Sunday, December 6, 2015

Voice of the Day ]

[ Voice of the Day ]

“ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ် တွေကို ကျွန်မတို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်။ ကျွန်မတို့က ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်လို့ စိတ်ဓာတ်မကျပါနဲ့။ ဒါဟာ ငါတို့ အရည်အချင်းတက်ဖို့ပဲ ဖြစ်တယ်ဆိုပြီး ရင်ဆိုင်ပါ။ မဟုတ်တာတွေ လျှောက်မလုပ်ပါနဲ့။ မဟုတ်တာတွေ လျှောက်လုပ်လို့ရှိရင် အခြေအနေ ခက်ခဲပါမယ်။ ကျွန်မတို့ အဖွဲ့အစည်းက ကိုယ်စားလှယ်များက တစ်ခုခု အမှားအယွင်းရှိသွားလို့ တရားဥပဒေအရ အရေးယူခံရရင် ကျွန်မတို့က ဘက်လိုက်မှာ မဟုတ်ပါဘူး။ ဘက်မလိုက်လို့ အမှားအယွင်းကြောင့်လို့ ဒီကိုယ်စားလှယ်ဟာ အကျဉ်းကျသွား တယ်ဆိုရင် ထောင်ဝင်စာမှန်မှန်တွေ့ဖို့ လူလွှတ်ပေးပါမယ်။ ပစ်ထားမှာတော့ မဟုတ်ပါဘူး”

-----------------------------
NLD Chairperson စာမျက်နှာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ဖော်ပြထားသော “အောက်မြန်မာပြည် အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ” မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်

No comments: