်း၊ မည်သူအနိုင်ရသည်ဖြစ်စေ တရားနည်းလမ်းကျစွာဖြင့် ရရှိလာသည့် ရလဒ်မှန် သမျှကို လက်ခံမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။ ထို့ပြင် ရခိုင်ပြည်နယ်အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂါလီလူမျိုးများမှာ ဗြိတိသျှတို့၏ ကိုလိုနီဖြစ်ခဲ့ချိန်က မြန်မာနိုင်ငံတွင် လယ်ကူလီလုပ်ကိုင်ရန် ရခိုင်ဒေသသို့ ခေါ်ဆောင်လာခဲ့ခြင်းသည် အများဆုံးဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပေါက်ဖွားလာမှုများလည်း များစွာရှိနေပြီဖြစ် ပါကြောင်း၊ မိမိတို့တိုင်းရင်းသားများ မဟုတ်သည့်အတွက် တိုင်းရင်းသားများကဲ့သို့ အခွင့်အရေး မရရှိနိုင်ပါကြောင်း၊ သို့ရာတွင် လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ဥပဒေနှင့်အညီ မိမိတို့ကစောင့်ရှောက်ပေးရမည့် လုပ်ငန်းများ ရှိမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းရမည်ဖြစ်ပါကြောင်း ထည့်သွင်းဖြေကြားသည်။ ယခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူမည်ဟု သတင်းထွက်ပေါ်နေမှုနှင့် သမ္မတတာဝန်ထမ်းဆောင်ရန် တောင်းဆိုလာမည်ဆိုလျှင် ထမ်းဆောင်ရန် ဆန္ဒရှိပါသလားဟု မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည်မှာမဟုတ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ်မှသာ မိမိအသက် ၆ဝ နှစ်ပြည့်မည် ဖြစ်ကြောင်း၊ တပ်မတော်သားများသည် တိုင်းပြည်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်ရမည်ဆိုသည့် သစ္စာ အဓိဋ္ဌာန်ဆိုထားသူများဖြစ်၍ လိုအပ်လာပါက မည်သည့်တာဝန်ပေးအပ်သည်ဖြစ်စေ ထမ်းဆောင်ရမည့် တာဝန်ရှိပါ ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။ (သတင်းစဉ်) ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည့်သတင်းမှာ မှန်ကုန်မှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား =============================================== နေပြည်တော် ဇူလိုင် ၂၁ ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင်မှ အသက် ၆ဝပြည့် မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ဇူလိုင် ၁၇ ရက် ညနေပိုင်းက BBC မြန်မာသတင်းဌာနမှMr. Jonah Fisher ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ့တပ်မတော်၏ပြုပြင်ပြောင်းလဲမှုအခြေအနေ မေးမြန်းမှုနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်ကို Professional တပ်မတော်(Standard Army) ဖြစ်အောင် ပြောင်းလဲမှုများလုပ်ဆောင်နေပါ ကြောင်း၊ ပြီးပြည့်စုံသည့် စွမ်းရည်ရှိသောတပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေပါကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်ရန် လိုအပ်သည်ဟုယုံကြည်ပါသလား မေးမြန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရရှိခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ နိုင်ငံတော်၏သမိုင်းတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုများသည် မည်သို့မျှ ခွဲခြား၍မရနိုင်သည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးရောက်ရှိလာစေရန် တပ်မတော်သည် ပြည်သူနှင့်ပူးပေါင်းပြီး အသက်သွေးချွေးများစွာရင်းနှီး၍ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရန်၊ နိုင်ငံ၏အချုပ်အခြာ အာဏာနှင့် နိုင်ငံ၏ပိုင်နက်နယ်မြေမထိပါးစေရန် လုပ်ဆောင်ခဲ့ရပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် တပ်မတော်သားများ၏ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ထားရှိမှုအခြေအနေမှ ယိမ်းယိုင်သွားစေမည့်ကိစ္စရပ်များကို တပ်မတော်အနေဖြင့် မည်သို့မျှ လက်ခံနိုင် သည့်အခြေအနေမရှိပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်အခြေအနေကို တည်ငြိမ်အေးချမ်းသည့်အဆင့်ထိ ရောက်ရှိ အောင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ နံပါတ်တစ်ဆန္ဒမှာ ထာဝရငြိမ်းချမ်းရေး ရရှိလိုခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေချိန်ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုချင်သည့် စိတ်ရှိရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အမှန် တကယ်လျှောက်လှမ်းလိုသည့် ဆန္ဒရှိရန်လည်း လိုအပ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုရှိရ မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ¤င်းတို့လိုချင်သည့် လိုလားချက်များနှင့် ရရှိထားသည့်အခွင့်အရေးများကို ဥပဒေနှင့်အညီ လုပ်ကိုင်သွားမည်ဆိုလျှင် ငြိမ်းချမ်းရေးကိစ္စရပ်များသည် ရှောရှောရှူရှူနှင့် ဖြစ်မြောက်သွားမည်ဖြစ်ပါ ကြောင်း ထည့်သွင်းပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ မပြီးစီးဘဲ ကျန်ရှိနေမည်ဆိုလျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်များမှ ပြန်လည် ထွက်ခွာမည့်အစီအစဉ် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်းလားဟု မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အခက်အခဲရှိနေပါသေးကြောင်း၊ ပြည်သူလူထုအပေါ် အာမခံ ချက်မရှိသေးဘဲ မိမိတို့တိုင်းပြည်ကို ယခုကဲ့သို့ ပြဿနာပေါင်းများစွာနှင့် ဖြေရှင်းနေရဦးမည်ဆိုလျှင် မည်သို့မျှ မဖြစ် နိုင်သေးပါကြောင်း၊ ငြိမ်းချမ်းရေးရမှသာ တစ်ဖက်တွင်လည်း တိုင်းရင်းသားများအရေးနှင့်ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာ များစွာရှိနေသေးပါကြောင်း၊ ၎င်းတို့ကို အေးအေးချမ်းချမ်းနှင့် စည်းကမ်းတကျဖြစ်လာရန် လိုအပ်ကြောင်း၊ ၎င်းတို့မှာ မိမိတို့ကျော်ဖြတ်ရမည့်ကိစ္စများဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားသည်။ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့်ရွေးကောက်ပွဲတွင် မည်ကဲ့သို့ အဖြေထွက်ပေါ်လာသည်ဖြစ်စေ လက်ခံလေးစားမှုပြုနိုင်ခြင်း ရှိ/မရှိ မေးမြန်းမှုနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်မှုနှင့် မျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ထားပါကြောင်း၊ မိမိတို့ဆန္ဒမှာလည်း ¤င်းအတိုင်းပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဖြစ်အောင်လည်း မိမိတို့တပ်မတော်က ကူညီဆောင်ရွက်ပေးနိုင်သည့် အခန်းကဏ္ဍများ၌ ပါဝင်ဆောင်ရွက် ပေးနိုင်ရန် ဆုံးဖြတ်ထားပါကြောင်း၊ မည်သူအနိုင်ရသည်ဖြစ်စေ တရားနည်းလမ်းကျစွာဖြင့် ရရှိလာသည့် ရလဒ်မှန် သမျှကို လက်ခံမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။ ထို့ပြင် ရခိုင်ပြည်နယ်အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂါလီလူမျိုးများမှာ ဗြိတိသျှတို့၏ ကိုလိုနီဖြစ်ခဲ့ချိန်က မြန်မာနိုင်ငံတွင် လယ်ကူလီလုပ်ကိုင်ရန် ရခိုင်ဒေသသို့ ခေါ်ဆောင်လာခဲ့ခြင်းသည် အများဆုံးဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပေါက်ဖွားလာမှုများလည်း များစွာရှိနေပြီဖြစ် ပါကြောင်း၊ မိမိတို့တိုင်းရင်းသားများ မဟုတ်သည့်အတွက် တိုင်းရင်းသားများကဲ့သို့ အခွင့်အရေး မရရှိနိုင်ပါကြောင်း၊ သို့ရာတွင် လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ဥပဒေနှင့်အညီ မိမိတို့ကစောင့်ရှောက်ပေးရမည့် လုပ်ငန်းများ ရှိမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းရမည်ဖြစ်ပါကြောင်း ထည့်သွင်းဖြေကြားသည်။ ယခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူမည်ဟု သတင်းထွက်ပေါ်နေမှုနှင့် သမ္မတတာဝန်ထမ်းဆောင်ရန် တောင်းဆိုလာမည်ဆိုလျှင် ထမ်းဆောင်ရန် ဆန္ဒရှိပါသလားဟု မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည်မှာမဟုတ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ်မှသာ မိမိအသက် ၆ဝ နှစ်ပြည့်မည် ဖြစ်ကြောင်း၊ တပ်မတော်သားများသည် တိုင်းပြည်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်ရမည်ဆိုသည့် သစ္စာ အဓိဋ္ဌာန်ဆိုထားသူများဖြစ်၍ လိုအပ်လာပါက မည်သည့်တာဝန်ပေးအပ်သည်ဖြစ်စေ ထမ်းဆောင်ရမည့် တာဝန်ရှိပါ ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။ (သတင်းစဉ်)

No comments: