" ဒေါ်အောင်ဆန်းစုကြည် ကြပ်ကြပ်သတိထား "
တသွေးတသံ တမိန့်၊ စည်းကမ်းသေ၀ပ်စွာနဲ့
အောက်ခြေက တင်ပြတာကို
အထက်ကလူကြီးတွေက နားထောင် ဆုံးဖြတ်လမ်းညွှန် အုပ်ချုပ်တာလောက်နဲ့တော့
ဒီမိုကရေစီစနစ် ဖြစ်လာမှာ မဟုတ်ဘူး။
ဒီလောက်ကတော့ တပ်က
အထက်ပိုင်းလူကြီးတွေ လာဘ်မစားဘူး ဆိုရင်တောင် ဖြစ်တယ်။
ဒီမိုကရေစီ ဆိုတာ ဒီမိုကရေစီ နဲ့တူအောင်
ပြောရေးဆိုခွင့်၊ ဆွေးနွေးငြင်းခုန်ခွင့်တော့ လိုပါတယ်။
"ဒေါ်စု အမြဲမှန်သည်"
တဘက်ပိတ်၊ အတွေးသေကြီးနဲ့ကတော့
ဒီမိုကရေစီ ဒုန်းဝေး လှ တယ်။
ဒေါ်စု ကိုယ်တိုင်က
ဘာမဆို သူသာလျှင်သိ၊ သူသာလျှင် တတ်၊
လူတကာကို မတတ်ရင် သင်ပေးမယ် လို့ ပြော၊
သူ့ဆန့်ကျင်ဘက်မှန်သမျှ ချိုးနှိမ်၊
ဖျံအုပ်ကြီးလို
ရှေ့ဆုံးက လူ ညာယိမ်းရင် တအုပ်လုံး ညာယိမ်း
ရှေ့ဆုံးက လူ ဘယ်ယိမ်းရင် တအုပ်လုံး ဘယ်ယိမ်း .. .
ဥက္ကဋ္ဌကြီးကို
အလေးနီ ပါ ပြုလိုက်ကြပေရော့။
အမေရိကန်တွေ အောင်မြင်တာ၊
နေရာတိုင်းမှာ
လူတိုင်းကို တန်ဖိုးထားတယ်။
လုံခြုံရေး ကိစ္စ ဆွေးနွေးရင်
လုံခြုံရေးမဟာဘွဲ့ယူထားတဲ့ ဒါရိုက်တာ က စ ပြီး၊
တကယ့် တံခါးစောင့်တာဝန်ယူထားတဲ့ လုံခြုံရေးဝန်ထမ်းအထိ
တခန်းထဲမှာ အပြန်အလှန် အချီအချပြောဆို ဆွေးနွေးတယ်။
တံခါးစောင့်ပေးတဲ့ အကြံကို
ပရော်ဖက်ဆာကလည်း လေးလေးစားစား နာခံပြီး ယူတယ်။
လိုအပ်ရင် ပရောဂျက်တခုလုံး တံခါးစောင့်အကြံဉာဏ် ကို အခြေပြု တည်ဆောက်တယ်။
လူ တိုင်းမှာ
တန်ဖိုးရှိတဲ့ အတွေးအမြင်တွေ ရှိတယ် ဆိုတဲ့
လူကို တန်ဖိုးထားမှု ဒီိမိုကရေစီအခြေခံကနေ
သူတို့တိုင်းပြည်က မြင့်သထက်မြင့်မား သွားတယ်။
နိုင်ငံရေးသမား တယောက်လုပ်နေပြီး၊
ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံး လို့ ဘ၀င်မြင့်နေတဲ့ လူတယောက်ရယ်၊
သူဘာပြောပြော မှန်တယ် လို့ ထောက်ခံနေကြသူတွေရယ် ပေါင်းမိသွားကြတဲ့ အခါ
အဲဒီလူ့အဖွဲ့အစည်း အန္တရာယ်ကြီးလှတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြပ်ကြပ် သတိထားပါ လို့ပဲ
ထပ်တလဲလဲ
သတိပေးပါရစေ။
သတ္တ၀ါတွေ စရိုက်ဖျောက်ခက်လှသကို၊
ရှင်သာရိပုတြာမထေရ်ကြီးတောင်
အဂ္ဂသာဝက ရဟန္တာကြီးဖြစ်ပြီးတောင်
မျောက်ဘ၀ အကျင့် မပျောက်ဘူး။
ငါတကောကော စိတ်ရိုင်းကြီး ၀င်ခါနီးတိုင်း
သတိကလေး ကြပ်ကြပ် ထားဗျ၊
အပ္ပမာဒေထ သမ္မာဒေထ။
ချိုတူးဇော်
No comments:
Post a Comment