ကသာမြို့က ဆီကားတွေကိစ္စ(ဟာဂျူလီ-ကသာ)
*********************
မနေ့တုန်းက ကျွန်တော်တို့မီဒီယာကို မော်လူးဒေသခံတစ်ယောက်က ပေးစာတစ်စောင်ပေးခဲ့ပါတယ်၊ ဓာတ်ပုံတ်ေလည်းပါပါတယ်၊ စာပါအကြောင်းအရာကတော့
မော်လူးရွာလယ်ကနေ ဆီတင်ကားကြီးတွေ ဖြတ်သန်းမောင်းနှင်နေတဲ့အတွက် မီးရေးထင်းရေး စိုးရိမ်တဲ့အကြောင်းပါ၊ ဒီစာကိုဖတ်ပြီး ကျွန်တော်ပြုံးမိပါတယ်၊ဘာဖြစ်လို့လည်းဆိုတော့ ဆီတင်ကားကြီးတွေဟာ ကျွန်တော်တို့မြို့ပေါ်မှာလည်း မြို့ထဲကနေ
စည်းမဲ့ကမ်းမဲ့ ဖြတ်သန်းသွာယလာရုံမက ရပ်နားတာ နားနေတာတွေတောင် လုပ်နေကြလို့ပါပဲ၊အရင်တုန်းကတော့ မြို့ထဲ ဆီတင်ကားတွေဖြတ်ရင် သက်ဆိုင်ရာတွေက
ဖမ်းဆီး တရားစွဲတာတွေ လုပ်ခဲ့ဖူးပေမယ့် အခုတော့ အရေးယူတယ်ဆိုတာ မရှိတော့ပါဘူး၊
ကသာဆီခြံက စထွက်တာနဲ့ ကား တစ်စီးကို ၇၀၀၀ပေးလိုက်ရင် ဖမ်းမယ့်သူတွေအားလုံးပျောက်ကုန်တယ်ဆိုတဲ့ စကားလည်း ဆီကားသမားတွေကြားမှာ ကြားနေရပါတယ်၊ အဲဒီလို ကားတစ်စီးကို ၇၀၀၀ဆိုတာက အဖွဲ့စုံအတွက်လို့ သိရပါတယ်၊
ဘယ်အဖွဲ့ဘယ်လောက်ဆိုတာ စာရင်းအတိအကျရထားပေမယ့် လိုအပ်တဲ့အချိန်ရောက်မှ
ထုတ်ပြန်ပေးပါမယ်၊ ပြောချင်တာက ခွဲတမ်းရတဲ့သူတွေဟာ ကသာမြို့သားတွေ မဟုတ်ကြပါဘူး၊ ဆီကားကြောင့် တစ်မြို့လုံး မီးလောင်သွားလည်း သူတ့်အနေနဲ့ ဖုတ်ဖက်ခါပြီး
ကသာမြို့က ထွက်သွားကြမယ့်သူတွေကြီးပါပဲ၊ ခံလိုက်ကြရမှာက ကျွန်တော်တို့ မြို့နေလူထုပဲ
ဖြစ်နေပါတယ်၊ တကယ်တမ်းပြောရရင် အခု ကသာမှာတင်နေကြသလို ပေပါတွေနဲ့
သယ်လို့ မရပါဘူး၊ ဆီဘောက်ဆာနဲ့ပဲ သယ်ဆောင်ကြရမှာပါ၊ အဲဒီလို ဆီဘောက်ဆာနဲ့ သယ်တာတောင် သက်ဆိုင်ရာမှာ ဓာတ်ဆီ ဒီဇယ် အောက်တိန်း စသဖြင့် ထည့်ခွင့်ရထာတဲ့ ဘောက်ဆာ ဟုတ် မဟုတ် အစစ်ဆေးခံပြီးမှ သယ်ခွင့်ရကြတာပါ၊ အခုဟာက
ကသာဆီခြံကနေ စည်းပျက်ကမ်းပျက်တင်ပြီး လစ်ရင် လစ်သလို သယ်နေကြတာဟာ ကသာမြို့အတွက် မီးအန္တရာယ်ရှိနေရုံမက ဖြတ်သန်းသွားလာတဲ့ ကားလမ်းတလျှောက်က ရွာငယ်တွေ မြို့ငယ်တွေအတွက်လည်း စိုးရိမ်စရာ ဖြစ်နေပါတယ်၊ မနှစ်တုန်းက မော်လူးဆေးရုံရှေ့မှာ ဆီတင်ကားတစ်စီး မီးစလောင်ပြီး ယာဉ်မောင်းက သတ္တိရှိရှိမောင်းပြေးခဲ့အတွက် မြို့ပြင်ရောက်မှ မီးလောင်သွားခဲ့ပါတယ်၊ ဒီလပိုင်းမှာလည်း
မော်လူး မရောက်ခင် ဆီကားတစ်စီး မီးလောင်မှုဖြစ်ပြီး လျှပ်စစ်မီးကြိုးတွေပါ မီးထဲ ပါသွားခဲ့ပါတယ်၊ ဒီကားတွေသာ မြို့ထဲမှာ မီးလောင်ရင် ပြီးပြီပေါ့၊ ဘယ်သူမှ ကယ်လို့ ရလိုက်မှာ မဟုတ်ပါဘူး၊
ကဲ ပေးစာပေးတဲ့ မော်လူးဒေသခံရဲ့ ပေးစာကို မဖော်ပြတော့ပါဘူး၊ကသာအကြောင်း ရေးလိုက်တာနဲ့ မော်လူးအကြောင်း ပါပြီးသလို ဖြစ်သွားလို့ မဖော်ပြတော့တာပါ၊ တိုင်စာထဲမှာပါတဲ့ ဓာတ်ပုံတွေကိုတော့ ဖော်ပြပေးလိုက်ပါတယ်။ (ဟာဂျူလီ-ကသာ)

No comments:
Post a Comment