မိုးညှင်း-မြစ်ကြီးနားကားလမ်း မြို့ရှောင်လမ်းတွင် KIA သုံး ရီမုမိုင်း (၁) လုံး ဖောက်ခွဲရန်အသင့် အနေအထားဖြင့် တွေ့ရှိ
=========================================
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်နေ ဦးချိန်ဆင်းဖန် သည် ၎င်း၏ လက်ဖက်မွေးစိုက်ခင်းသို့ သွားရောက်စဉ် မိုးညှင်း-မြစ်ကြီးနားသွား မြို့ရှောင်လမ်း၏ ယာဘက် မိုင်တိုင်အမှတ် ၂ အနီးတွင် လျှပ်စစ်ခလုပ်ခုံနှင့် ၀ါယာကြိုးစတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ ရက်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပို့ပြီး ၎င်းမှတစ်ဆင့် နယ်မြေခံ အစိုးရတပ်ရင်း သို့ သတင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။
သတင်းပေးပို့ချက်အရ နယ်မြေခံအစိုးရတပ်မှ အင်ဂျင်နီယာစစ်သည်ဖြင့် သွားရောက် ရှာဖွေရှင်းလင်းခဲ့ရာ အဝေးထိန်းလျှပ်စစ်ခုံ ၁ ခုနှင့် ၀ါယာကြိုးချိတ်ဆက်ထားပြီး ထိုဝါယာကြိုးအား လမ်းဘေးခြုံနှင့် ဌက်ပျောပင်အတွင်းသို့ ဆက်သွယ်၍ ၎င်းနေရာတွင် ၃ လက်မစိန်ပြောင်း ဗုံးသီး ဟောင်း ၂ လုံးတို့ဖြင့် ချိတ်ဆက်ထားကာ ဖောက်ခွဲရန်အသင့်အနေအထားဖြင့် တွေ့ရှိခဲ့ပြီး စနစ်တကျ ရှင်းလင်းဖယ်ရှားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း မိုညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ၏အရှေ့ဘက် မိုးညှင်းမြို့ရှောင်လမ်းမပေါ် ရေသွင်းမြောင်းတံတားအနီးတွင် ဗုံးသီးဟောင်း (၂) လုံးဖြင့် ပြုလုပ် ထားသော ရီမုမိုင်းတစ်လုံးအား အစိုးရတပ်မှ သွားရောက်ရှင်းလင်းပေးခဲ့ရသည်။
By Voice Of Kachin
ပုံ။ ။ ဖောက်ခွဲရန်အသင့်လုပ်ထားသော KIA သုံး ရီမုမိုင်းအား အစိုးရတပ်မှ သက်မဲ့ပြုလုပ် ရှင်းလင်းပြီးစဉ်
No comments:
Post a Comment