"ချစ်သမီးကို (၇)ကြိမ်မြောက်ရုံးထုတ်"
ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)၊အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆိုခံထားရသော ချစ်သမီး(ခ)ချောစန္ဒီထွန်းကို ယနေ့(ဒီဇင်ဘာ ၇) နံနက်ပိုင်းတွင် မအူပင်မြို့နယ်တရားရုံး၌ (၇)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်သော ထမီအရောင်နှင့် အသစ်ပြောင်းလဲလိုက်သော တပ်မတော် ယူနီဖောင်းအရောင်တို့ကို ဖေ့ဘွတ်လ်စာမျက်နှာတွင် နှိုင်းယှဉ်ဖော်ပြသည့် အတွက်ဟုဆိုကာ ယင်းပုဒ်မ နှစ်ခုဖြင့် ဖမ်းဆီးတရားစွဲဆိုထားခြင်း ဖြစ်သည်။
အောက်တိုဘာ၂၄ ရက်ရုံးချိန်းတွင် ချစ်သမီး၏ ရှေ့နေက အာမခံရရှိရန် လျောက်ထားမှုကို တရားသူကြီးက ပယ်ချထားသည်။
ဓါတ်ပုံ - စည်သူ
No comments:
Post a Comment