မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, March 28, 2014
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်
-“တစ်နိုင်ငံလုံး၏ ဧရိယာ ၁၉% ၌သာလျှင် တောကောင်းကျန်တော့သည်”
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်
-“ဧရာဝတီမြစ်ကို ဆည်ပိတ်ပြီး လျှပ်စစ်ဓါတ်အားထုတ်၊ ၉၀% ကို တရုတ်ပြည်ထံ ရောင်းစားရန်ကြံရွယ်”
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်
-“နိုင်ငံကို ထက်ပိုင်းပိုင်းပြီး ပိုက်လိုင်းသွယ်တန်း ကျောက်ဖြူကနေ ဓါတ်ငွေ့ ကူမင်းကိုပို့ရန်ခွင့်ပြု”
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်
-“လက်ပံတောင်ကြီးကို တရုတ်ကိုရောင်းစား”
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်
-“နိုင်ငံတစ်ဝှမ်းအကြီးဆုံး မြေပိုင်ရှင်ကြီးမှာ စစ်တပ်ဖြစ်သည်”
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်
-“ဆင်းရဲမွဲတေမှုနှင့် နပန်းလုံးနေရသော တိုင်းပြည်တွင် အကြီးမားဆုံးနှင့် ၀င်ငွေအကောင်းဆုံး စီးပွားရေးကော်ပိုရေးရှင်းကြီးများသည် စစ်တပ်ပိုင်ဖြစ်ပြီး၊ ပွင့်လင်းမြင်သာမှုမရှိဆုံး စီးပွားရေးကော်ပိုရေးရှင်းကြီးအဖြစ် နိုင်ငံတော်အတွင်း လွတ်လပ်စွာ ရပ်တည်နေကြသည်”
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်
-“ကြွယ်ဝသော မျိုးရိုးမှ ဆင်းသက်လာသူများမဟုတ်သော်လည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးများသည် အလွန်အမင်း ကြွယ်ဝချမ်းသာသူများဖြစ်နေကြ”
တပ်မတော်သည် အမျိုးသားရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်၊ တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်၊
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်။
တပ်မတော်သည်အမျိုးသားအရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်။
What is အမျိုးသားရေး ?????
အောင်ဇင်လတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment