Sunday, March 23, 2014

လက်ရှိအစိုးရသည် တပ်မတော်မှ အသွင်ပြောင်းလာသူ အများစုပါသည်ဆိုသည့် အချက်ကို ငြင်းရန်အကြောင်းမရှိပါ။ ပကတိအမှန်တရားပင်မဟုတ်ပါလား။ အတိုက်အခံများသည်လည်း အစိုးရကို အတိုက်အခံလုပ်နေခြင်းအား ကန့်ကွက်ရန်မရှိပါ။ ဒီမိုကရေစီ၏ သဘောတရားတစ်ခုပင်ဖြစ်ပါသည်။ တိုင်းပြည် နှင့် အစိုးရသည် မတူ။ အစိုးရဟူသည် သတ်မှတ် သက်တမ်းကာလ ပြည့်မြောက်သွားသောအခါ ပြောင်းလဲသွားမည်သာဖြစ်သည်။ တိုင်းပြည်ဆိုသည်ကား မည်သည့်အခါမှပြောင်းလဲ မည်မဟုတ်ပေ။ အစိုးရသည်လည်း ပြည်သူ အတိုက်အခံလည်းပြည်သူသာလျင်ဖြစ်သည်။ တိုင်းပြည်ကြီး မပြောင်းမလဲ အရှည်တည်တံ့ နေရန်မှာ ပြည်သူအားလုံး၏ မွေးရာပါတာဝန်သာဖြစ်သည်။ အမြင် ဝါဒ ကွဲပြားရုံမျှ ဖြင့် တိုင်းပြည်ကာကွယ်ရေးအတွက် ဝတ္တရားမပျက်ကွက်သင့်။ တိုင်းပြည် နှင့် အစိုးရ ဟူသည်ကို ယခုအချိန်ထိ လေနှင့်ဝမ်းမကွဲသော လူအများစုကို တွေ့နေရသေးသည်။ ဝိဝါဒများ လွတ်လပ်စွာကွဲပြားနေဖို့ တိုင်းပြည်တည်တံ့ နေမှဖြစ်မည်ကို သတိမထားမိကြသေး။ အချုပ်အခြာ အာဏာပျက်စီးသွားသည့်အချိန်ကျမှ အစိုးရ အတိုက်အခံ ပြည်သူ ဆိုသည်မှာ အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပေ။ တိုင်းပြည်ရဲ့ဧရိယာ တစ်စိတ်တစ်ပိုင်းကို ဖဲ့ထုတ်ဖို့ မိစ္ဆာတွေ ကျိုးပမ်းလာချိန်မှာ မကူညီမိရင်တောင်မှ သူခိုးဓားရိုးမကမ်းမိဖို့ လိုအပ်နေပါပြီ။ ကာကွယ်ရေးအသိ ကာကွယ်ရေးအမြင်ရှိနေခြင်း က တိုင်းပြည်ကို ချစ်သည့်စိတ်မဟုတ်ပါဟု အဘယ်သူငြင်းနိုင်ပါအံ့။ လေနှင့်ဝမ်း ကွဲပြီး ဆီးမှန်ဝမ်းမှန်နိုင်ကြပါစေ။ ကိုရင်လူထွက် ငပိချက် added 4 photos.

No comments: