Sunday, March 30, 2014

ကျွန်တော်ငယ်ငယ်က brain wash အလုပ်ခံထားရတော့ မြန်မာ့တပ်မတော်က ပြည်သူ့ ဘက်တော်သားl တိုင်းရင်းသား လက်နက်ကိုင်တွေက သောင်းကျန်းသူတွေလို့ မှတ်ယူထားပါတယ်။ ဒါ့ကြောင့်မို့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေ အတုန်းအရုန်း ကျဆုံးရင် အားရဝမ်းသာ ရှိခဲ့သလို မြန်မာ့ တပ်မတော်သား အချို့ ကျဆုံးရင် ဝမ်းနည်းပြီး ဒေါသဖြစ်ခဲ့ ရပါတယ်။ ၈၈၈၈ အရေးတော်ပုံl ၁၉၉၀ မန္တလေး သံဃာတော်များl ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွေမှာ စစ်တပ်ရဲ့ ရဟန်းရှင်လူ ပြည်သူတွေ အပေါ်မှာ လူမဆန်စွာနဲ့ ရိုင်းစိုင်း ယုတ်မာတဲ့ အပြုအမူတွေကို မျက်မြင်ကိုယ်တွေ့ သိရှိလာရာမှ စပြီး မြန်မာ့ တပ်မတော်ဆိုတာ ပြည်သူကို ကာကွယ် စောင့်ရှောက်ပေးတာ မဟုတ်l လူတစ်စု အဖွဲ့အစည်း တစ်ခုကို ကာကွယ် စောင့်ရှောက် ပေးနေသူတွေ သူတို့ရဲ့ အကျိုးစီးပွားကို ဦးထိပ် ပန်ဆင်နေတယ် ဆိုတာကို သဘောပေါက် လာပါတယ်။ ကျွန်တော်က မြန်မာ့ တပ်မတော်ကို ဗိုလ်ချုပ်တို့ လက်ထက်ကလို ပြည်သူကို ကာကွယ် စောင့်ရှောက်တဲ့ ပြည်သူချစ်တဲ့ တပ်မတော် အဖြစ် ပြန်လည် မြင်တွေ့လိုသူပါ။ ခေတ်တစ်ခေတ် ပြောင်းတိုင်း ပြည်သူချစ်တဲ့ တပ်မတော် ပြန်ဖြစ်လာလေ မလားလို့ အားကိုးတစ်ကြီးနဲ့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ (၆၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ စစ်ရေးပြ မိန်းခွန်းကို ဖတ်ရတဲ့ အခါမှာတော့ မြန်မာ့ တပ်မတော်ဟာ လက်ရှိ အခြေအနေကို ဆွဲကိုင်ထားလိုပြီး ပြည်သူကို ကိုယ်စားပြုမဲ့ ပြည်သူ့ တပ်မတော် အဖြစ်သို့ အသွင်ပြောင်းလိုစိတ် မရှိသေးဘူး ဆိုတာကို ဝမ်းနည်း ကြေကွဲဖွယ်ရာ သိရှိလိုက်ရပါတယ် ခင်ဗျာ။ ကောင်းနိုင်

No comments: