Friday, March 28, 2014

ကမ္ဘာသက်တွက်ခြင်းနဲ့ ရခဲတဲ့သာသနာ ပိဋကတ်ကျမ်းလာ အင်္ဂုတ္တိုရ်ပါဠိတော်အရဆိုသော် ဘုရားရှင် ပွင့်ခဲ့သည်မှာ တာဝတိံသာ နတ်တို့အတွက် ၂၅ ရက်ခန့်ရှိပြီး၊ ယာမာနတ်တို့အတွက် ၁၂ ရက်ခွဲမျှသာရှိသေးရာ၊ ဗုဒ္ဓပွင့်ခဲ့ သည်မှာ ကမ္ဘာကြီးရှည်ကြာခြင်းနှင့်တွက်လျှင် ပူပူနွေးနွေး ဘုရားသာသနာကြီးဖြစ်ပေသည်။ အချို့သော ဗြဟ္မဏ၊ မဟာယာနတို့၏ တပည့်တပန်းများက မျက်စိလည်စရာ အရိမတ္တေ ယျဘုရားရှင်ကို မျှော်ခိုင်းနေသေးသည်။ သူတို့ကိုယ်တိုင် သိပုံမရ၊ သူတို့ကိုယ်တိုင် အလိမ်ခံနေရပုံ ရသည်။ ဂေါတမဘုရားရှင်၏ သာသနာအရိပ်အောက်မှ စကြာဝဠာအနန္တ ဝေးကွာသော အရပ်မှ ဘုရားကို မျှော်နေသည်မှာ အလှမ်းဝေးလွန်းလှသည်။ ထိုသူများအတွက် လယ်တီဆရာတော်ကြီးမှ အားမလိုအားမရဖြင့် ဒါန၊ သီလ၊ လက်စဖွားဖွား ပြုလုပ်ငြား၍ နောက်ဘုရားမှ အများငါတို့ ပါကြစို့လား၊ ဘုရားမဆုံး၊ နောက်မဆုံးဘဲ အနှုန်းရှည်ကြာ သံသရာဝယ်”” တဲ့ ဤသို့ ဆိုခဲ့ပေသည်။ ဘုရားတစ်ဆူနှင့်တစ်ဆူကြား၊ ကြာမြင့်မူအချိန်ကာလကို ဂဏန်းချပြ၍ မရသည်ကိုလည်း သိရပေမည်။ တစ်ကမ္ဘာဟူသည် အသင်္ချေယျ ကပ် ၄ကပ်မျှ ကြာမြင့်ကြောင်းကိုလည်း အဋ္ဌကထာ ဆရာတို့ ဆုံးဖြတ်ကြ၏။ အသင်္ချေယျကပ် (ကပ္ပအသင်္ချေ) တစ်ကပ်တွင် လေးမျိုးသော ကပ်တို့ပါရှိ ၏။ (က) သံဝဋ္ဋကပ် (ကမ္ဘာပျက်ဆဲကာလ) (ခ) သံဝဋ္ဋယီကပ် (အပျက်အတိုင်းတည်နေသောကာလ) (ဂ) ၀ိဝဋ္ဋကပ် (ကမ္ဘာတည်သောကာလ) (ဃ) ၀ိဝဋ္ဋဠာယီကပ် (ကမ္ဘတည်ရှိနေသည့်အတိုင်း ဆက်လက်တည်ရှိကာလ) နောက်ဆုံးကပ်ဖြစ်သော ၀ိဝဋ္ဋယီကပ်တစ်ခု၏ ရှည်လျားသော အချိန်ကာလကိုပင်၊ တွက် ကြည့်ပါစို့။ ကမ္ဘာတည်ပြီး လူတို့နေရန်အတွက် အဆင်ပြေသော ရေမြေသဘာဝ၊ ဥတုတို့မျှ တချိန် မှ၍ လူတို့သက်တမ်း အသင်္ချေတမ်းမှ စတင်ကာ၊ဆယ်နှစ်တန်းမှ အသင်္ချေသက်တမ်းအထိ တက် လိုက်၊ ဤသို့ဖြင့် ဆုပ်ကပ်၊ ဆက်ကပ်များ ဖြစ်စေ၏။ ဆုပ်ကပ်တက်ကပ်တစ်စုံကို အန္တရကပ်တစ်စုံ ဟုခေါ်၏။ ယင်း အန္တရကပ် ၆၄၊ ကပ်ပြည့်သောအခါ ကမ္ဘာပျက်မည်။ ထို့ကြောင့် ၀ိဝဋ္ဋဠာယီကပ် တစ်ခုကို အန္တရကပ် ၆၄ ကပ်ဖြင့် ပိုင်းခြားလေ့ရှိ၏။ ဤကပ် ကမ္ဘာတို့ အပိုင်းအခြားအားဖြင့် ထိုအရေအတွက်သည်ပင်၊ အသင်္ချေယျတကပ်ဟု တွက် ကြပါစို့။ ထိုအသင်္ချေတကပ်ကို ရေတွက်ရာ၌ အဠကထာဆရာတို့က၊ ဂဏနအသင်္ချေ၊ အနုမာနအသင်္ချေ၊ ကပ္ပအသင်္ချေ၊ ဗုဒ္ဓအသေင်္ချဟူ၍ ခွဲထားလိုက်သေး၏။ အမှန်ပင် အသင်္ချေယျ တကပ်စီ၊ တကပ်စီ၏ အချိန်ကာလနှစ်အပိုင်းအခြားကိုပင်၊ ပိုင်းခြားရေတွက်ပြရန် မဖြစ်နိုင်ပုံကို မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်(မ)၌၊ ပဗ္ဗတသုတ်၊ သာသပသုတ်၊ သာဝကသုတ်၊ ဂင်္ဂါသုတ် စသည့် သုတ်တို့၌ တွေ့ရှိရလေသည်။ သံယုတ်ပါဠိ(မ) သာသပသုတ်တွင် ဤသို့ တွေ့ရ၏။ မြတ်စွာဘုရားရှင်သာဝတ္တိပြည်၌ သီတင်းသုံးနေစဉ်၊ ရဟန်းတစ်ပါး၏ လျှောက်ထားချက်အရ ကမ္ဘာကြီးရှည်ကြာပုံကို ““ရဟန်းကမ္ဘာ သည် ရှည်လျားလှ၏။ ကမ္ဘာရှည်လျားပုံကို ဤမျှသော နှစ်အရာ၊ ဤမျှသော နှစ်အထောင်၊ ဤမျှ သော နှစ်အသောင်း၊ ဤမျှသော နှစ်အသိန်းဟူ၍ ရေတွက်ခြင်းငှာ မလွယ်။ ရဟန်းဥပမာပြဆိုလျှင် ပြနိုင်ကောင်း၏။ တယူဇနာကို၁၂မိုင်ဖြင့်တွက်ပါ ဥပမာကား – အလျားတစ်ယူဇနာ၊ အနံတစ် ယူဇနာ၊ စောက်တစ်ယူဇနာရှိသော မုန်ညင်းစေ့တို့ဖြင့် အပြည့်ရှိသော သံကိုယ်ထည်သည်ရှိ၏။ ထို သံကိုယ်သည် (သံဂိုဒေါင်) အတွင်းမှ ယောက်ျားတစ်ယောက်သည်၊ အနှစ်တစ်ရာ၊ တစ်ရာလျှင် မုန်းညင်းစေ့၊ တစ်စေ့တစ်စေ့ ထုတ်ယူဆိုပါက၊ အချိန်ကာလတစ်ခု၌ မုန်ညင်းစေ့တို့ ကုန်နိုင်ရာ၏။ ကမ္ဘာသည် ကုန်ဆုံးခြင်းသို့ မရောက်နိုင်သေး။ ရဟန်းကမ္ဘာသည် ဤမျှရှည်၏။ ဤရှည်လှစွာသော သံသရာမှ လွတ်မြောက်အောင် အားထုတ်သင့်၏။ သတ္တ၀ါတို့သည် ထိုမျှရှည်လျားလှစွာသော သံသရာမှ ကင်းလွတ်ရန်အတွက် လူ့ဘ၀သို့ ခေတ္တရောက်လာခဲ့ကြခြင်းဖြစ်၏။ သတ္တ၀ါတို့ အစဉ်သဖြင့် နေသောဘုံမှာ အပါယ်ဘုံဖြစ်ကြောင်း ဆရာတော်ကြီးများမကြာခဏ ဟောကြားတတ်၏။ သတ္တ၀ါတို့ဟုဆိုရာတွင် ကမ္ဘာပေါ်ရှိ လူ အားလုံးတို့ကို ဆိုလိုသည်။ ကမ္ဘာကြီးပေါ်မှ များလှစွာသော လူအမျိုးမျိုး၊ အနွယ်အမျိုးမျိုးတို့သည်၊ သံသရာမှ လွတ်မြောက်ချိန်ရောက်ရှိလာပါက၊ သစ္စာတရားကြီးနာယူရန်အတွက် ရှာဖွေ၍ ရောက် လာတတ်ကြသည်။ တရားစာပေကိုshareပေးရုံနဲ့  သင့်မှာကုသိုလ်တိုးတဟ် ဓမ္မဒါနကိုအလိုလိုရတယ် အမတဒါန အသိဉာဏ်အလှု တရားအလှူ နိဗ္ဗာန်အလှူတွေပါ ဖတ်မိသူတွေအသိတိုးပြီးသုတမယ တရားဗဟုသုတတွေရ အသိတလုံးအဆုံးနိဗ္ဗာန် တလုံးသိတလုံးကျင့် တလုံးမျှဝေပါ အမြတ်ဆုံးကုသိုလ်ကိုONLINEသုံးရင်းအရယူကြပါလို့ နိဗ္ဗာန်ဆော်ပါတဟ် ဒီစာမှမဟုတ်ပါဘူး တရားစာတွေမျှဝေရင်းမိတ်ဆွေတို့ ကုသိုလ်တိုးပွားဖို့ပဲ မျှော်လင့်ပါတဟ် ဖတ်ထားမိသမျှလေးတွေ ထဲကသိသင့်တာလေးတွေပြန်မျှဝေပါတယ် ကြိုက်ရင် like သိစေဖို့လဲshareသွားပါဦး အားလုံးသုတတိုးပါစေ ဤသည့်ကေါင်းမှုအစုစု နိဗ္ဗာန်ဆုသာဖြစ်စေသော်ဝ်။

No comments: