Wednesday, March 26, 2014

မနေ့က ဘီဘီစီမှာ ဆွေးနွေးသွားတာလည်း သဘောကျတယ်။ ၃ သိန်း ကိစ္စပါ။ အဲဒီအထဲက ကောက်နှုတ်ရရင် ... ၁။ ဥပဒေထဲမှာ "တံစိုးလက်ဆောင်ကို" လာဘ်ပေးလာဘ်ယူ ပုံစံ အကျိုးအမြတ် အတွက် လက်မခံရဘူးလို့ အတိအကျ ပြဌာန်းထားတာကို သမ္မတက အမိန့်နဲ့ လွှမ်းမိုးတာမျိုး ဖြစ်လို့ ... ဥပဒေကြောင်းအရ အဆင်မပြေလို့ ... လွှတ်တော်မှာ ဥပဒေကို ပြန်ဆွေးနွေးဖို့ လိုမယ် ၂။ လက်ခံနိုင်တယ် ဆိုရင်တောင် ပမာဏ တစ်ခုဟာ ဆုံးဖြတ်ချက်ကို ထိခိုက်စေတဲ့ ပမာဏ မဖြစ်စေသင့်ဘူး။ဥပမာ ယူကေမှာ လက်ဆောင် လက်ခံရင် ပေါင် ၃၀ ထက် မပိုတဲ့ ပမာဏလို့ သတ်မှတ်ပါတယ်။ ဒါဟာ အခြေခံ ဝင်ငွေရတဲ့ အနိမ့်ဆုံး အလုပ်သမားရဲ့ ၅ နာရီ (သို့) တရက်လုပ်စာတောင် မရှိပါဘူး။ လူနှစ်ယောက် အလတ်စား စားသောက်ဆိုင်တစ်ဆိုင်မှာ ဖောဖောသီသီ မစားဘဲ ပုံမှန်စားရင်တောင် ၃၀ ကျော် ကျပါတယ်။ မြန်မာပြည်မှာ ၃ သိန်းဆိုတဲ့ ပမာဏဟာ မြန်မာပြည်ရဲ့ ဝင်ငွေ သုံးငွေ တွေနဲ့ တိုင်းရင် ဆုံးဖြတ်ချက်ကို ပြင်အောင် (ဥပမာ ခွင့်မပြုနိုင်တာကို ခွင့်ပြုအောင်) လုပ်နိုင်တဲ့ ပမာဏ ဖြစ်လို့ လက်ခံသင့်တယ် ဆိုရင်တောင် ပမာဏကို လျော့သင့်တယ်လို့ ဆွေးနွေးတာတွေကို သဘောကျမိပါတယ်။ (ကိုထိုက်)

No comments: