ပဲခူး၊ သြဂုတ်၂၂
ပဲခူးတိုင်းဒေသကြီး
ဝေါမြို့နယ် ဖိုးဦးစိန်ကျေးရွာ စိန်ဘုန်းဆင့်ဘုရားအနီး နေထိုင်သည့်
ရပ်မိရပ်ရပ်ဖတစ်ဦးက ကျေးရွာလမ်းမြေနှင့် ပလပ်မြေကို ကျုးကျော်ကာ
ခြံစည်းရိုးခတ်ထားသဖြင့် ဒေသခံများသွားလာရေး ခက်ခဲနေသောကြောင့်
ဝန်ကြီးချုပ်ထံ သြဂုတ်ဒုတိယပတ်တွင် တိုင်ကြားထားကြောင်း ဒေသခံများထံမှ
သိရသည်။
“လမ်းပိတ်ထားတော့
ရွာသူရွာသားတွေ ဝင်ထွက်သွားလာလို့မရတဲ့အပြင် လှည်းနဲ့ကောက်လှိုင်းသယ်မယ်။
ကုန်ပစ္စည်းသယ်မယ်ဆိုလည်းအဆင်မပြေဘူး။ ခြံပိုင်ရှင်ရဲ့ မြေကို
ပြန်လည်တိုင်းတာ စစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ထံ တိုင်ကြားရတာပါ”ဟု
ဦးဆောင်တိုင်ကြားသူတစ်ဦးက ပြောသည်။
ရပ်မိရပ်ဖ
ဦးမြင့်ဝေက ပလပ်မြေအဖြစ်သတ်မှတ်ထားသော မြေနေရာကို
လွန်ခဲ့သောနှစ်များကတည်းက ခြံစည်းရိုးခတ်သဖြင့် ကျေးရွာနေသူများ
သွားလာရေးခက်ခဲခဲ့ကြောင်း၊ ယင်းအပြင် ကျေးရွာသားတစ်ဦး၏ နေအိမ်ခြံ
ထွက်ပေါက်ကိုပါ ပိတ်ဆို့ထားခြင်းကြောင့် ယင်းခြံဝင်းကို မြေစာရင်းဌာနက
ပြန်လည် တိုင်းတာ စစ်ဆေးပေးစေလိုကြောင်း တိုင်ကြားစာတွင် ဖော်ပြထားချက်အရ
သိရသည်။
လူမှုကွန်ရက်မှာ
ပြန့်နေပေမယ့် တိုင်စာက ကျွန်မဆီကို မရောက်သေးဘူး။ တိုင်စာရောက်တာနဲ့
သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ညှိနှိုင်းပြီး ပြေလည်အောင်
ဖြေရှင်းပေးသွားမှာပါ”ဟု ဝေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ရီရီထိုက်က ပြောကြားသည်။
ကျေးရွာပိုင်
လမ်းမြေနှင့်ပလပ်မြေကို ကျူးကျော်ခြံစည်းရိုးခတ်သည်ဟုဆိုကာ ဒေသခံများက
လက်မှတ်ရေးထိုး တိုင်ကြားမှုနှင့်ပတ်သက်ပြီး သြဂုတ်တတိယအပတ်မှစတင်ကာ
မြေယာစီမံခန့်ခွဲမှုကော်မရှင်က ဦးဆောင်သည့် ကော်မတီတစ်ရပ်ဖွဲ့ စည်းကာ
စုံစမ်းစစ်ဆေးနေကြောင်း ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က
ပြောကြားသည်။
တိုင်းကြားခံရသူ
ဦးမြင့်ဝေထံသို့ The Voice က ယနေ့(သြဂုတ် ၂၂ ရက်) နံနက်ပိုင်းက
ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ
No comments:
Post a Comment