Sunday, December 6, 2015

ဗကပရဲ့ “၂၀၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်” ထဲမှာ အောက်ကအတိုင်း တပိုဒ်ပါတယ်..။ သူတို့ထုတ်တာက နိုဝင်ဘာ ၂၅..။

ဗကပရဲ့ “၂၀၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်” ထဲမှာ အောက်ကအတိုင်း တပိုဒ်ပါတယ်..။ သူတို့ထုတ်တာက နိုဝင်ဘာ ၂၅..။

"ကျွန်တော်တို့က လွှတ်တော်နည်း၊ သံတမန်နည်းလောက်နဲ့ လုံလောက်တယ်မထင်။ လူထုလပ်ရှားမှုမပါဘဲ ရည်မှန်းချက်
မပေါက်နိုင်။ လူထကို နိုင်ငံရေးအသိ နိုးကြားနေဖို့ အစီအစဉ်ရှိရှိ အသိပေးလှုံ့ဆော်စည်းရုံးထားရပါမယ်။ လူထုရဲ့ တွန်းအားမပါဘဲ
နေရာရွေ့မှာ မဟုတ်ဘူးလို့ မြင်နေတယ်။ မပြောင်းရင်မဖြစ်မှ ပြောင်းမယ့်သူတွေပါ။
ပြည်သူတွေဘက်ကလည်း ကိုယ့်အောင်ပွဲဆိုတာက လက်ဆုပ်လက်ကိုင် မပြနိုင်သေး။ ဘယ်နည်းနဲ့မှ အဆုံးရှုံးခံလိုက်လို့
မဖြစ်တာမို့ နိုးနိုး ကြားကြား ရှိနေရပါမယ်။ ဒီရွေးကောက်ပွဲ အောင်နိုင်လိုက်တာကြောင့် စစ်အာဏာရှင်စနစ် လုံးဝကျဆုံးတာမဟုတ်ပါ။
ဆက်လကတိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေရပါမယ်။ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအဖွဲ့အစည်းများကလည်း ဒီရလဒ်ကို
ဝိုင်းဝန်းကာကွယ်ကြဖို့ ပန်ကြားလိုပါတယ်။ ရှုံးသွားတဲ့ စစ်အုပ်စုက ဒီချုပ်ကို ကျန်နိုင်ငံရေးပါတီတွေနဲ့ ရန်တိုက်ပေးနေတာကိုလ ည်း
သတြိုပကြဖို့ လိုပါတယ်။"
=
ဒေါ်အောင်ဆန်းစုကြည် အမှိုက်ကောက်ဖို့ပြောတာက သူ့ပါတီဝင်တွေနဲ့တွေ့တဲ့ပွဲမှာမို့ အမှတ်မမှားရင် နိုဝင်ဘာ ၂၈။
=
လူထုရဲ့နိုင်ငံရေးရေချိန်ကို ဆက်မြှင့်ထားဖို့မှာ အမတ်တွေနဲ့ အဖွဲ့ချုပ်သားတွေကို အမှိုက်ကောက်ခိုင်းတာထက်ပိုကောင်းတာ ဘာများရှိမလည်းမသိ..။
ဒေါ်စုကို ထောက်ပြဆွေးနွေးသင့်ပါ၏။
=
ကျုပ်သာဆိုရင်တော့ ဆိုင်ရာအမတ်တွေကို ဆိုင်ရာမဲဆန္ဒနယ်လူထုကတိုက်ရိုက်ထိတွေ့မေးမြန်းခွင့်ရတဲ့ "စနေစကားဝိုင်း" ပွဲမျိုးလေးတွေ တပါတ်တခါ လုပ်စေချင်တယ်။ :)

No comments: