ဟူနန်၊ သြဂုတ် ၂၂
အရှည်
မီတာ ၄၃၀၊ မြေပြင်မှ အမြင့် ၃၀၀ မီတာရှိပြီး အမေရိကန်ဒေါ်လာ ၃ဒသမ၎
သန်းကုန်ကျခံကာ ၂၀၁၅ ဒီဇင်ဘာလက အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု
နိုင်ငံပိုင်သတင်း အေဂျင်စီဖြစ်သည့် ဆင်ဟွာက ဆိုသည်။တံတားလျှောက်လမ်းကို အလွှာသုံးလွှာရှိသည့် မှန်အကြည် ၉၉ ချက်ခင်းကာ တည်ဆောက်ထားသည်။
တရားဝင်သတင်းထုတ်ပြန်ချက်များအရ အလျား ၆ မီတာ ကျယ်သည့် အဆိုပါတံတားကို အစ္စရေး ဗိသုကာပညာရှင် ဟိုင်ဒိုတန်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မှန်တံတားသည် ဓာတ်ပုံရိုက်ခြင်းကို ရှုးသွပ်သူများအတွက် အလွန်ရေပန်းစားသည့် နေရာလည်း ဖြစ်သည်။
ထို့အပြင်
အုပ်စုလိုက် ယောဂလေ့ကျင့်ခြင်းမျိုး၊
မင်္ဂလာလက်ထပ်ပွဲအကြိုဓာတ်ပုံရိုက်ခြင်း မျိုးအတွက်လည်း လာရောက်
ပြုလုပ်နိုင်သည့် နေရာဖြစ်သည်။
တံတားသည်
တစ်နေ့ကို လာရောက်လည်ပတ်သူ ၈,၀၀၀ ခန့် အများဆုံး ဖြတ်သန်း၍ရသည် ဟု
ဇန်ဂျေဂျီးအမျိုးသားပြည်သူ့ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
http://thevoicemyanmar.com/latest-news/1041-foreign
No comments:
Post a Comment