Friday, March 21, 2014

မိဘပြည်သုများ ခင်ဗျား ဆိုတဲ့အသံကြားပြီး ဒီ သနားကမားရုပ်ကြီးမြင်လိုက်တိုင်း ၊ အော် ၊ လူမျိုးဘာသာ မခွဲခြား ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတာကို ဝဋ်ကျေတန်းကျေ ပြောပြီး မျိုးစောင့်ဥပဒေ မဖြစ်မနေပြဋ္ဌန်းပေး ဖို့ လွှတ်တော်ကို ဂျစ်တိုက်တာ ဒီလူကြီး မှ ဒီလူကြီး ။ အော် ၊ အကျင့်ပျက်ခြစား နေတဲ့ ဗျူရိုကရေစီ ယန္တရား ရဲ့ နှိပ်စက် တဲ့ဒဏ် ကလွတ်တော့မလားလို့ ပြည်သူတွေက စိတ်ကူးယဉ် ကာစ ရှိသေး ငွေကျပ် ၃ သိန်းနဲ့ အောက် လွတ်လပ်စွာ လဘ်ပေးလဘ်ယူ လုပ်ဖို့ တရားဝင်ဈေးဖွင့်ပေး လိုက်တာ သူ မှ သူ အစစ် ။ အော် ၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီ တွေ ကို လုံးဝ လက်မခံ နိုင်ပါဘူး လို့ လူသိရှင်ကြား ငြင်းပြီး ရောက်နှင့် နေပြီးသား ၊ ယာယီသက်သေခံကဒ်ပြားတွေ လက်လွန်ခြေလွန်ထုတ်ပေးထားပြီးသား ဘင်္ဂါလီတွေ ကို သူတို့ အလိုကျ ရိုဟင်ဂျာ အဖြစ်လက်ခံပေး ဖို့ လဝက ဝန်ကြီး ကို အမိန့်ပေးခဲ့ တာ ဒင်း မှ ဒင်း ။ အော် ၊ စစ်ပွဲတွေမှာ ဘယ်ဖက်ကကျဆုံး၊ ကျဆုံး တိုင်းပြည်ရဲ့ ဆုံးရှုံး မှုပါပဲ လို့ သံဝေဂ စကား တွေ ဒီနေ့ပြောကြားနေပေမယ့် မနေ့ တစ်နေ့က ခရစ်စမတ်နေ့ မှာ ခရစ်ယာန်ဘာသာဝင်ကချင်လက်နှက်ကိုင် KIA စခန်းတွေ ကို ဝင်တိုက်ပြီး ၊လေယာဉ်နဲ့ ဗုံးပါကျဲ ခဲ့တဲ့ လုပ်ရပ်မှာ တာဝန်မကင်းတဲ့သူ ဟာဒီ လူ ။ အော် ၊ နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ မျက်နှာချင်းဆိုင်ဖို့ နိုင်ငံရပ်ခြား သွားခါနီးတိုင်း လှောင်အိမ်ထဲ ငုံ့ ကြည့်ပြီး ငါသွား တာနဲ့ ဒီ အထဲက ဘယ်နှစ်ကောင်လွှတ်လိုက်၊ နာမည်ကြီးတွေလည်းနဲနဲပါးပါး ပါပစေ ဆိုပြီး မှာပြီး မှသွား တာ သူရေးခြာသူ ။ အော် ၊ နိုင်ငံ့ ဘဏ္ဍာ အမြောက်အများ ဆုံးရှုံး နေရမှု တွေ ကို ဖေါ်ထုတ်ချပြခဲ့တဲ့ စာရင်းစစ်ချုပ်ကို ဖြုတ်ပြီး အဲဒီ ဆုံးရှုံးမှု အချို့ မှာ တာဝန်ရှိနေတဲ့ ဝန်ကြီး ကို စာရင်းစစ်ချုပ်ပြန်ခန့် ခဲ့တာ ဒီ ဘဲ မှ ဒီဘဲ ။ အော် ၊ပြည်နယ်အုပ်ချုပ်ရေး ကို ထိထိရောက်ရောက် ဖိအားပေး၊ မိခင်ပါတီ ရဲ့ခေါင်းဆောင်အချို့ ကိုပါ အာခံ ခဲ့ ပြီး လူထု အတွက်ပြတ်ပြတ်သားသားရပ်တည်ခဲ့ တဲ့ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ တစ်ရောက် ကို ဝန်ကြီးနေရာ ခန့် စာနဲ့ လွှတ်တော်ထဲ က ကော်ထုတ်ပြီး အနီး မှာ ခေါ်အုပ်ထား တာလည်း ဒီ ကိုယ်တော်ချော မှ ဒီ ကိုယ်တော်ချော။ အော် ၊ပြည်သူလူထု ဆန္ဒ အရ မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းတယ် လို့ ပြော ပြီး ကျူပ်ပြောတာ ဒီသက်တမ်းငါးနှစ် အတွင်းမှာပဲပြောတာနော်ဆိုပြီး တရုတ်ဖက်ကို လှည့်ုပြီး မျက်စိမှိတ်ပြ ထားလို့ ၅ နှစ်တာ နစ်နာကြေး ပါထပ်ဆောင်းပြီးတောင်းဖို့ အပြီးထွက်မသွားပဲ တရုတ်ကို Wait and See လုပ်ခိုင်းထားသော ထို အသင်လူသားဟာ သူ မှ သူ ။ သူ သူ သူ သူ ဆိုပြီး မနည်း ကိုယ့်ကိုယ်ကို ဆုံးမ နားချနေရပါ့၊ အော်ငါ့နှယ် ၊ ရုပ်ခံနဲ့ လုပ်ကြံ ခံ ရတော့ မလို့ ၊ တော်သေး ။ သီဟသွေး

No comments: