Thursday, March 13, 2014

"""မေးခွန်းတွေ. .. မေးစရာ အများကြီး . . .""" ရန်ကုန်တမြို့လုံးနီးပါး မြို့လယ် ၃၅ လမ်း၊ ၃၆ လမ်းစတဲ့ လမ်းတွေကအစ အိမ်တိုင်းစေ့ ပိုက်ဆံတွေ သောင်းချီ၊ သိန်းချီ ကောက်ပြီး ခင်းထားတာချည်းပဲ။ ပြီးရင် တပ်မတော်က တည်ဆောက်ခဲ့တယ် လို့ အရှက်မရှိပြောဦးမယ်။ ဒီတိုင်းပြည်မှာ အဲဒီ တပ်မတော်လည်ပင်းကော်ထုတ်ရင်တောင် သာမန် နဖူးကချွေးခြေမကျခံပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူရဲ့ ထမင်းစေ့ ရှိတယ်။ နိုင်ငံတကာမှာ ကျွန်ခံပြီး ရှာနေတဲ့ လူငယ်လေးပေါင်းများစွာရဲ့ ဒေါ်လာငွေတွေ ရှိတယ်။ အဲဒါတွေကို နှစ်စဉ် သန်းပေါင်းများစွာ အခွန်ဆောင်နေတာ ကျနော်တို့ ပြည်သူချင်း သတ် ဖို့ မဟုတ်ဘူး။ မကြာသေးခင်ကမှ လာသေးတယ်၊ ပြောခဲ့တာ၊ တပ်မတော် က ကိုယ့်ဖါသာ ရပ်တည်နိုင်တယ် တဲ့။ စိန် လိုက်ပါ။ ရပ်တည်ပါ။ ကျနော်တို့ ရဲ့ ဘဏ္ဍာငွေကို လုံးဝ မထိဘဲ ရပ်တည်စေချင်တယ်။ ခင်ဗျားတို့လဲ နယ်စပ်က လက်နက်ကိုင်အဖွဲ့အသီးသီး လို ကိုယ့်ဖါသာ ရပ်တည်နိုင်ပါပေရဲ့။ တပ်မတော် နာမည်ခံခံ၊ ကြိုက်တဲ့နာမည်ခံ၊ ခင်ဗျားတို့ဟာ ပြည်သူနဲ့ မဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့အနေနဲ့ ရပ်တည်နိုင်ပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့လည်း ကိုယ့်ဖါသာ ကိုယ့်ကိုယ်ကာကွယ်ဖို့ တပ်ဖွဲ့မယ် သဘောတူသလား၊ ခင်ဗျားတို့ကမှ ပြည်သူနဲ့ မဆိုင်တော့တာ လို့ မေးခွန်းပြန်ထုတ်စရာပဲ။ ချိုတူးဇော်

No comments: