Friday, March 28, 2014

သာသနာ၅၀၀၀ရှင်းတမ်း သာသနာနှစ် ၅၀၀၀ ဆိုသော စကားကို ဓမ္မစရိယ ဦးဌေးလှိုင်ကတော့ ရဟန္တာနှင့် ပုဂ္ဂိုလ် ထူးများ စာအုပ်တွင် လက်မခံနိုင်ကြောင်း ထည့်ရေးထားသည်။ နှစ် ၅၀၀၀ အသာထား၍ အချို့ လူများ မိရိုးဖလာ ဗုဒ္ဓဘာသာ အမည်ခံထားသော်လည်း အမှတ်တမဲ့နေ၍ သေဆုံးသွားကြသည် မှာ ရေတွက်၍ပင် မရနိုင်ပါ။ ထို့ကြောင့် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ (လူ၊ နတ်၊ ဗြဟ္မာ) ရောက်ဖို့မလွယ်ဟု ဆရာတော်ကြီးများ မိန့်ကြားပုံရပါသည်။ ဗုဒ္ဓသာသနာကြီး၏ သက်တမ်းကို ပြန်ကြည့်ပြန်လျှင်လည်း မဇ္ဈိမဒေသ ဘုရားပွင့်ရာအရပ် ၌ သာသနာနှစ် (၄၅၀) ခုနှစ်တွင် အိန္ဒိယတစ်ပြည်လုံးကို သိမ်းရုံး၍ ကုသနအင်ပိုင်ယာ ထူထောင် ခဲ့သော ကနေသျှက (ကနိဋ္ဌ) မင်းလက်ထက်တွင် စတုတ္တသံဂါယနာထင်ရာ၌ ခေါင်းဆောင်စီမံခဲ့သူ မှာ စရကဟိတ အမတ်ကြီးဖြစ်၏။ ဆေးကျမ်းဆရာ၊ စရကဟိတ အမတ်ကြီးမှာ ထိုခေတ်က အိန္ဒိယ အနောက်မြောက်ပိုင်းတွင် အင်အားကြီးမားသော မဟာယာနဂိုဏ်းကြီး၏ ဒါယကာလည်း ဖြစ်၏။ မြန်မာနိုင်ငံရှိ ဆေးကျမ်း (တိုင်းရင်းဆေး) များမှာ စရကအမတ်ကြီး ရေးသားသော ဆေး ကျမ်းများဖြစ်၏။ ထိုသို့ မဟာယနများ ဦးဆောင်၍ သံဂါယနာတင်သဖြင့် တောင်ပိုင်းသား ရဟန်းတော်များ သပိတ်မှောက်ကာ ထွက်ခဲ့ကြပြီး၊ သီဟိုဠ်သို့ သွားရောက်၍ စတုတ္တသံဂါယနာ တင်ခဲ့ကြလေသည်။ အမှန်ပြောရလျှင် ထေရ၀ါဒ ဗုဒ္ဓသာသနာသည် ဘုရားပွင့်ရာ အိန္ဒိယ၌ နှစ်ပေါင်း ၅၀၀ ခန့်သာ ရှင်သန်ခဲ့လေသည်။ နှစ်ပေါင်း ၅၀၀ နောက်ပိုင်း၌ ဗုဒ္ဓသာသနာမှာ မဟာယနတို့နှင့်၎င်းင်း၊ ဗြဟ္မဏ အယူတို့နှင့်၎င်းင်း၊ ရောထွေးနေသော သာသနာဖြစ်ပေသည်။ နှစ်ပေါင်း ၅၀၀၀ သာသနာဆိုသော စကားကို သဘောပေါက်စေရန်ဖြစ်ပေသည်။ ထိုအချိန်မှစ၍ အိန္ဒိယနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓ သာသနာ ကွယ်လေသည်။ တတိယအကြိမ် သံဂါယနာတင် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် ကိုးတိုင်း၊ ကိုးဌာနသို့ သာသနာပြုစေလွှတ်ကာ သီဟိုဠ်ကျွန်းသို့ သာသနာနှစ် ၂၃၅ ခုနှစ်တွင် စတင်ရောက် ရှိပြီး သာသနာနှစ် ၄၅၀ ခန့်တွင် စတုတ္တသံဂါယနာတင်ခဲ့ရာ သီဟိုဠ်၌ သာသနာရှည်ကြာခဲ့မှုမှာ သာသနာလင်္ကာရ စာတမ်းအရ နှစ်ပေါင်း ၁၄၇၂ ခုနှစ် ကြာမြင့်ခဲ့သည်ဟု အဆိုရှိ၏။ ခရစ်နှစ် အေဒီ ၁၁၅၄ ခုနှစ်တွင် မင်းပြုသော သင်္ဃဗောဓိ ပရက္ကမဗာဟု မဟာရာဇာလက်ထက်၌ သာသနာတော် အသန့်ရှင်းဆုံးဟုဆို၏။ သီဟိုဠ်ကျွန်း၌ ဗြဟ္မဏတိဿ သူပုန်ဘေးကြီးကြောင့် သာသနာအားနည်းရခြင်း၊ အိန္ဒိယတောင်ပိုင်း ဒမိဠတိုင်းမှတမယ် ကျည်းကုလားတို့ ၀င်ရောက် သိမ်းပိုက်မှုကြောင့်၎င်းင်း၊ ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရဘေးကြီးကြောင့်၎င်းင်း၊ သာသနာကွယ်သ လောက် ဖြစ်သွားခဲ့ရ၏။ မဟာစည်ဆရာတော်ဘုရားကြီး သီဟိုဠ်သို့ သွားရောက်ခဲ့စဉ်က ကိုလံလဘိုမြို့တော်တွင် တဲစရာကျောင်းမရှိသဖြင့် ဒါယကာမကြီး နိစံခ (ၾမ်. ၿင််ေညငေ) အိမ္ကို ကျောင်းအမှတ်တည်းခဲ့ရ သည်။ သာသနာကွယ်လျှင် ထိုအရပ်၌ သစ္စာလေးပါး တရားမရှိနိုင်တော့ဘဲ ရဟန္တာပုဂ္ဂိုလ်များ ဆိတ်သုဉ်းသွားလေသည်။ (မဟာစည်ထေရုပ္ပတ္တိစာ ၉၈) အိန္ဒိယမှ ဗုဒ္ဓသာသနာကြီး သီဟိုဠ်ရောက် သီဟိုဠ်မှ သာသနာကြီး သရေခေတ္တရာ (ပုရဒ္ဓယ) ပြည်သို့ ရောက်ခဲ့သည်ဆိုလျှင် ယုံနိုင်ပါ့မလား၊ ပို၍၀မ်းမြောက်ဖွယ်ကောင်းသည်မှာ ဘုရားရှင်လွန်ပြီး နှစ် ၆၀၊ နှစ် ၁၀၀ လောက်တွင် ပေါ်ပေါက်ခဲ့သော သရေခေတ္တရာပြည်ကြီး သည် အလွန်အဆင့်အတန်းမြင့်သော စာအရေးအသား (အိန္ဒိယတောင်ပိုင်းစာပေ) ဗုဒ္ဓ၀ါဒကိုး ကွယ်မှုတွင်လည်း ယခု ကျွန်ုပ်တို့ ကိုးကွယ်မှုကဲ့သို့ မြင့်မြင့်မားမား ပြည့်ပြည့်စုံစုံ ကိုးကွယ်နေခဲ့ကြ ဖူးသည်။ ဘီစီ ၂ ရာစုမှ အေဒီ ၁၀၊ ၁၁ ရာစုအထိ နှစ်ပေါင်း ၈၀၀၊ ၉၀၀ နီးပါး စီးပွားရေး ကောင်းသော ပျူနိုင်ငံကြီး (မွန်များလဲ ပါဝင်သည်) ကို ထူထောင်နိုင်ခဲ့သည်။ မှော်ဇာရွာဦး (ခင်ဘကုန်း) မှ တွေ့ရှိရသော ရွှေပေလွှာ အချပ် ၂၀ တွင် ပါဠိ ပိဋကတ် တော်လာ၊ ပဋိစ္စသမုပ္ပါဒ်တရား၊ ၀ိပဿနာဉာဏ် ၇ပါး၊ ဗောဓိပက္ခိယတရား ၃၇ ပါး၊ ဝေသာရစ္စ သုတ်၊ ဗုဒ္ဓဂုဏ်တော် ၉ ပါး၊ အနိစ္စ၀ယသကင်္ခါယာ အစချီ သိကြားမင်းရွတ်ဆိုသော ဂါထာ၊ မောင်ကန်ရွှေပေလွှာ ၂ ချပ်တွင် ယေဓမ္မာဟေတုပ္ပဘ၀ါ၊ ဣတိပိသောဘဂ၀ါ၊ မောရသုတ်၊ မင်္ဂလာသုတ်၊ ရတနာသုတ်တို့တွေ့ရှိရပြီး၊ အခြား ရွှေပေလွှာတို့တွင် အဘိဓမ္မာ၊ ၀ိဘင်းပိဋကတ် တော်၊ မှော်ဇာပျိုးခင်းကြီးကုန်းမှ ခန္ဓာငါးပါးပါဠိ အမည်များကို အိန္ဒိယတောင်ပိုင်း အက္ခရာ များဖြင့် ဖော်ပြပါရှိပေသည်။ ကျွန်းတော်စု ရွှေပေလွှာတွင် ပါဠိပိဋကတ်မှ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတို့ကို စုံစုံလင်လင် တွေ့ရှိရသဖြင့်လည်း၊ သရေခေတ္တရာပြည်ကြီး၌ နှစ်ပေါင်းများစွာ (ဘီစီ ၂ ရာစုမှ အေဒီ ၁၁ ရာစုအထိ) ထေရ၀ါဒ ဗုဒ္ဓသာသနာကြီး ထွန်းလင်းခဲ့သည်ဟု ယူဆနိုင် ခြင်းဖြစ်ပေသည်။ သရေခေတ္တရာပြည်ကြီး နန်းစော (တရုတ်)တို့လက်ချက်ဖြင့် ပျက်စီးသွားမှသာ ဗုဒ္ဓ သာသနာကြီး ပုဂံသို့ ပြောင်းရွှေ့သွားပုံရလေသည်။ (မြို့ပြယဉ်ကျေးမှုသမိုင်း ဌေးဝေ – ၃၈၀) ဤသို့ ဗုဒ္ဓသာသနာကြီး ပြောင်းရွှေ့နေသည်ကို သတိပြုမိစေချင်ပါသည်။ သာသနာနှင့် လည်း ဆုံပါမှ လူလည်းဖြစ်ပါမှ ကျွန်ုပ်တို့ ကံအလွန်ကောင်း၍ ထေရ၀ါဒဗုဒ္ဓအယူဝါဒကြီးနှင့် ဆုံမိ ကြခြင်းဖြစ်ပေမည်။ ကျွန်ုပ်တို့ သံသရာတလျှောက်လုံး အ၀ိဇ္ဇာကြီး (မသိမှုကြီး) နဲ့ နေခဲ့ကြတယ်။ အမိုက်တိုက် ကြီးနဲ့ နေခဲ့ကြရတယ်။ ဒါနသီလ လောက်ကလွဲ၍ သစ္စာလေးပါး တရားကို မသိခဲ့ကြ၊ မကြုံခဲ့ရ၊ အ၀ိဇ္ဇာနှင့် တဏှာကိုပင် မိတ်ဆွေဖွဲ့၍ နေလာခဲ့ကြသည်မှာ ကဿပဘုရားရှင်လက်ထက်မှ ယခု အထိပင်၊ သမုဒိသစ္စာများကိုပင် အမှန်ထင်ခဲ့၊ ပညတ်များကိုပင် အရှိထင်ခဲ့၊ ချစ်ခြင်း၊ မုန်းခြင်း စသော မရှိတရားများကို အဟုတ်ရှိထင်ခဲ့ ငါသူတပါး ယောက်ျား၊ မိန်းမ၊ အမိ၊ အဖ၊ သား၊ သမီး၊ လင်၊ မယား၊ ဆွေမျိုးဟူ၍ သက္ကာယဒိဋ္ဌိ အယူယူကာ ခန္ဓာငါးပါးကိုပင် ငါဟုထင်ခဲ့ကြသည်။ ထိုထိုသော အန္တပုထုဇဉ်တို့ ခေါ်ဆိုအပ်သော ပညတ်တို့ကိုပင် အမှောင်တိုက်ကြီးဟု မထင်ခဲ့မသိခဲ့ ကြ တငါငါနှင့် ငါဆိုသော အတ္တစိတ် (သက္ကာယဒိဋ္ဌိ) ကြီးကြောင့်ပင်၊ ငါ့မြို့၊ ငါ့ရွာ၊ င့ါနိုင်ငံ၊ ငါ့လူမျိုး၊ ငါ့မိဘ၊ ငါ့သား၊ ငါ့မယား။ င့ါယောက်ျား၊ ငါ့အိုး၊ ငါ့အိမ်ဆိုသော ငါစိတ်ကြီး ကြီးစိုးလာသောအခါ မလုပ်ရဲတာ မရှိတော့၊ လိမ်ကြ၊ ကောက်ကြ၊ ဓားမြတိုက်ကြ၊ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ သိမ်းကြ၊ မိမိနိုင်ငံသားများကို အနိုင်အထက်ကြီးနိုင်ငယ်ညင်း လုပ်ကြ ထိုဒိဋ္ဌိစိတ် သည် အမှောင်စိတ် (အကုသိုလ်) အမိုက်တိုက်ကြီး စင်စစ်ဖြစ်လေသည်။ ထိုအဖြစ်တို့ကို ကြည့်၍ ဘုရားရှင်သည် အန္တဘူတောလောကဿ လောကကြီးက အကန်း တွေ ကြည့်ပဲဟု ဆိုခဲ့ခြင်းဖြစ်ပေမည်။ အကန်းဘ၀ကြီးနှင့် ကျွန်ုပ်တို့ မရေမတွက်နိုင်သော ဘ၀များစွာဖြင့် နေခဲ့ကြဖူးပေပြီ။ ယခု အခါ မြတ်စွာဘုရားရှင်၏ သာသနာကြီးကလည်း သာသနာနှစ်ပေါင်း ၂၅၅၅ နှစ်မျှသာ ရှိသေးရာ ဂေါတမဘုရားရှင်၏ သာသနာသည် အလင်းရောင်ကြီးတို့ဖြင့် တောက်ပဆဲ ဘုရားရှင်၏ အငွေ့ အသက်တို့ နွေးထွေးဆဲ ပညာဉာဏ်အလင်းတို့ ဖြစ်ထွန်းဆဲ ဘုရားရှင်၏ အသံတော်တို့သည် ဤစကြာဝဋ္ဌာကြီးအတွင်း၌ ရိုက်ခတ်ဆဲပါပေ။ ယခုအချိန်သည် သစ္စာလေးပါး တရားတို့ အားထုတ်ရန် အကောင်းဆုံး အချိန်ဖြစ်ပေ သည်။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားကြီးနှင့် အနီးဆုံးအချိန်ဖြစ်ပေသည်။ နိဗ္ဗာန်နှင့် အဝေးကြီးပါဟု ပြောသော ပုဂ္ဂိုလ်များ ယခုအချိန်သည် သောတပန်တည်နိုင်သော အချိန်မဟုတ်ဟု ပြောသော ဘိုးဘိုးအောင် (၀ိဇ္ဇာ) ဂိုဏ်းဝင်ပုဂ္ဂိုလ်များ စေတနာထား၍ ပြောရပါသည်။ ယနေ့မှစ၍ အားထုတ်ကြည့်ပါ။ ကြိုက်ရာ ကမ္မဋ္ဌာန်းနည်းဖြင့် နေ့၊ ည၊ မနက်၊ ဒလစပ် အားထုတ်ပါ။ ခုနှစ်ရက်ပဲ အားထုတ်ကြည့်ပါ။ သိန္ဒိဋ္ဌိကော အခါမလင့် အချိန်မရွေး အကျိုးပေးပါလိမ့်မည်။ အလုပ်လုပ် သူတိုင်းအတွက် နိဗ္ဗာန်သည်ရှိ၏။ အလုပ်မလုပ်သူတို့အတွက် နိဗ္ဗာန်သည်မရှိ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့် လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် မှန်ပင် မဂ်ရကြောင်း။ ယခုအချိန် ရုပ်၊ နာမ်ဖြစ်ပျက် ကလေးရှုရင်း၊ စူလသောတပန်အဖြစ်နှင့် ခန္ဓာပျက်သွား သည်ရှိသော်၊ ရုပ်နာမ်ဖြစ်ပျက်မျှသာရှိသည်။ ငါ၊ သူတစ်ပါးမရှိဆိုသော ဥဒယဗ္ဗယဉာဏ် (နာမ ရူပ ပရိစ္ဆေဒဉာဏ်မဟုတ်၊ နာမရူပပရိ စ္ဆေဒဉာဏ်သည် သုတအဖြစ်သိရှိရုံမျှသာရှိသေး) ဉာဏ်ဖြင့် ထိုးထွင်းသိသော သဘောဖြစ်၊ သဘောပျက်၊ ဉာဏ်လေး ရသည်ဖြစ်စေ၊ သောတပတ္တိ မဂ်ကြီး ရသည်ဖြစ်စေ၊ ခန္ဓာပျက်ယွင်းသွားပါက မလွဲဧကန် သုဂတိလားပေမည်။ စတုမဟာရာဇ်နတ်ပြည် (သုဂတိ) ရောက်လျှင်ပင် စတုမကရာဇ်နတ်သက်နှင့်တွက်ပါက ဘုရားပွင့်သွားသည်မှာ ၅၁ ရက် မျှသာရှိ သေးရာ၊ ယောဂီတို့လည်း ဗိမ္မိသာရ၊ အနာထပိဏ်၊ ၀ိသာခါ၊ နာတိကရွာသား၊ ဥပါသကာ ၅၀၀ တို့နှင့်အတူ ကူဋဒန္တ ပုဏ္ဏား၊ ပါယာသိနတ်သား ဥတ္တရလုလင် အစရှိသော ဘုရားရှင်၏ သားတော် သမီးတော်ကြီးတို့နှင့် ဆုံနိုင်ပါသေး၏။ အထက်အထက် နတ်ပြည်တို့တွင်လည်း လာဇာနတ်သမီး၊ သုပ္ပိယာ၊ သူရိယ၀ိစ္ဆသာ နတ်သမီးတို့နှင့် ဆုံနိုင်သေး၏။ ဤမျှအထိ ဗုဒ္ဓသာသနာသည် ကျွန်ုပ်တို့ နီးကပ်နေပေသေး၏။ ဖတ်ထားမိသမျှလေးတွေ သိသင့်တာလေးတွေပြန်မျှဝေပါတယ် ကြိုက်ရင် like သိစေဖို့လဲshareသွားပါဦး အားလုံးသုတတိုးပါစေ

No comments: