Monday, December 7, 2015

KIA တပ်မဟာ (၁) လက်အောက်ခံ ရင်း (၁၀) မှ တပ်ကြပ်နှင့် တပ်သားအဆင့်ရှိသူ (၂) ဦး ထွက်ပြေး

KIA တပ်မဟာ (၁) လက်အောက်ခံ ရင်း (၁၀) မှ တပ်ကြပ်နှင့် တပ်သားအဆင့်ရှိသူ (၂) ဦး ထွက်ပြေး
===================================

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က KIA ရင်း (၁၀) မှ တပ်ကြပ်အဆင့်ရှိသူ (၁) ဦးနှင့် တပ်သားအဆင့်ရှိသူ (၁) ဦးတို့ ထွက်ပြေးသွားကြောင်း ဒေသခံ ရွာသားများထံမှ သိရှိရပြီး KIA ရင်း (၁၀) မှ တပ်ဖွဲ့ဝင်များ အရပ်ဝတ်များဖြင့် လိုက်လံရှာဖွေလျှက်ရှိကြောင်း ကြားသိရသည်။

KIA ရင်း ၁၀ သည် မေခမြစ်တစ်ဖက်ကမ်းတွင်ရှိပြီး မကြာသေးမီက ၎င်း ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား လူသစ်ဆွဲ၍ အင်အား (၄၀) ကျော်ကို လူသစ်သင်တန်း သို့ ပေးပို့ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရသည်။

ထိုကဲ့သို့ KIA ရင်း (၁၀) မှ စစ်သည်များ ပြုန်းတီးအင်အားများခြင်းကြောင့် KIA ဌာနချုပ် လိုင်ဇာမှ ဖိအားပေးလျှက်ရှိပြီး လူသစ်ရရှိရေးအတွက် အတင်းအဓမ္မ လူသစ်စုခိုင်းနေခြင်းကြောင့် ဒေသခံပြည်သူများမှာ မေခမြစ်တစ်ဖက်ကမ်းသို့ ကူးပြောင်းပုန်းရှောင်နေကြရသည်ဟု သိရသည်။

By Voice Of Kachin
ပုံ။ ။ KIA မှ အတင်းအဓမ္မ စုဆောင်းထားသော တပ်သားသစ်သင်တန်းကျောင်းများထဲမှ တစ်ခု

No comments: