Wednesday, March 26, 2014

အာဆီယံ အစိုးရတွေ လာဘ်စားမှု၊ သတင်းထိန်ချန်မှု၊ ပွင့်လင်းရိုးသားခြင်း မရှိမှု၊ အခွင့်ခြောင်းပြီး အတိုက်အခံကို အတင်းဆွဲထည့် အပုပ်ချမှု... စတဲ့ ပုလင်းတူ ဗူးဆို့ အကျင့်မကောင်းတာမှာ တူညီချက်တွေကတော့ မလေး လေယဉ်ပျောက်မှုမှာ အထင်အရှားပဲ။ တကယ်ဆို နောက်ဆုံးကြေငြာတဲ့ ရေထဲ ပျက်ကျတယ်ဆိုတဲ့ ဒီသတင်းက အခုထက် စောစော သိရဖို့ ရှိတယ်။ မိသားစုတွေလည်း ဟုတ်နိုးနိုး လူပင်ပန်း စိတ်ပင်ပန်းတာ မဖြစ်တော့ဘူး။ အခုတော့ အရှုးမီးဝိုင်းသလို ဘာလုပ်ရမယ်မှန်း မသိဘဲနဲ့  ရက်ပေါင်းများစွာ ပူပန်ပြီ နေကြရတယ်။ အခြားနိုင်ငံတွေက ငွေကုန် လူပမ်းခံပြီး သူတို့ အစိုးရပေးတဲ့ သတင်းအတိုင်း လိုက်ရှာပေးတယ်။ ၃ ရက်လောက် ရှာပြီးမှ မလေးစစ်တပ် ရေဒါကနေ ပြန်လှည့်သွားတယ် ဆိုတာ ထုတ်ပြောတယ်။ ဘလောင်းဘလဲ လုပ်ပြီး သတင်းထိန်ချန်တယ်။ ဟိုက စေတနာနဲ့ ရှာသူတွေက ဘယ်လောက် စိတ်တိုမလဲတွေးကြည့်။ ရှာဖွေစရိတ်က နည်းတာ မဟုတ်ဘူး။ .. အခုလည်း သတင်းတွေကို တောငိပြော မြောက်ရှာ မလုပ်ဘဲ ...အမှန်အတိုင်း ကြေငြာပြီး လမ်းကြောင်းတစ်လျှောက် သေချာ စီစစ်ရင် ရေထဲ ပျက်ကျတယ် ဆိုတာ အစောကတည်းက သိနိင်တယ်။ ဒါကို ကြားက ဘာမှမဆိုင်တဲ့ အတိုက်အခံကို စွဲထည့်ပြီး အပုပ်ချ တိုက်ခိုက်လိုက်သေးတယ်။ တာဝန်ထမ်းဆောင်ရင်း သေသွားတဲ့ လေယဉ်မှူးကိုလည်း အသရေဖျက်လိုက်သေးတယ်။ တကယ်က သူတို့  က မရိုးသားဘဲ သတင်းထိန်ချန်ခဲ့တာက အဓိက ပြသနာပဲ။ အာဆီယံ အစိုးရတွေ အရှက်မဲ့ လိမ်လည် အခွင့်ကောင်းယူပုံတွေ ကတော့ တစ်ထောင့်တစ်ည ပုံပြင်လို ဆုံးနိုင်မယ် မထင်ဘူး။ (ကိုထိုက်)

No comments: