ပုသိမ်၊ သြဂုတ် လ၂၂
သတ်မှတ်သည့်
စံချိန်စံညွှန်း မညီသော အရက်ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများက
ပြည်သူတို့၏ ကျန်းမာရေးနှင့် လူမှုအခြေအနေများကို ထိခိုက်စေမည်ဆိုပါက
မည်သို့မှ လက်မခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
မန်းဂျော်နီက သြဂုတ် ၂၂ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က နယ်ပယ်အသီးသီးရှိ
ရေဘေးအလျူရှင်များနှင့် တွေ့ဆုံကာ ကျေးဇူးတင်စကား ပြောကြားသည့်
အခမ်းအနားတွင် ပြောကြားခဲ့ သည်။
အဆိုပါ
အခမ်းအနားတွင် ကျားမင်းကြီး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မိမိတို့အနေဖြင့်
ရေဘေးကိစ္စ ကူညီဆောင်ရွက်ခြင်းသာမက လူမှူရေး ကျန်းမာရေးကိစ္စများ
မြင့်မားရေးတို့ကိုလည်း ဆောင်ရွက်နေကြောင်း၊ ယခင်နှစ် ရေကြီးစဉ်ကလည်း
အကူအညီများ ပေးခဲ့ကြောင်း ၊ညောင် တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင်
အရက်စက်ရုံ ၂ရုံ ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊
ယခုအခါ တွင်လည်း ညောင်တုန်းမြို့နယ် တွင် အကူအညီများ ပေးထားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်ရှိကြောင်း ထို့ကြောင့် တိုင်းအစိုးရအနေဖြင့်
မိမိတို့ ကုမ္ပဏီကို လက်ခံ၍ လက်တွဲပါရန် ပြောကြားမှုအပေါ် ၀န်ကြီးချုပ်က ပြန်လည်ရှင်းလင်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တွင်လည်း ညောင်တုန်းမြို့နယ် တွင် အကူအညီများ ပေးထားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်ရှိကြောင်း ထို့ကြောင့် တိုင်းအစိုးရအနေဖြင့်
မိမိတို့ ကုမ္ပဏီကို လက်ခံ၍ လက်တွဲပါရန် ပြောကြားမှုအပေါ် ၀န်ကြီးချုပ်က ပြန်လည်ရှင်းလင်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“လက်တွဲဖို့ဆိုတာမှာ
မြန်မာနိုင်ငံသား အားလုံးနဲ့ လက်တွဲဖို့ အဆင်သင့်ပါပဲ ၊ခုနက ပြောတာမှာ
ကျန်းမာရေးဆိုတဲ့ စကားလုံး ပါသွားပါတယ် ၊ဒီ အရက်ချက်စက်ရုံနဲ့ ပတ်သက်ပြီး
စိတ်ထဲခံစား ရပါတယ် ၊ အရက်ချက် စက်ရုံအနေနဲ့ စံချိန်စံညွှန်းနဲ့အညီ
ထုတ်လုပ်တာလား စဉ်းစားရမယ်၊ဒုတိယအနေနဲ့ အရက်ချက်စက်ရုံက ထုတ်လုပ်လိုက်တဲ့
အညစ်အကြေးတွေဟာ ပြည်သူလူထုကို ဒုက္ခပေးမယ်ဆိုရင် လက်မခံနိုင်ဘူး အဲဒါ
ပွင့်ပွင့်လင်းလင်းပြောတာ” ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်
မန်းဂျော်နီ ပြောကြားသည်။
ထိုင်းနိုင်ငံသို့
ရောက်ခဲ့စဉ်က စွန့်ပစ်ရေများကို သန့်စင်ရေဖြစ်သည့်အထိ ဆောင်ရွက်သည်ကို
တွေ့ရှိရကြောင်း ၊ အစိုးရအနေဖြင့် စည်းကမ်း ဥပဒေနှင့်အညီ လုပ်စေခြင်းဖြစ်ကာ
ပိတ်ပင်ခြင်း မဟုတ်ကြောင်း ၊ သဘာဝနဲ့ ဘေးပတ်ဝန်းကျင်ကို ဒုက္ခဖြစ်စေမည့်
အညစ်အကြေးများကို မူနှင့် စည်းကမ်းနှင့်အညီ စစ်ဆေးသွားမည်ဖြစ်ကြောင်းကို
ကြိုတင်သတိပေးကြောင်း ၀န်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သော
ဇွန်လိုင်လ ၂၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ထုတ်လုပ်မှုပမာဏ
အကြီးမားဆုံးဖြစ်သော မြန်အောင်မြို့နယ် မြစ်ကျိုးကျေးရွာ အုပ်စု
မာလကာကုန်းကျေးရွာရှိ" ရောင်နီ" အရက်ချက် စက်ရုံအား တိုင်းဒေသကြီး အစိုးရမှ
တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ ရေသိုးများကို သန့်စင်မှု မလုပ်ဘဲ
ချောင်းမြောင်းထဲသို့ စွန့်ပစ်နေသည် တွေ့ရှိရသဖြင့် လည်ပတ်ထုတ်လုပ်မှုအား
ရပ်တန့်ထားရန်အတွက် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ သိရှိရသည်။
မောင်မျိုးထက်(ပုသိမ်)
No comments:
Post a Comment