Wednesday, March 26, 2014

ကျိုက်ထို မြို့ရှိ စိမ်းလဲ့တင် စားသောက်ဆိုင်ပိုင်ရှင်အား မေတ္တာရပ်ခံ ပန်ကြားလိုပါသည်။ ကျပ်သိန်းပေါင်း သုံးထောင် လာဘ်စားသည်ကို ထင်ရှားစစ်ဆေး ပေါ်ပေါက်သည့် တရားသူကြီး တဦးကိုပင်လျှင် ရာထူးမှ အနားယူရန် စီမံပေးနေသည့် ခေတ်ဆိုးကြီးအတွင်း အခြေအနေ အရ ကျပ်သုံးသောင်းကျော် အလွဲသုံးမိသည် ထား။ ယခုမျှလောက် ထောင် မကျစေသင့်ဟု မိမိတို့ ထင်ပါသည်။ သို့ဖြစ်ပါသောကြောင့် လူကြီးမင်း အနေဖြင့် ယခု ဖြစ်စဉ်အပေါ် အမှန် အတိုင်း လူသားချင်း ကိုယ်ချင်းစာ နားလည်ခွင့်လွတ်ပေးပြီး အမှုမှ ကြေအေး ရုပ်သိမ်းပေးခဲ့မည် ဆိုပါလျှင် စိမ်းလဲ့တင် စာသောက်ဆိုင်သည် ယခုထက် ပိုမို စည်ကား လူသိများကာ အောင်မြင်သော လူသားစိတ်ပိုင်ရှင် ဟု ကောင်းသတင်း ကျော်ဇောပေလိမ့်မည်ဟု ထင်မြင်မိပါသည်။ လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။ နေမျိုးဇင် မြန်မာ့လူမှု ဘ၀ တိုးတက်မြင့်မားရေး အသင်း ======================================================== မြန်မာပြည်က ရတဲ့ သင်ခန်းစာပဲ။ ခိုးမယ် ဆိုရင် များများခိုး ... နည်းနည်းခိုးရင် ထောင် (၇) နှစ် ... တဲ့။ (တရားဥပဒေကြောင်း) များများခိုးရင် ရာထူးမှ အနားယူစေ ... တဲ့။ (ချိတ်ထမိန်ဝတ် အဆုံးအမ) များများခိုးပြီး လှူဒါန်းတာလုပ် ... ကုသိုလ် ရစေတယ် ... တဲ့။ (ဝီတရားတော်လာ အဆုံးအမ) (ကိုထိုက်)

No comments: