ဖားကန့်မြေစာပုံပြိုကျမှုအပေါ် သမ္မတပြောကြားချက်ကို ဒေသခံများအားမရ
ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၅
နိုဝင်ဘာ ၅ ရက်တွင် သမ္မတဦးသိန်းစိန် ပြောကြားခဲ့ သည့် မိန့်ခွန်း၌ ဖားကန့်မြေစာပုံပြိုကျမှုနှင့် လူသေဆုံးသူများအတွက် ပြောကြားချက်များသည် မြေပြင်အခြေအနေမှန်နှင့် ကွဲလွဲ နေပြီး အားမရကြောင်း ဒေသခံများနှင့် လူမှုရေးအဖွဲ့အစည်းများ က ဝေဖန်နေကြသည်။
သမ္မတဦးသိန်းစိန်က ‘‘ဖား ကန့်ဒေသတွင်ဖြစ်ပွားခဲ့သည့် မြေ ပြိုကျမှုအတွင်း အသက်ဆုံးပါး သွားခဲ့ရသော ပြည်သူများနှင့် ကျန်ရစ်သည့် မိသားစုများအ တွက် ကျွန်တော့်အနေဖြင့် ၀မ်း နည်းမိပါကြောင်း ဦးစွာပြောကြား လိုပါသည်။ ယခုကဲ့သို့ အန္တရာယ် များသည့် လုပ်ငန်းခွင်များအ တွက် မူဝါဒဆိုင်ရာများ ပြန်လည် သုံးသပ်ရန် လိုနေပြီဆိုသည်ကို သင်ခန်းစာ ရယူရမည်ဖြစ်ပါ သည်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ အကာအကွယ် ကိရိယာအစုံအလင်ရှိရေးနှင့် အ လျင်အမြန်ကယ်ဆယ်ရေး ဆောင် ရွက်နိုင်ရေး စသည့်ထိန်းကျောင်း မှုများ၊ စည်းကမ်းများကိုလည်း အထူးတင်းကျပ်ရမည် ဖြစ်ပါ သည်။ ကျန်ရစ်သူမိသားစုများအတွက်လည်း ဆောင်ရွက်ရမည့် အစီအမံများကို ဒေသအာဏာပိုင် များအနေဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်’’ဟု ၎င်း၏ မိန့်ခွန်းတွင် နောက်ဆုံးအချက်အဖြစ် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စုအတွင်း လျှန်ရှမ်း မျိုးနွယ်စု၊ ရတနာရောင်ခြည်နှင့် ရတနာအောင်ချမ်းကုမ္ပဏီတို့ ပူးပေါင်းကာ မြေစာစွန့်ပစ်သည့် တစ်သုံးလုံးစွန့်ပစ်မြေစာပုံ နိုဝင် ဘာ ၂၁ ရက်က ပြိုကျခြင်းဖြစ်ပြီး လူပေါင်း ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖားကန့်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။ အခင်းဖြစ်ပွားပြီး ၁၅ ရက်ကြာမှသာ နိုင်ငံတော်သမ္မတက ၀မ်းနည်း ကြောင်း ပြောကြားခြင်းနှင့် နောက်တစ်ကြိမ် ထပ်မံမဖြစ်အောင် မည်ကဲ့သို့ စီမံချက်ချ လုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မပြောကြားခဲ့သည့်အပေါ် ဒေသခံများက ဝေဖန်ကြခြင်းဖြစ်သည်။ လူရာချီ သေဆုံးမှုအတွက် မည်သူ့အား အရေးယူထားသည်ကိုလည်း ပြောမသွားခဲ့ပေ။ ယင်းဖြစ်စဉ်အတွက် ရဲစခန်းတွင် ပုံမှန်လူသေဆုံးမှုဖြစ်သည့် သေမှုသေခင်းသာ အမှုဖွင့်၍ စစ်ဆေးနေ ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
‘‘တိတိကျကျ ရေရေရာရာ ပြတ်ပြတ်သားသား မရှိဘူး။ အဲဒီ လိုဖြစ်နေတယ်။ ၀မ်းနည်းကြောင်း တောင်မှ ရက်ပေါင်းတော်တော် ကြာမှ ထုတ်ပြန်တယ်ဆိုတော့ သိပ်ပြီးသဘာဝမကျဘူး။ ပြီးတော့ ဒီမှာကြည့်ရတဲ့အခါ အ စိုးရအနေနဲ့ အောက်ခြေကနေ အပေါ်အဆင့်ဆင့်ကို ကွာဟချက်တော်တော်နည်းနေတယ်။ ဌာနဆိုင်ရာ အဆင့်ဆင့်က အပေါ်ကို အမှန်အတိုင်းမတင်ပြဘူး။ အဲဒါ ကြောင့်မို့ သမ္မတလည်း ဒီလိုပြော တယ်လို့ ကျွန်တော်ထင်တယ်။ အခုသမ္မတရဲ့ ပြောဆိုချက်ကို ကြည့်မယ်ဆိုရင် လုပ်ငန်းခွင်ထဲ မှာ ဖြစ်တဲ့သဘောတရားတွေလို ပြောနေကြတယ်။ ဒါက လုပ်ငန်း ခွင်မဟုတ်ဘူး’’ဟု ဒေသခံဦးနော် ဆန့်ကပြောသည်။
ဒေသခံကျောက်ကုန်သည် ဦးလွင်မောင်က ‘‘လုပ်ငန်းခွင်မူဝါ ဒကို သမ္မတက အခုမှသင်ခန်းစာ ယူပြီး သုံးသပ်ရန်လိုနေပြီလို့ပြော သွားပါတယ်။ အဲ့ဒီဖြစ်တဲ့ကိစ္စမှာ အစောကတည်းက ဒီနေရာတွေ မှာ အဲဒီလောက်များလွန်းလှတဲ့ မြေစာတွေမသွန်ဖို့ အဲ့ဒီကုမ္ပဏီ တွေ စတင်တည်ထောင်စဉ်က တည်းက သတိပေးထားလောက် မှာပါ။ သတိပေးထားရဲ့သားနဲ့ ဂရုမစိုက်ဘူးဆိုတာက အဲ့ဒီကုမ္ပဏီ တွေက အားကိုးရှိနေလို့ပေါ့ဗျာ။ သမ္မတတောင် ပြောလို့မနိုင်တဲ့ သူ့လူတွေရှိမလား။ ကျွန်တော့် အထင် အဲဒီလူတွေအားကိုးနဲ့ ကုမ္ပဏီတွေက လက်လွတ်စပယ် လုပ်နေတာပါ။ ဒါကို သမ္မတက လည်း ပြီးပြီးရောလေးပြောသွား ပါတယ်’’ဟုပြောသည်။
ဖားကန့်နှစ်ခြင်းအသင်း တော် သင်းအုပ်ဆရာတော် ဦးဘီ တူးဂျာက ‘‘တစ်ပိုင်တစ်နိုင်လုပ် ငန်းက ဘာမှမရှိဘူး။ နိုင်ငံတော် အကျိုးတူဆိုပြီး လုပ်လိုက်တဲ့အ ခါကျတော့ လူထုမှာ အလုပ်မရှိ တော့ဘူး။ ဆိုတော့ မြေစာပုံတွေ မှာ ကျောက်ကောင်းများရှိမလား ဆိုပြီးတော့မှ ရှာတဲ့လုပ်ငန်းကို လုပ်ရတဲ့အခါ လူတွေ အဲဒီလိုဖြစ် နေရတာပါ’’ဟု ပြောသည်။
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ဖားကန့်ဒေသအကြောင်း ထည့်သွင်းပြောကြားခြင်းကို ဒေသခံတစ်ဦးအနေဖြင့် ၀မ်းသာပြီး အစိုးရက ဦးဆောင်ကာ စီမံချက်ချ၍ ဖားကန့်ဒေသကို အချိန်မီပြန်လည်ထိန်းသိမ်း ပေးစေလို ကြောင်း ဦးဘီတူးဂျာက ပြောသည်။နိုဝင်ဘာ ၅ ရက်တွင် သမ္မတဦးသိန်းစိန် ပြောကြားခဲ့ သည့် မိန့်ခွန်း၌ ဖားကန့်မြေစာပုံပြိုကျမှုနှင့် လူသေဆုံးသူများအတွက် ပြောကြားချက်များသည် မြေပြင်အခြေအနေမှန်နှင့် ကွဲလွဲ နေပြီး အားမရကြောင်း ဒေသခံများနှင့် လူမှုရေးအဖွဲ့အစည်းများ က ဝေဖန်နေကြသည်။
သမ္မတဦးသိန်းစိန်က ‘‘ဖား ကန့်ဒေသတွင်ဖြစ်ပွားခဲ့သည့် မြေ ပြိုကျမှုအတွင်း အသက်ဆုံးပါး သွားခဲ့ရသော ပြည်သူများနှင့် ကျန်ရစ်သည့် မိသားစုများအ တွက် ကျွန်တော့်အနေဖြင့် ၀မ်း နည်းမိပါကြောင်း ဦးစွာပြောကြား လိုပါသည်။ ယခုကဲ့သို့ အန္တရာယ် များသည့် လုပ်ငန်းခွင်များအ တွက် မူဝါဒဆိုင်ရာများ ပြန်လည် သုံးသပ်ရန် လိုနေပြီဆိုသည်ကို သင်ခန်းစာ ရယူရမည်ဖြစ်ပါ သည်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ အကာအကွယ် ကိရိယာအစုံအလင်ရှိရေးနှင့် အ လျင်အမြန်ကယ်ဆယ်ရေး ဆောင် ရွက်နိုင်ရေး စသည့်ထိန်းကျောင်း မှုများ၊ စည်းကမ်းများကိုလည်း အထူးတင်းကျပ်ရမည် ဖြစ်ပါ သည်။ ကျန်ရစ်သူမိသားစုများအတွက်လည်း ဆောင်ရွက်ရမည့် အစီအမံများကို ဒေသအာဏာပိုင် များအနေဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်’’ဟု ၎င်း၏ မိန့်ခွန်းတွင် နောက်ဆုံးအချက်အဖြစ် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စုအတွင်း လျှန်ရှမ်း မျိုးနွယ်စု၊ ရတနာရောင်ခြည်နှင့် ရတနာအောင်ချမ်းကုမ္ပဏီတို့ ပူးပေါင်းကာ မြေစာစွန့်ပစ်သည့် တစ်သုံးလုံးစွန့်ပစ်မြေစာပုံ နိုဝင် ဘာ ၂၁ ရက်က ပြိုကျခြင်းဖြစ်ပြီး လူပေါင်း ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖားကန့်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။ အခင်းဖြစ်ပွားပြီး ၁၅ ရက်ကြာမှသာ နိုင်ငံတော်သမ္မတက ၀မ်းနည်း ကြောင်း ပြောကြားခြင်းနှင့် နောက်တစ်ကြိမ် ထပ်မံမဖြစ်အောင် မည်ကဲ့သို့ စီမံချက်ချ လုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မပြောကြားခဲ့သည့်အပေါ် ဒေသခံများက ဝေဖန်ကြခြင်းဖြစ်သည်။ လူရာချီ သေဆုံးမှုအတွက် မည်သူ့အား အရေးယူထားသည်ကိုလည်း ပြောမသွားခဲ့ပေ။ ယင်းဖြစ်စဉ်အတွက် ရဲစခန်းတွင် ပုံမှန်လူသေဆုံးမှုဖြစ်သည့် သေမှုသေခင်းသာ အမှုဖွင့်၍ စစ်ဆေးနေ ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
‘‘တိတိကျကျ ရေရေရာရာ ပြတ်ပြတ်သားသား မရှိဘူး။ အဲဒီ လိုဖြစ်နေတယ်။ ၀မ်းနည်းကြောင်း တောင်မှ ရက်ပေါင်းတော်တော် ကြာမှ ထုတ်ပြန်တယ်ဆိုတော့ သိပ်ပြီးသဘာဝမကျဘူး။ ပြီးတော့ ဒီမှာကြည့်ရတဲ့အခါ အ စိုးရအနေနဲ့ အောက်ခြေကနေ အပေါ်အဆင့်ဆင့်ကို ကွာဟချက်တော်တော်နည်းနေတယ်။ ဌာနဆိုင်ရာ အဆင့်ဆင့်က အပေါ်ကို အမှန်အတိုင်းမတင်ပြဘူး။ အဲဒါ ကြောင့်မို့ သမ္မတလည်း ဒီလိုပြော တယ်လို့ ကျွန်တော်ထင်တယ်။ အခုသမ္မတရဲ့ ပြောဆိုချက်ကို ကြည့်မယ်ဆိုရင် လုပ်ငန်းခွင်ထဲ မှာ ဖြစ်တဲ့သဘောတရားတွေလို ပြောနေကြတယ်။ ဒါက လုပ်ငန်း ခွင်မဟုတ်ဘူး’’ဟု ဒေသခံဦးနော် ဆန့်ကပြောသည်။
ဒေသခံကျောက်ကုန်သည် ဦးလွင်မောင်က ‘‘လုပ်ငန်းခွင်မူဝါ ဒကို သမ္မတက အခုမှသင်ခန်းစာ ယူပြီး သုံးသပ်ရန်လိုနေပြီလို့ပြော သွားပါတယ်။ အဲ့ဒီဖြစ်တဲ့ကိစ္စမှာ အစောကတည်းက ဒီနေရာတွေ မှာ အဲဒီလောက်များလွန်းလှတဲ့ မြေစာတွေမသွန်ဖို့ အဲ့ဒီကုမ္ပဏီ တွေ စတင်တည်ထောင်စဉ်က တည်းက သတိပေးထားလောက် မှာပါ။ သတိပေးထားရဲ့သားနဲ့ ဂရုမစိုက်ဘူးဆိုတာက အဲ့ဒီကုမ္ပဏီ တွေက အားကိုးရှိနေလို့ပေါ့ဗျာ။ သမ္မတတောင် ပြောလို့မနိုင်တဲ့ သူ့လူတွေရှိမလား။ ကျွန်တော့် အထင် အဲဒီလူတွေအားကိုးနဲ့ ကုမ္ပဏီတွေက လက်လွတ်စပယ် လုပ်နေတာပါ။ ဒါကို သမ္မတက လည်း ပြီးပြီးရောလေးပြောသွား ပါတယ်’’ဟုပြောသည်။
ဖားကန့်နှစ်ခြင်းအသင်း တော် သင်းအုပ်ဆရာတော် ဦးဘီ တူးဂျာက ‘‘တစ်ပိုင်တစ်နိုင်လုပ် ငန်းက ဘာမှမရှိဘူး။ နိုင်ငံတော် အကျိုးတူဆိုပြီး လုပ်လိုက်တဲ့အ ခါကျတော့ လူထုမှာ အလုပ်မရှိ တော့ဘူး။ ဆိုတော့ မြေစာပုံတွေ မှာ ကျောက်ကောင်းများရှိမလား ဆိုပြီးတော့မှ ရှာတဲ့လုပ်ငန်းကို လုပ်ရတဲ့အခါ လူတွေ အဲဒီလိုဖြစ် နေရတာပါ’’ဟု ပြောသည်။
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ဖားကန့်ဒေသအကြောင်း ထည့်သွင်းပြောကြားခြင်းကို ဒေသခံတစ်ဦးအနေဖြင့် ၀မ်းသာပြီး အစိုးရက ဦးဆောင်ကာ စီမံချက်ချ၍ ဖားကန့်ဒေသကို အချိန်မီပြန်လည်ထိန်းသိမ်း ပေးစေလို ကြောင်း ဦးဘီတူးဂျာက ပြောသည်။
7 Day
No comments:
Post a Comment