မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, March 1, 2014
"အပြင်မီး အတွင်း သယ်လာမယ် ဆိုရင်"
ကျနော်တို့ငယ်ငယ်က ရုံတင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတကား ရှိပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ပစ္စဖိတ်သမုဒ္ဒရာထဲက လူသူကင်းမဲ့တဲ့ ကျွန်းလေးတကျွန်းပေါ် ကို အမေရိကန်မဟာမိတ်လေသူရဲတဦး နဲ့၊ သင်္ဘောပျက်ပြီး ရောက်နေတဲ့ ဂျပန်စစ်
ဗိုလ်တဦးတို့ ရောက်ခဲ့ကြတယ်။
အစောပိုင်းမှာ သူတို့နှစ်ယောက် အပြန်အလှန် သဲကြီးမဲကြီး တိုက်ခိုက်ခဲ့ကြတယ်။
ဘယ်သူ့ဘယ်သူမှလည်း အနိုင်မယူနိုင်ကြဘူး။ အဆုံးမှာတော့ နှစ်ယောက်သား ညီညွတ်ခဲ့ကြပြီး၊ ဒီကျွန်းပေါ်မှာ တကယ်လိုအပ်နေတဲ့ အစာရေစာ၊ လုံခြုံမှုတွေကို အတူ
ရှာဖွေ၊ အခက်အခဲတွေကို အတူဖြေရှင်းပြီး၊ ခင်မင်စွာ နေလာခဲ့တယ်။
တနေ့မှာတော့ သင်္ဘောပျက်တစင်းကနေ ရိက္ခာတွေ၊ အသုံးအဆောင်တွေ သယ်ပြီး၊
သူတို့တွေ ဟန်ကျကြသဗျာ။ မစားရတာ အတော်ကြာတဲ့ စားကောင်းသောက်ဖွယ်
တွေ စားရ၊ မုတ်ဆိတ်တွေ ရိတ်ကြ၊ အ၀တ်အစားတွေ လဲ ကြပေါ့။
အဲဒီလို အသုံးအဆောင်တွေ နဲ့အတူ ပါလာတဲ့ သတင်းဂျာနယ်တွေကို အမေရိကန်
က လှန်ကြည့်တယ်။ စစ်သတင်းတွေ။
ဂျပန်သုံ့ပန်းတွေကို မဟာမိတ်တွေက လှောင်ပြောင် သရော်၊ ချိုးနှိမ်ပြီး ရေးသား
ဓါတ်ပုံတွေ ဖေါ်ပြထားတဲ့ သတင်းတွေ။
ဒါကို ဖတ်ရ၊ တွေ့ရတဲ့ ဂျပန်ကြီး ဒေါသူပုန်ထပြီး၊ နှစ်ယောက်သား ညစာစားနေရာက
နေ ပြန် ရန်ဖြစ်တော့တာပါပဲ။
ဒေါသတကြီးနဲ့ ကန်ထုတ်လိုက်တဲ့ ခုံက မီးတိုင်ကို သွားထိ၊ အနားက ရေနံဆီပုံးတွေ၊
နောက် ကျည်ဆန်သေတ္တာတွေ အထိကူးသွားပြီး၊ ကျွန်းကြီး တကျွန်းလုံး မီးဟုန်းဟုန်း
တောက်လို့ ဇာတ်သိမ်း သွားပါလေရဲ့။
ဒီ ကျွန်းပေါ်မှာ လတ်တလော ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အတူတကွ ညီညွတ်မှ
ဖြေရှင်းလို့ ရမယ် ဆိုတာ သိသိနဲ့၊
ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓါတ်
ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့ စိတ်လိုက်မာန်ပါစိတ်ဓါတ်
လိုသလို မွှေတတ်တဲ့ မီဒီယာ တို့ကိုသတိထားပါလေ။
အဲဒီကား ကို ကြည့်ပြီး ငယ်ငယ်ကတော့ ငြိမ်းချမ်းရေး နဲ့ လူသားသဘာဝ ကို အဓိက မက်ဆေ့ခ်ျပေးတယ် လို့ အောင့်မေ့ခဲ့တယ်။
ခု ကြီးလာတဲ့အခါမှာတော့ "မီဒီယာ အန္တရာယ်" လို့ မြင်မိပါတော့တယ်။
အားလုံး မွှေနေတဲ့ ဟောဒီ ဖေ့စ်ဘွတ်ခ်ပေါ်က မီဒီယာ အန္တရာယ် ကို မြင်ကြပါ။
မွတ်စလင်မဟုတ်တဲ့ မွတ်စလင်တွေ
အမျိုးသားရေး မဟုတ်တဲ့ အမျိုးသားရေးတွေ
ဒီမို မဟုတ်တဲ့ ဒီမိုတွေ
တိုင်းရင်းသား မဟုတ်တဲ့ တိုင်းရင်းသားတွေ
စစ်သား မဟုတ်တဲ့ စစ်သားတွေ
မွှေနေလေရဲ့။
မမေ့၊ မလျော့၊ မပေါ့သော သတိတို့ဖြင့်
အာဏာရှင်တော်လှန်ရေး ကို ဆက်ကြပါလေ။
ချိုတူးဇော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment