Saturday, March 1, 2014

Naung Taw Lay (၄) လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ = = = = = = = = = = = = = = = = = = = = = လူဦးရေတိုးပွားနှုန်း ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေကို လူ့အခွင့်အရေး အရေခြုံပြီး သူမွေးနိုင်လို့ မွေးတာကို မတားသင့်ပါဘူးလို့ ပြောကြမှာလား။ တကယ်လူ့အခွင့်အရေးသမားစစ်စစ်တွေဆိုရင် လေးစားပါတယ်။ မွေးချင်တိုင်းမွေးတာတော့ တိရစ္ဆာန်ဖြစ်တယ်ဆိုတာ ရိုင်းရင်လည်း ခွင့်လွှတ်ကြပါ ပြောပြီဗျာ။ ၀က်တစ်ကောင်က တစ်ခါသားကျရင် ၅ကောင် ကနေ ၁၂ ကောင်လောက်ထိ ကျတယ်။ ခွေးတစ်ကောင် သားကျရင်လည်း အုပ်လိုက်ပဲ။ ၀က်တွေကို ကမ္ဘာ့ဟင်းလျာဆိုပြီး အသုံးပြုကြတယ်။ ခွေးတွေလည်း ထိုနည်းလည်းကောင်းပေါ့ဗျာ။ ဒါပေမယ့် ခွေးကြတော့ ကမ္ဘာ့ဟင်းလျာအဆင့်တောင် မ၀င်တော့ဘူး။ လူတွေကို ခွေးတွေ ၊ ၀က်တွေလို ပစ်စလတ်ခက် ထားလို့မရဘူး။ တစ်ကမ္ဘာလုံးက ချိန်ဆနေကြတယ်။ လူဦးရေတိုးပွားနှုန်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာဆိုတာကို အမြဲတမ်းတွက်ကိန်းတွေ ထုတ်နေကြတာပဲ။ ကမ္ဘာပတ်နေကြသူတွေ ပိုသိမှာပေါ့ဗျာ။ မွေးချင်တိုင်းမွေးပြီး ကမ္ဘာကို မီးလောင်တိုက်သွင်းမယ့်အန္တရာယ်တွေကိုလည်း ကြိုမြင်ကြပေါ့ဗျာ။ ကမ္ဘာ့စံတွေကို အမြဲမပြတ်လေ့လာ သုံးသတ် မှတ်ချက်ပေးနေသူတွေ ကိုယ့်နိုင်ငံကိုယ့်လူမျိုး အတွက်သင့်လျှော်တဲ့အလုပ် လုပ်တာကို မသိကျိုးကျွန်ပြုနေကြတာ အံ့သြလွန်းလို့ . . . . .

No comments: