Monday, March 3, 2014

မိခင်နှင့်ကလေး ၊ အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အစီအစဉ်ကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ဝန်ဆောင်မှုပေးရန် Ooredoo စီစဉ် ========= မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်မည့် Ooredoo Myanmar Co.,Ltd က မိခင်၊ ကလေးနှင့် အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်သွားမည့် mWomen ဟူသည့် စီမံကိန်းတစ်ခုကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မိုဘိုင်းဖုန်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေးများ၊ အမျိုးသမီးများ၏ ကျန်းမာရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို အခမဲ့စနစ်ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် Ooredoo Myanmar Co.,Ltd မှ သတင်းထုတ်ပြန်သည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဆေးရုံ၊ ဆေးခန်းမဟုတ်သည့် ပြင်ပနေရာတွင် မီးဖွားနှုန်းများပြားခြင်း၊ ကလေးသူငယ် အသေအပျောက်နှုန်းနှင့် အာဟာရချို့တဲ့နှုန်းလည်း များပြားနေသည့် အချက်အလက်များကို ၎င်းတို့ ရရှိထားခြင်းကြောင့် ယခုကဲ့သို့ မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဆောင်ရွက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ အပြည့်အစုံဖတ်ရန် ===> http://myanmarinternetjournal.com/content/11412

No comments: