Wednesday, March 26, 2014

ဦးသိန်းစိန်အစိုးရတစ်ဖွဲ့လုံးကို ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲမယ်လို့ ဘယ်သူပြောလဲ စစ်အုပ်ချုပ်ရေး တရားဝင်ရပ်ဆိုင်းပြီး အရပ်သားအသွင်နဲ့ စတင်အုပ်ချုပ်ခဲ့တဲ့ ၂ဝ၁၁ မတ်လ ၃၁ရက်နေ့ကစပြီး ဒီကနေ့အထိ မြန်မာပြည်သူတွေရဲ့ နစ်နာမှုတွေကို မဖြေရှင်းသလို ဥပဒေကျူးလွန်နေတဲ့ ဦးသိန်းစိန် အစိုးရတစ်ဖွဲ့လုံးကို တရားစွဲမယ်လို့ ဘယ်သူက ပြောလိုက်တာလဲ။ လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု၊ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေမှာ အဓိကလက်သည် တရားခံဖော်ထုတ်ဖို့ ပျက်ကွက်မှု၊ အဓမ္မမြေယာသိမ်းဆည်းမှုတွေကြောင့် နစ်နာဆုံးရှုံးမှုတွေအတွက် နိုင်ငံရေး လှုပ်ရှားတက်ကြွသူ ကိုထင်ကျော်က ပြည်ထောင်စုတရားလွှတ်တော်ကနေ အစိုးရတစ်ဖွဲ့လုံးကို တရားစွဲမယ်လို့ မတ်လ ၂၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ချိုးဖောက်မှုတွေကို တည့်မတ်ဖို့ တရားစီရင်ရေးမဏ္ဍိုင်မှာ အပြည့်အဝတာဝန်ရှိပေ မယ့် အခုတော့ တရားစီရင်ရေးမဏ္ဍိုင်ကပါ အလိုတူအလိုပါဖြစ်နေတာကြောင့် မြန်မာပြည်သူတွေအတွက် အန္တရာယ်ကြီးတယ်လို့ ရန်ကုန်မြို့ တိုင်းတရားလွှတ်တော်ရှေ့က ဆန္ဒပြပွဲမှာ ဆိုပါတယ်။ ဖယောင်းတိုင်မီးတွေကိုင်ဆောင်ပြီး ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်က လျှပ်စစ်ဝန်ကြီးဌာနကို ဆန္ဒပြတာ မဟုတ်ဘဲ ပြည်ထောင်စုအစိုးရတစ်ခုလုံးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို တရားစွဲဖို့ ဦးတည်တာလို့ဆိုပါတယ်။ အစိုးရတစ်ဖွဲ့လုံးကို တရားစွဲဖို့ ကြွေးကြော်သံတွေနဲ့ လူတစ်ရာလောက်ဟာ ဖယောင်းတိုင်မီးတွေကိုင်ပြီး မဟာဗန္ဒုလပန်းခြံကို တစ်ပတ်ပတ်ပြီး ဆန္ဒပြခဲ့ပါတယ်။ Kamayut Media

No comments: