Friday, March 18, 2016

ဒုသမ္မတ ဟင်နရီ ဗန်ထီးယူ ဥပဒေနဲ့ မညီတဲ့အတွက် ဖြုတ်ချလို့ရပါတယ် …………………………………

ဒုသမ္မတ ဟင်နရီ ဗန်ထီးယူ ဥပဒေနဲ့ မညီတဲ့အတွက်
ဖြုတ်ချလို့ရပါတယ်
……………………………………………………………

ဘာလုပ်လုပ်ငါပြောတဲ့အတိုင်းဖြစ်ရမယ် ဆိုတာရယ် ပြည်သူ့အတွက်လုပ်နေတာဘာမှားလို့လဲ ဆိုတာရယ် ပြောနေလို့မရဘူး ဥပဒေကိုစံပြလိုက်နာသင့်တယ် ။

ကျနော် ခယက ဥက္ကဌ လုပ်တုံးက ချဲ ဒိုင်ခံပြီးရတဲ့အမြတ်နဲ့စာသင်ကျောင်းဆောက်ဖို့ရန်ပုံငွေရှာနေတဲ့ ရယက ဥက္ကဌ တစ်ယောက်ကို ချဲမှု့နဲ့ထောင်ချဘူးတယ် ။ သူ့စေတနာမှန်ပေမဲ့ လုပ်နည်းလွဲနေတယ်လေ ခွင့်မလွှတ်နိုင်ဘူး ။

ဒုသမ္မတလောင်း ဗိုလ်မှူးဗန် က( ဟင်နရီ ဗန်ထီးယူ  က) စက်မှု့ ၁ ကထွက်ပြီး နိုင်ငံခြားသွားတဲ့ကိစ္စကိုမြု တ်ထားတာဟာမရိုးသားဘူး

တစ်မိသားစုလုံးဇနီးကအစ အိမ်ရှိလူကုန် နိုင်ငံခြားမှာကျောင်းတက်နေနိုင်တာတော်တန်ရုံဝင်ငွေနဲ့ တော်တန်ယုံဓနအင်အားနဲ့မရပ်တည်နိုင်ဘူး ( ဦးအောင်သောင်းလက်ထွက်ဆိုတော့လည်းမပြောတတ်ဘူးဟုတ်လောက်တယ်) သူနေတာ ၆ နှစ်ဆိုပေမဲ့သူ့မိသားစုက ၆ နှစ်မကဘူး ။

သူကနယူးဇီလန်တင်မကဘူး ဖိလစ်ပိုင်မှာလည်း နေဘူးတယ်လို့ပြောနေကြတယ်

သမ္မတစိစစ်ရေးကော်မတီကသူတို့ကိုယ်ရေးရာဇဝင်လေးတွေစစ်ပေးပါလို့ပြည်ထဲရေးကိုမေးသင့်တာပေါ့ ခုပုံက ဘာမှမေးခဲ့ဟန်မတူဘူး အမေစုပြောရင်အမှန်ဘဲဆိုပြီး လုပ်ချလိုက်တာလားမှမသိ ။

အဓိက ကတော့ကိုယ်ရေးရာဇဝင်ကို လိမ်ထားတာဘဲ ဒါမလုပ်သင့်ဘူး အမှန်အတိုင်းပြောပေါ့ နိုင်ငံခြားမှာနေရင်နေတယ်ပေါ့ သွားရင်သွားတယ်ပေါ့ မှန်တယ်ဆိုပွင့်လင်းမြင်သာစွာဗြောင်ပြောပေါ့ ။

ခုဟာကတခုခုပေါ်မှာစိုးပြီးနိုင်ငံခြားမသွားဘူးပါဘူး ဆိုပြီးပြောတာဗြောင်လိမ်ဖုံးကွယ်ထားဟန်ရှိတယ် ။ ဒါဆို "ကိုယ်စားလှယ်အရည်အချင်းပျက်ယွင်းမှု့"ပုဒ်မနဲ့ ဒုသမ္မတမပြောနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကတောင်ပယ်ဖျက်လို့ရတယ် ။

ပထမအကြိမ်လွှတ်တော်မှာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကဆင်းသူတိုင်းရတဲ့ စစ်ပညာမဟာဘွဲ့ရဗိုလ်မှူးကြီး(ငြိမ်း)တစ်ယောက်ကို အရပ်သားအမတ်တစ်ယောက်ကမယုံသင်္ကာနဲ့မေးဘူးတယ်

ခင်ဗျားဒီဘွဲ့တကယ်ရလာတာလားတဲ့ မမှန်ဘဲဘယ်ထည့်ရဲပါ့မလဲလို့ဖြေတာကြားလိုက်တယ် ။

အဲဒီပထမအကြိမ်လွှတ်တော်မှာဘဲ ချင်းပါတီကအမည်မဖေါ်လိုသောအမတ်တစ်ယောက်က သူ့ကိုယ်ရေးရာဇဝင်မှာ

"အကျဉ်းဦးစီးဌာနတွင် ၃ နှစ်တာဝန်ထမ်းဆောင်ဘူး  " လို့ရေးထားတယ် ။

ဒါနဲ့ကျနော်ကမေးတာပေါ့
ဘယ်မြို့မှာလဲ ဘာအဆင့်ရခဲ့လဲ

စပ်စုကြည့်တော့
" ထောင် ၃ နှစ်ကျခဲ့ဘူးတာကိုကြည့်ကောင်းအောင်ရေးထားတာပါ " တဲ့

ဒါနဲ့ကျနော်က
"ဒါဆိုတာဝန်ထမ်းဆောင်တယ်လို့မရေးသင့်ဘူး" ဆိုတော့

သူက " ဟာဗျာ ကျောက်ခဲတွေထုရတယ်လေ ဒါလည်းတာဝန်ထမ်းဆောင်တာဘဲပေါ့" တဲ့ ။

NLD လုပ်ရမှာက ကိုယ့်လူကိုသေခြာပြန်မေးပါ အမှန်အတိုင်းပြောခိုင်းပါ ဖုံးကွယ်လို့ရတဲ့ခေတ်မဟုတ်ဘူးဆိုတာသဘောပေါက်သင့်တယ် သေခြာနေတဲ့ကိစ္စတစ်ခုကိုဇွတ်ဆက်လုပ်နေမယ်ဆိုရင်တော့  အနည်းငယ်သောရွေးချယ်ခံကြံ့ခိုင်ရေးအမတ်များနဲ့တပ်မတော်သားအမတ်တွေ လွှတ်တော်မတက်ဘဲ ရက်ရှည်ခွင့်ယူတာနဲ့တွေ့လိမ့်မယ် လို့ထင်မိပါတယ်  ။

အော်ဒါနဲ့ ဘိုင်သဝေး စကားမစပ် ၁၆ .၃.၂၀၁၆ ကစလို့ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ည ၉ ကစပြီး  "ရှေးဖြစ်ဟောင်းအောင့်မေ့ဖွယ်" ခေါင်းစဉ်နဲ့ ကျနော်၏နားဝင်ပီလျှံစကားသံများကို RFA လေလှိုင်းမှတဆင့်နားဆင်ကြရပါတော့မယ်

ဗျာတို့ရေ  ရှေ့ပိုင်းကဘာတွေပြောပြော နိဂုံးမှာတော့ "ဗျာတို့ရေ" နဲ့ပျော်ရွှင်စွာအဆုံးသပ်ထားလေ့ရှိပါကြောင်း (ထပ်ပြီး) ဗျာတို့ရေလိုက်ပါတယ်ဗျာတို့ရေ ။

ဘူးလက် လှဆွေ

https://m.facebook.com/552324938257171/photos/a.552866424869689.1073741828.552324938257171/586056498217348/?type=3

……………………………………………………………………………………
ဒုသမ္မတလောင်း ဦးဟင်နရီ ဗန်ထီးယိုဟာ ...
ပြည်ပအတွေ့ အကြုံ မရှိလို့ ဖြည့်ထားပေမယ့် ...
ပြည်ပသွားခဲ့တဲ့  မှတ်တမ်းတွေ တွေ့ ရှိရပါတယ် ...

ဦးဟင်နရီ ဗန်ထီးယို ရဲ့ ...
နိုင်ငံကူးလက်မှတ်အမှတ်က A - 321604 ...
ထုတ်ပေးရက်စွဲ - ၁၆.၃.၂၀၀၉ ဖြစ်ပါတယ် ...
သားသမီး သုံးဦးရှိပါတယ် ...

နယူးဇီလန်ကို ကလေးတွေနဲ့ အတူ ....
၁၀.၅.၂၀၁၁ မှာ အလည်အပတ်ဗီဇာနဲ့  ...
ထွက်သွားခဲ့ပါတယ် ...
ဟိုရောက်တဲ့ အချိန်မှာ အလုပ်အကိုင်ဗီဇာကို ...
ပြောင်းလဲလျှောက်ထားခဲ့ပါတယ် ...

ကလေးတွေက ဟိုမှာကျောင်းတက်ပါတယ် ...
ဦးဟင်နရီ ဗန်ထီးယိုကို  ....
မြန်မာသံရုံး ကင်ဘာရာမြို့ က ...
၂၉.၈.၂၀၁၁ ရက်နေ့  မှာ ...
နိုင်ငံကူးလက်မှတ် အမှတ် M-413428 ကို ...
ပြောင်းလဲထုတ်ပေးပါတယ် ...
အဲဒီလို ထုတ်ပေးချိန် မှာတွေ့ ရတဲ့  ...
နယူးဇီလန် ဗီဇာသက်တမ်းက ၃၁.၃.၂၀၁၄ ဖြစ်ပါတယ် ...

၎.၃.၂၀၁၄ မှာ ဦးဟင်နရီဗင်ထီးယို ဟာ ...
ဇနီး ၊ ကလေးသုံးဦးနဲ့ အတူ ...
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ခဲ့ပါတယ် ...

နိုင်ငံကူးလက်မှတ်လျှောက်ချိန် မှာ ဖော်ပြခဲ့တဲ့  ...
ကလေးတွေရဲ့ အချက်အလက်ကတော့ ...
မောင် ဂျက်ဆီဗန်ဘွေး (၁၁တန်း)
Logan Park High School ,  Dunedin , New Zealand
မကျယ်နီဖာရ်ငွန်ရွှေပါးရ်း (၉)တန်း
Logan Park High School , Dunedin , New Zealand
မောင်ဂျိုးဇက်ဗန်ထီးယို (၆) တန်း
Gorge Street , Normal School , Dunedin , New Zealand
တို့ ဖြစ်ကြပါတယ် ...

ရှာဖွေ တွေ့ ရှိတဲ့ အချက်အလက်တွေကို ဖော်ပြတာပါ ...
လွတ်လပ်စွာ ဝေဖန်သုံးသပ်နိုင်ပါတယ် ...

( ရဲမိုး )

No comments: