Thursday, March 13, 2014

" အာဇာနည် ခေါင်းဆောင်ကို ၂ခါလုပ်ကြံ သတ်ဖြတ်က အမျိုးပျောက်မည် " အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူ လူတစ်စုမှ လုပ်ကြံ သတ်ဖြတ်ခဲ့သောကြောင့် ပန်းတိုင်မရောက်ခင် ကျဆုံးခဲ့ရလေသည်။ သိုသော် သူ့နောက်လိုက် တစ်မျိုးသားလုံး ပန်းတိုင်အရောက် ဆက်သွားကာ ပန်းဝင်နိုင်ခဲ့ကြသည်။ သို့ရာတွင် ယနေ့ထိ ခေါင်းဆောင်ကြီး ထားခဲ့သော အောင်ပန်းတော့ မစွတ်နိုင်သေးပါ။ အောင်ပန်း မစွတ်နိုင်သေးလည်း နေပါစေ၊ ဝင်ပြီးသား ပန်းတိုင်ကနေ နောက်ကြောင်းပြန် မဆုတ်ဖို့တော့ လိုပါသည်။ ထို့ကြောင့် ယနေ့ လူငယ် မျိုးဆက်သစ် များသည် အသက်ရှင် ကျန်ရှိနေတဲ့ အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကို ထပ်မံလုပ်ကြံ သတ်ဖြတ်မယ့် မသမာသူများ မဖြစ်ဖို့လိုသည်။ သို့မှသာ ခေါင်းဆောင်ကြီး ထားခဲ့သော အောင်ပန်းကို ယနေ့ တို့လူငယ်များ စွတ်နိုင်ပေမည်။ ယနေ့ လူငယ်များအားလုံး ခေါင်းဆောင်ကြီးကဲ့သို့ ဆက်လက် အားမထုတ်က အောင်ပန်းစွတ်ဖို့ ဝေးပြီး အမျိုးပါ ပျောက်လိမ့်ပေမည်။ ယနေ့ လူငယ်များ ရှေးအမှားတွေ ပယ်လို့ လူတော်လူကောင်းများ အဖြစ်သို့သာ အားထုတ်ကြပါစို့။ ပုသိမ် မင်းသူ(4-3-2014, 11:47pm)

No comments: