အိန္ဒိယအစိုးရတပ်နှင့်
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ မိမိနိုင်ငံနယ်နိမိတ်အတွင်း
တိုက်ပွဲဖြစ်ပွားခဲ့သည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းမှန်
ပြန်ကြားရေးအဖွဲ့က သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံနယ်စပ်တွင်
သြဂုတ်လ ၁၉ ရက်နေ့က အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ
NSCN(K) တို့ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယအစိုးရတပ်က ထိခိုက်
အကျအဆုံးများကြောင်း၊ အနည်းဆုံးလူ ၃၀ ခန့်ရှိသည့် အိန္ဒိယ အစိုးရတပ်များက
မြန်မာနိုင်ငံ ဧရိယာအတွင်းထိ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊
အိန္ဒိယအစိုးရတပ်ဖွဲ့များသည် လေထီးတပ်သား ၁၂ ဦးကို အရင်ဝင်ရောက်ပြီးမှ
ကျန်မြေပြင်တပ်က မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာကြောင်း စသည့်ဖြင့်
အိန္ဒိယအစိုးရ၏တပ်က မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း စစ်ဆင်းရေးတစ်ခု
ပြုလုပ်ခဲ့သည်ဟု နာဂတပ်ဖွဲ့ကထုတ်ပြန်သည့် သတင်းဇစ်မြစ်ကို ကိုးကား၍
ပြည်တွင်း အင်တာနက်သတင်းနှင့် အိန္ဒိယသတင်းမီဒီယာအချို့က ရေးသား
ဖော်ပြခဲ့သည်ကို စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြေပြင်
သတင်းစိစစ်ချက်များအရ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ ၉
နာရီအထိ NSCN(K) အဖွဲ့နှင့် NSCN(IM) အဖွဲ့တို့ မြန်မာ-အိန္ဒိယ
နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မှတ်တိုင်အမှတ် ၁၅၁ ၏ အနောက်ဘက် ၁
မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံအတွင်း လက်နက်ကြီး၊ လက်နက်ငယ်
ပစ်ခတ်သံများကြားရသည်။ ရွှေလောကျေးရွာ ခန့်မှန်း မြေပုံညွှန်း (GE-၁၄၈၃၆၀)
အုပ်ချုပ်ရေးမှူးက ယမ်းကြုံးကျေးရွာ ခန့်မှန်း မြေပုံညွှန်း (GE-၂၅၇၄၁၅) ရှိ
တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးပို့ခဲ့သည်။ သတင်းရရှိလျှင် ရရှိခြင်း
နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး ကျယ်ပြန့်စွာ လှုပ်ရှားနေသည့် တပ်မတော်
စစ်ကြောင်းများမှလည်း မိမိနယ်မြေအလိုက် တစ်ဖက်နိုင်ငံမှ လက်နက်ကိုင်
အဖွဲ့အစည်းများ ၀င်ရောက်လာမှုမရှိစေရေး ပိတ်ဆို့ထားပြီး
စောင့်ကြည့်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့်
အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်၍ မိမိနိုင်ငံကို အခြေပြုကာ
တစ်ဖက်နိုင်ငံအစိုးရကို နှောင့်ယှက်ဖျက်ဆီးသည့် မည်သည့်လက်နက်ကိုင်
အဖွဲ့အစည်းကိုမဆို နယ်မြေအသုံးချခွင့် မပြုကြောင်း၊ အားမပေးကြောင်း၊
လက်မခံကြောင်းတို့အား နှစ်နိုင်ငံ တပ်မတော် ခေါင်းဆောင်များ
အချင်းချင်းတွေ့ဆုံ ဆွေးနွေးစဉ်တိုင်းတွင် အလေးအနက်ထား ပြောကြားထားသည်။
၎င်းအပြင်
မြန်မာ့တပ်မတော်အနေဖြင့်လည်း နှစ်နိုင်ငံတပ်မတော် အချင်းချင်း နယ်စပ်
တပ်စခန်းအဆင့် ဆွေးနွေးပွဲများ ပြုလုပ်၍ တပ်မတော်အချင်းချင်း
မိမိနယ်မြေအလိုက် အပြိုင်ကင်းလှည့်ခြင်း၊ သတင်းဖလှယ်၍ အထောက်အကူပြု
ဆောင်ရွက်ခြင်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်သတင်းမှန်
ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
The Ladies News
No comments:
Post a Comment