Friday, March 18, 2016

လွဲမှားနေသော လုပ်ရပ်များ ^^^^^^^^^^^^^^^^

လွဲမှားနေသော လုပ်ရပ်များ
^^^^^^^^^^^^^^^^

ယနေ့ နေလည်လောက်က အိမ်ရှေ့မှာ လာခေါ်နေသည့်အတွက် ထွက်ကြည့်လိုက်ရာ
ရပ်ကွက် အတွင်းကပါပဲ..
အမျိုးသားဒီမိုကရေစီ ဝတ်စုံဖြင့် နှစ်ဦး ရိုးရိုးဝတ်စုံဖြင့် သုံးဦး အကြောင်းအရာမေးကြည့်လိုက်သည့် အခါ ယခုစာရွက်ကိုပြ၍ မျှဝေခြင်းတဲ့ ...
ကိုယ်တွေကလည်း ဂျာနယ်တွေ ဝယ်မဖတ်တော့လည်း အပြင်လောကအကြောင်းကို သိပ်မသိ...
စာရွက်ကလည်း ချက်ချင်းဆိုတော့လည်း ဖတ်ရန်ကြာနေမည့်အတွက် လိုရင်းကို မေးကြည့်တော့ အလှူခံတဲ့...အဲဒါနဲ့ ငွေတစ်ထောင် တော့ လှူလိုက်ပါတယ် ...
ဘာရယ်လို့ မသိ
သူတို့သွားပြီး စာဖတ်ကြည့် လိုက်တော့မှ ...သဘောပေါက်သွားတယ်...
အရင်တုန်းက ဒါမျိုးတွေ မကြုံဘူးခဲ့ပါဘူး...
အခုကဘာတွေမှန်းမသိ...
လုပ်မယ်ဆိုရင်လည်း ထိထိရောက်ရောက်လုပ်ဆောင် သင့်တယ်...
ရပ်ကွက်သူ ရပ်ကွက်သားတွေနားလည်းအောင် မရှင်းပြနိုင်တောင် စာရွက်တွေကို အရင်ကြိုတင်ဝေထားသင့်တယ် သဘောထားမေးသင့်တယ်
အခုတော့ အဲ့ဒီလို မဟုတ် မည်သည့်လက်ခံဖြတ်ပိုင်းမှ မပါဘဲ ဗလာစာအုပ်ကလေး တစ်အုပ်မှာ အမည် ရေးတာလောက်ကတော့ အများ အယုံအကြည်ကင်း မဲ့တာပေါ့
ရေးထားတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေက တခြားစီ ...
မြန်မာလူမျိုး အလှူအတန်း မတွန့်တိုပါဘူး မျှဝေခြင်းစီမံချက်က ကောင်းပါတယ် ဒါပေမဲ့ လုပ်တာတွေက တခြားဖြစ်နေတယ်...
ဘယ်လို သွားပြီး ထိရောက်မှာလည်း ကိုယ့်ဟာကိုသာ တွေးကြည့်ပေတော့ဗျာ

No comments: