Sunday, March 30, 2014

ပညာရေး သင်းကွပ်ခံထားရတာရယ် ယုံကြည်မှု ကင်းမဲ့တာရယ် ပေါင်းတော့ ... သန်းခေါင်စာရင်း ကောက်တာ ပြဿနာတွေ ရှုပ်တော့တာပါပဲ။ တချို့ မေးခွန်းတွေက ... မယုံကြည်မှုနဲ့ ဖြေရမှာ တွန့်ကြတယ်။ ဥပမာ ... တီဗွီရှိလား၊ ရေခဲ သေတ္တာ သုံးလား၊ ဘာအိမ်သာ သုံးလဲ ... စသဖြင့်ပေါ့။ ဒါတွေက မယုံကြည်မှု နောက်ဆက်တွဲနဲ့ လူတွေက ဖြေဖို့ တွန့်ကြတယ်။ ကောက်သူတွေထဲမှာလည်း အများစုကလဲ ဘာကြောင့် ဒါတွေ ကောက်ရသလဲ သေချာ နားလည်သလား ... ။ ဒါလည်း မသေချာဘူး။ ဒုတိယပြဿနာကတော့ အများသိတဲ့ လူမျိုး ပြဿနာ။ ...... နိုင်ငံရဲ့ လူမှု့ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေအတွက် ပညာရပ်ပိုင်းဆိုင်ရာအရ စာရင်းတွေ ရှိထားဖို့ လိုပေမယ့် ဒီအချိန်မှာ ပြဿနာတွေ ကြီးနေတဲ့ အချိန်မှာ ... မကောက်သင့်ပါဘူး။ ဒါကို မကောက်ဘဲ ချန်ထားခဲ့ပြီး ... ထားလိုက်တာ ဖြစ်ဖြစ်၊ ဒီနှစ် သန်းခေါင်စာရင်း မကောက်ဘဲ နောက် တစ်နှစ် (သို့) နှစ်နှစ် လောက်မှ အားလုံးကို ကောက်တာဖြစ်ဖြစ် အချိန်ရွေ့လိုက်လည်း ရနိုင်ပါတယ်။ အနှစ် ၃၀ လောက် မကောက်ဘဲ ထားခဲ့ရာက နောက် တစ်နှစ် နှစ်နှစ် ရွေ့လည်း ရနေနိုင်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံရေး ပြဿနာ ပိုတိုးလာတာမျိုးကတော့ ... ကောင်းချီးပေးစရာတော့ မဟုတ်ဘူး။ သန်းခေါင်စာရင်း ကောက်တာဟာ လိုအပ်ချက်အရ ဖြစ်တယ်၊ မေးတာတွေဟာလည်း ပညာရပ်ပိုင်းဆိုင်ရာအရ မှန်တယ် ဆိုပေမယ့် ..... နိုင်ငံတွင်းက လူမျိုး ဘာသာရေး ပြဿနာတွေ ကြီးထွားနေချိန်ရယ်၊ ပညာရေး သင်းကွပ်ခံထားရတာရယ်၊ အစိုးရကို ပြည်သူက ယုံကြည်မှု ကင်းမဲ့နေတာတွေရယ်ကြောင့် ... အချိန်ကာလ လွဲနေတာကြောင့် ... ပေါ့စေလိုလို့ ကြောင်ဆေးထိုးတာ ဆေးအတွက် ပိုလေး နေမယ့် ဖြစ်ရပ်တွေ နိုင်ငံမှာ ဖြစ်နေတော့တာပါပဲ။ ဒီထက် ပိုပြီး ကြီးမလာဖို့သာ .... (ကိုထိုက်)

No comments: