Wednesday, March 26, 2014

မြန်မာနိုင်ငံမှာ ပညာရေးကို ဗဟို ချုပ်ကိုင်မှုက လွတ်သင့်တယ် ဆိုတာကို ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးရင်း စိတ်ထဲမှာ ကလိချင်စိတ် ပေါ်လာတယ်။ မကောင်းဘူး ဆိုတာ သိတယ်။ ဒါပေမယ့် ကလိချင်စိတ်နဲ့ စိတ်ထဲ ရှိတဲ့အတိုင်း ချရေးတာပါ။ အနောက်နိုင်ငံတွေမှာ ကတ်သလစ် ကျောင်း ဆိုတာမျိုးတွေရှိတယ်။ ကတ်သလစ် ဘုန်းတော်ကြီးတွေက ပညာ သင်ပေးကြတာမျိုးပေါ့။ အစိုးရက ဝင်မစွက်ဘူး။ အဲဒီလို ပုံစံမျိုး ဖြစ်လာရင် မြန်မာနိုင်ငံမှာလည်း တက္ကသိုလ်ကြီးတွေက မီဒီယာအတွက် ဘွဲ့လွန်၊ ဘွဲ့ကြို၊ ဒေါက်တာဘွဲ့တွေ ပေးတယ် ဆိုပေမယ့် .... ဝီမီဒီယာကျောင်းတွေ (သို့) မွတ်စိုးရိမ်ဝီမီဒီယာ သင်တန်းကျောင်းတွေကို မယှဉ်သာတဲ့ အခါ .... - မြန်မာ့ မီဒီယာလောကမှာ ရှိတဲ့ ဒိတ်ဒိတ်ကျဲ ဆိုသူတွေဟာ တက္ကသိုလ်တွေက ကျောင်းပြီးတဲ့ လူတွေ မဟုတ်တာမျိုး၊ .... - ကျောင်းက မီဒီယာ သင်တဲ့ အတန်းတွေမှာ သင်တန်းသား အပ်သူတွေ မရှိကြလို့ ရန်ကုန် တက္ကသိုလ် အပါအဝင် တက္ကသိုလ်ကြီးတွေက မီဒီယာ အတန်းတွေကို ပိတ်ဖို့ စဉ်းစားရတာမျိုး၊ .... - မီဒီယာ ဘာသာကို သင်ကြားပေးမယ့် ဆရာတွေ အလုပ်မဖြစ်တော့လို့ အခြားဘာသာတွေကို ပြောင်းရတာမျိုးတွေများ ဖြစ်လာလေမလား ... မြန်မာ့ တက္ကသိုလ်ကြီးများ အနာဂါတ် အရေး စိုးရိမ်မိတော့တာပါပဲ။ (ကိုထိုက်)

No comments: