Monday, December 7, 2015

ဝန်ထမ်း တို့ အတွက်သတင်းကောင်း ***************************

ဝန်ထမ်း တို့ အတွက်သတင်းကောင်း
**********************************
၅၊၁၂၊၂၀၁၅

ငွေစက္ကူ သစ်များရိုက်နှိပ်ရန် ကျပ်(၃၆)ဘီလီယံကျော် ထပ်မံတောင်းခံ ထားကြောင်း သိရှိရသည် ။
ငွေစက္ကူ များ ရိုက်နှိပ်ခနှင့် ဒင်္ဂါးသွန်းလုပ်ရန်အတွက် ကုန်ကျမည့် ကျပ် (၃၆ ဒသမ ၈ဝ၂) ဘီလီယံကို ခွင့်ပြုပေးရန် ယခုလ (၃) ရက်နေ့ က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း က တောင်းခံခဲ့ကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ် ပြည် ထောင်စု အစိုးရ ၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲ ရေး ဥပဒေကြမ်းအပေါ် သုံးသပ်တင်ပြချက် များနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် တွင် ၄င်းက လာရောက်ရှင်းလင်းတင်ပြစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ဗဟိုဘဏ်က ဟောင်းနွမ်းချို့ယွင်းလာ တဲ့ လှည့်လည်သုံးစွဲငွေများကို ဖျက်ဆီးပြီး အသစ်များ အစားထိုးခြင်း ၊ လိုအပ်လာမည့် ငွေစက္ကူများ ထပ်မံရိုက်ခြင်း တို့ကို ဆောင်ရွက်ရတာကြောင့် ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ္ဍာနှစ် တစ်နှစ်အတွက် လိုအပ်လာမည့် ငွေစက္ကူ အရေအတွက်ကို တွက်ချက်ခြင်း၊  သတ် မှတ်ခြင်း၊ ငွေစက္ကူသစ်ရိုက်နှိပ်ခများ တွက်ချက် ခြင်း လျာထားခြင်း၊ ငွေစက္ကူများ ဖြန့်ဝေသယ်ယူစရိတ် များ လျာထားခြင်းတို့ကို ခေါင်းစဉ်အလိုက် ခွဲဝေလျာထားခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်အတွက် ငွေစက္ကူ ရိုက်နှိပ်ခများကို တွက် ချက်လျာထားခြင်း ဖြစ်သည်။

''ကျွန်တော်တို့ လစာတွေ တိုးမြှင့်ခြင်းကို ဆောင်ရွက်ကြတဲ့အခါမှာ တိုးမြှင့်လိုက်တဲ့ လစာ ငွေကြေး  စားရိတ် စားခ တွေ အတွက် ပိုမိုထုတ်ပေးရမယ့် ငွေစက္ကူ များစွာ လို အပ်လာ တော့မှာ ဖြစ်ပါတယ်။ ဒီလိုအပ်လာတဲ့ ငွေစက္ကူ များစွာကို ပုံမှန်တွက်ချက်မှုများမှာ မပါဝင်ခဲ့ဘဲ ရှိတဲ့ အတွက်  ထပ်မံတိုးမြှင့် ရိုက်နှိပ်ရပါတယ်''ဟု ၄င်းက ဆက်ပြောသည် ဟု သိရပါသည် ။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးလိုအပ်ချက်များ အရ ငွေစက္ကူများစွာကို  တိုး မြှင့် ရိုက်နှိပ်  ထုတ်လုပ်နေရခြင်း၊ စက္ကူ  တန်ဖိုး များ၊ ရိုက်နှိပ်ခ များလည်း  တိုးမြင့်လာခြင်းကြောင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ ရေးနှစ် မူလလျာထားခွင့်ပြုခဲ့သော ငွေစက္ကူ ရိုက်နှိပ်ခနှင့် ဒင်္ဂါးသွန်းခစာရင်းတွင် လုံ လောက်မှုမရှိတော့ဘဲ ကျပ် (၃၆ ဒသမ ၈ဝ၂) ဘီ လီယံကို ထပ်မံ လိုအပ်လာသောကြောင့်  ထပ်မံ၍  လျာ ထားတောင်းခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

''ဒီစရိတ်တွေက ငွေစက္ကူပုံနှိပ်လုပ်ငန်းတွေ ကို ပေးချေရမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ဌာနတစ်ခုကို ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါ တယ်''ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူ ရိုက်နှိပ်ခနှင့် ဒင်္ဂါးသွန်းလုပ်ခငွေ ကျပ် (၃၆ ဒသမ ၈ဝ၂)ဘီလီယံ၊ အပ်နှံမှုငွေ ပေါ် အတိုးပေးရသော ငွေ ကျပ်(၁၆ ဒသမ ဝဝ) ဘီလီယံ၊ နိုင်ငံတော်သို့ ထည့်ပေး ငွေ ကျပ်(၆ ဒသမ ၁၉၂) ဘီလီယံ  တို့ကို ပြည်ထောင်စုလွှတ် တော်က ထပ်မံ ခွင့်ပြုပေးရန် တင်ပြထားသည်။

ဘာပြောပြော မကြာမီ စင်ကာပူ နှင့် ယိုးဒယားတို့ကို ပင် ကျော်တက် ဖွယ်ရှိနေသည်ကို တွေ့ ရသည်မှာ အားရဖွယ်ကောင်းလှပါသည် ။

များမကြာမီ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော လုပ်အားခ လစာငွေများ ရရှိတော့မည် မှာ မလွှဲပါပေ ။ အဂတိ လိုက်စားမှု များလည်း ပျောက်ပျက်တော့မည် ဖြစ်ပြီး အစိုးရ ကိုယ်တိုင် အမတ်များကိုယ်တိုင် က ပိုင်ဆိုင်မှုများ ချပြမည်ဟု ဆိုနေသဖြင့် အားလုံးမျှော်လင့်သော ဒီမိုကရေစီ နှင့်အတူ တိုင်းသူပြည်သား များ လုပ်ခလစာ ပိုမိုမြင့်မားလာတော့မည်မှာ ဂုဏ်ယူဖွယ်ကောင်းလှပေသည် ။

No comments: