Wednesday, December 16, 2015

ကျွန်တော်သာဆိုရင် ခရိုနီနဲ့ မပေါင်းပါဘူး၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ပဲ ပေါင်းပါမယ်၊

ကျွန်တော်သာဆိုရင် ခရိုနီနဲ့ မပေါင်းပါဘူး၊
စီးပွားရေး လုပ်ငန်းရှင်နဲ့ပဲ ပေါင်းပါမယ်၊
ကျွန်တော်တို့ ကသာမြို့ကလူတွေ သဘောပေါက်အောင် ရှင်းအောင်ပြောရရင်
စိန်လှိုင်မုန့်တိုက်သည်လည်းကောင်း ဦးစိန် စားသောက်ဆိုင်သည်လည်းကောင်း
မာဃဆေးတိုက်သည်လည်းကောင်း(နောက်ထပ် အများကြီးရှိပါသေးတယ်) စသဖြင့် အစိုးရလုပ်ငန်းများနဲ့ မပတ်သက်သော ကိုယ်ပိုင်လုပ်ငန်းရှင်များကို စီးပွားရေး လုပ်ငန်းရှင်လို့ ခေါ်ပါတယ်၊
  အစိုးရလုပ်နေသောလုပ်ငန်းများ(သို့မဟုတ်) စီမံကိန်းများကို သက်ဆိုင်ရာတို့ကို လာဘ်ပေး လာဘ်ယူ (နည်းမျိုးစုံဖြင့်) ပြုလုပ်၍ ကိုယ်အမြတ်အစွန်းရရေးကိုသာ အဓိကထားလုပ်ကိုင်သူ၊ မိမိအကျိုးစီးပွားအတွက်
အစိုးရရဲ့ မတရားမှုများတွင် ငွေရေးကြေးရေးထောက်ပံ့ကူညီလေ့ရှိသူကို ခရိုနီလို့ ခေါ်ပါတယ်၊
အဲဒါက ကသာမြို့မှာ ဘယ်သူလဲဆိုတော့.....,.,.....,... ပြောတော့ဘူးနော်၊ တရားစွဲခံနေရမှာစိုးလို့...(ဟာဂျူလီ-ကသာ)


No comments: