Wednesday, March 26, 2014

လ၀က ၀န်ကြီး ဦးခင်ရီ သို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း ++++++++++++++++++++++++++++++++++ written by ငယ်လေးညီ ၁၉၈၃ ခုနှစ်...သန်ခေါင်စာရင်းကောက်ယူပြီးစီးသည့်နောက်ပိုင်း နှစ်ပေါင်း (၃၀) ကြာမှ ပထမဆုံးအကြိမ်ပြန်လည်ကောက်ခံတော့မည့်သန်းခေါင် စားရင်း လုပ်ငန်းကြိး အား ၂၀၁၄ ခုနှစ် မတ်လ (၃၀)၇က်နေ့မှ ဧပြီလ (၁၀) ၇က်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို လ၀က ၀န်ကြီးဌာနမှ ဦးစီးဆောင်ရွက်ပြီး ကောက်ခံတော့မည် ရက်သည် ရက်ပိုင်းမျှသာ လိုတော့ပြီဖြစ်သည်.....သန်းခေါင်စာ ရင်းကောက်ယူရန်နီးကပ်လာသည်နှင့်အမျှ ပြည်နယ်တိုင်းအသီးသီးရှိ တိုင်းရင်းသား လူမျိုးစု ပေါင်းစုံဆီမှလည်း တိုင်းရင်းသားလူမျိုးနာမည်များ ဖြည့်သွင်းနိုင်ရေးအတွက် နိုးဆော်နေကြသည်မှာ တစ်နိုင်ငံလုံးအနှံ့ပင်ဖြစ်နေပေသည်.....တစ်နိုင်ငံလုံးမှ သန်းခေါင်စာရင်းလုပ်ငန်းအတွက် အသီးသီး တက်ကြွစွာ လှုပ်၇ှားနေကြသော်လည်း ရခိုင်ပြည်နယ်တွင်တော့ သန်းခေါင်စာရင်းကောက်ကူရာတွင် ဘင်္ဂလီလူမျိုးများမှ ရိုဟင်ဂျာ ဟု ထည့်သွင်းဖြည့်စွက်မည်ကို စိုးရိမ်နေကြပီး ရခိုင်ပြည်နယ်သားများ၏ မြို့နယ် အသီးသီးတွင် ဆန္ဒဖော်ထုတ်ပြသမှူများလည်း ပြုလုပ်ခဲ့ကြပီး ယခုနောက်ဆုံးတွင် " သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းရန် သတ်မှတ်ထားသော အချိန်အထိ အစိုးရက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသဖြင့် ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ သတင်းပြန်ကြားရေး ဦးသန်းထွန်းက ပြောကြားသည်။ " ဆိုပီး သတင်းများလည်း အင်တာနက်ပေါ်တွင် ပျံ့နှံ့နေလျက်ရှိပါသည်. သန်းခေါင်စာရင်းကောက်ယူရန်နီးကပ်လာသည်နှင့်အမျ ဘင်္ဂလီရိုဟင်ဂျာကိစ္စများက တဖြည်းဖြည်းနှင့် ရှူပ်ထွေးလာလျက်ရှိပေသည်....ရိုဟင်ဂျာကိစ္စနှင့်ပက် သက်ပီး ရခိုင်ပြည်နယ်....ရသေ့တောင်မဲဆန္ဒနယ် မှ လွှတ်တော်အမတ် ဒေါ်ခင်စောဝေမှ ပြည်သူ့လွှတ်တော်သို့အောက်ဖော်ပြပါအချက်(၃) ချက်ကိုမေးမြန်းခဲ့ပါသည်....... (၁) ရိုဟင်ဂျာ ရှိ / မရှိ (၂) ရှိသည်ဆိုပါက မည်သူများဖြစ်သနည်း..... (၃) မရှိဘူး ဆိုပါကလည်း အထောက်များနှင့်တကွ ရှင်းပြပေးရန် ဆိုပီး အချက် (၃) ချက် ကိုမေးမြန်းသွားခဲ့ပီး...စစ်တွေမြို့နယ် လွှတ်တော် အမတ် ဦးခင်မောင်ညိုမှလည်း ပြည်သူ့လွှတ်တော်တွင်ပင် အောက်ဖော်ပြပါ အချက် (၂ ) ချက် ကို မေးမြန်းခဲ့ပါသည်...... (၁) မြန်မာနိုင်ငံသမိုင်းတွင် ဘင်္ဂလီ ရှိသည် ကို အသိအမှတ်ပြုပါသလား....... (၂) ကုလား ဘင်္ဂလီရှိပါလျက်နဲ့ ရိုဟင်ဂျာ လို့တီထွင်ထားသော အမည်ကို တားဖြစ်ပေးပါမည်လော.....ဆိုပီး မေးမြန်းသွားခဲ့ပါသည်... ထိုသို့ ၄င်းတို့နှစ်ဦး၏ မေးမြန်းချက် ကို လ၀က ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းမှ ပြန်လည် ဖြေကြားချက်အားအကျဉ်းချုံးရေး ပြရမည် ဆိုလျှင် " ရိုဟင်ဂျာနှင့်ပက်သက်ပီး မည်သည့်အခါတွင်မျှ မရှိခဲ့ကြောင်း....၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲအပြီးတွင်ရခိုင်နှင့် တနင်္သာရီ ကို အင်္ဂလိပ်တို့ ကသိမ်းပိုက်ပီး ရခိုင်ဒေသ ကို အနောက်ဘင်္ဂလားနယ်သို့သွတ်သွင်းခဲ့ကြောင်း....ကိုလိုနီလက်ထက်တွင် ကူလီ/၀န် ထမ်းလုပ်၇န်စစ်တကောင်းနယ်မှ ကုလား ခေါ် ဘင်္ဂလီ များ ကိုခေါ်သွင်းလာခဲ့ကြောင်း...ဘင်္ဂလားနယ်မှ မူဆလင် အများအပြားဝင်ရောက်လာခဲ့ ကြောင်း.ဘင်္ဂလားနယ်မှလာသည့်အတွက်၎င်းတို့အား ဘင်္ဂလီများဟုခေါ်ခဲ့ကြောင်း...အင်္ဂလိပ်အစိုးရကောက်ခံခဲ့သည့် သန်းခေါင်စာရင်း...မှတ်တမ်းများစာရင်းတွင်၎င်း....၁၉၇၃/၁၉၈၃ သန်းခေါင်စာရင်းများတွင်၎င်း မှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံသားလူမျိုးအမည်မှာ { တရုတ်/ အိန္ဒိယ/ပါကစ္စတန်/ဘင်္ဂလီ/နီပေါ} ဟုသာပါရှိပီး တိုင်းရင်း သား တစ်ရာကျော်တွင်လည်း ရိုဟင်ဂျာဟု မပါရှိကြောင်း..၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်အမတ ကတ်ပြားထုတ်ပေးရေးဆောင်ရွက်ရာ တွင် ပုံစံ(၁) မှတ်တမ်းများတွင်လည်း မွတ်ဆလင် ဟုသာရေးသွင်းဖော်ပြထားခဲ့ပီး ၁၉၇၃ ခုနှစ် သနုးခေါင်စာရင်းကောက်ယူပြိးသည့်နောက်ပိုင်း တွင်သာ ပုံစံ(၁) တွင် လူမျိုး.....ဘင်္ဂလီ ဟုသာဖော်ပြခဲ့ကြောင်း...၄င်းတို့တီထွင်ထားခဲ့သည့် ရိုဟင်ဂျာ ဆိုသည့်အမည်ကို လ၀ကပုံစံမှတ် တမ်းများတွင် မည်သည့်အခါမှ အသုံးပြုသွားမည်မဟုတ်ကြောင်း" ပြန်လည်ဖြေကြားသွားခဲ့ပါသည်..... ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider ကပြော ကြားရာတွင် " ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ် ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်ထ...င်ပါတယ်။ သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါ လို့ ပြောရင်တော့ ငြင်းဖို့ ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှသာ ဒါကို အသုံးပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ သူတို့အားလုံး (ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ အားလုံး) အနေနဲ့ အဲဒီ နိုင်ငံရေး ခေါင်းစဉ်တစ်ခု အောက်မှာ အကျုံးဝင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လာတယ် ဆိုတဲ့ မူစလင်တွေကို မေးကြည့်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့က ရခိုင်ပြည်က လာတဲ့ ရိုဟင်ဂျာလား.. လို့။ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ရခိုင်ပြည်မှာ နေထိုင်ခဲ့တဲ့ မူစလင်တွေပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေကာ ကပ်ပေးလို့ မရပါဘူး.. လို့ ပြန်ပြောခဲ့ပါတယ် " ဆိုပီးတော့ ပြောသွားခဲ့ပါတယ်....နိုင်ငံတော် သမ္မတကြီးမှလည်း ကမ္ဘာသိအောင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဆိုတာ မရှိကြောင်းပြောကြားခဲ့ပီးဖြစ်ပါတယ်....ဒီတစ်ပိုင်းကတော့ ရိုဟင်ဂျာနှင့်ပက်သက်ပီးတော့ လွှတ်တော်တွင် လ၀က ၀န်ကြီးဌာနမှသော်လည်းကောင်း....ပညာရှင်များမှသော်လည်းကောင်း....နိုင်ငံတော်သမ္မတမှသော်လည်းကောင်း မြန်မာ နိုင်ငံတွင် မည်သည့်အခါကမျှ ရိုဟင်ဂျာ ဆိုတာ မရှိခဲ့ကြောင်း ဖြေရှင်းချက်....ဖြေကြားချက်များကို အထောက်အထားများဖြင့်တင်ပြခြင်းဖြစ်ပါ သည်....ယခုအခါ ရခိုင်ပြည်နယ်တွင် ကောက်ယူမည့် သန်ခေါင်စာရင်းတွင် ရိုဟင်ဂျာ ရေးသွင်းမှုနဲ့ပက်သက်ပီး ကန့်ကွက်ချက်များဖြစ်ပေါ် လာရခြင်းမှာ လ၀က ၀န်ကြီးရခိုင်ပြည်နယ် သို့သွားပီး ရှင်းလင်းပြရာမှ ဒီဇာတ်လမ်းစတင်ခဲ့ခြင်းဖြစ်ပါသည်....နယ်မြေဒေသခံများ၏မေးမြန်းချက် များ...သတင်းထောက်များ၏ မေးမြန်းချက်များဖြစ်သော သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဆိုသော အမည် ကို ထည့်သွင်းဖော်ပြရေးးသွင်းမှုနဲ့ ပက်သက်ပီး ၀န်ကြီးကိုမေးမြန်းကြရာတွင် ၀န်ကြီးမှ ဖြေကြားရှင်းလင်းမှုမရှိပဲ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့သည့် အတွက် ရခိုင်ပြည်နယ်သား များ ဒေါသ အမျက်ချောင်းချောင်းထကာ ဒိပြသနာ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပေသည်.....၂၀၀ဂ ခုနှစ် ရွေးကောက်ပွဲ မစတင်မှိ ဘင်္ဂလီများ အား သိန်းချီထုတ်ပေးခဲ့သော white card များတွင်လည်း လူမျိုး....ဘင်္ဂလီ ဖြင့်သာ ထုတ်ပေးထားခဲ့ခြင်းဖြစ်ပါသည်...ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ- ရခိုင် အရေးအခင်းပီးသည့်အခါ ဘင်္ဂလီ စာရင်းကောက်ယူရာတွင်လည်း ဘင်္ဂလီများမှ ရိုဟင်ဂျာ ဟုသာ ရေးသွင်းမှ အကောက်ခံမည်ဆို ပီး အကြမ်းဖက်သည့်အတွက် စာရင်းကောက်ယူမှူမှာလည်း ပျက်ပြားသွားခဲ့ရပြီဖြစ်ပါသည်..ဒီနေရာတွင် တစ်ခုစဉ်းစားဆုံးဖြတ်ရမည်မှာသမိုင်း အစဉ်အဆက်ဆက် မရှိခဲ့ပဲ ယခုအခါမှ သာ လူသိရှင်ကြားဖန်တီးရယူထားခဲ့သည့်လိမ်လည် ထားခဲ့သည့် ရိုဟင်ဂျာ ဆိုသောလူမျိုးအမည်ကို နှစ်ပေါင်း၃၀ ကြာမှ ပြန်လည်ကောက်ယူမည့် သန်ခေါင်စာရင်းတွင်ဖြည့်စွက်ရေးသွင်းခွင့်ပြုလိုက်ပါက နောင်တစ်ချိန်တွင် ဘင်္ဂလီလူမျိုးများ အတွက် အထောက်အထားတစ်ခုရရှိုသွားနိုင်ပါတယ်.....အစိုးရကဘယ်လိုပဲငြင်းငြင်း ရှိခဲ့လို့သာ ဖြည့်သွင်းခွင့်ကိုလက်ခံလိုက်တာပဲဆိုပီးသမိုင်းမှာ ရိုင်းသွားနိုင်ပါတယ်.....ရိုဟင်ဂျာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး....ဆိုခဲ့တဲ့ လူကြီးမင်းတို့နုတ်ထွက်စကားတွေကပြောကြားထားခဲ့ပီးမှ သန်ခေါင်စာရင်းမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတာ ကိုဖြည့်စွက်ရေးသွင်းတာကို လက်ခံလိုက်မယ် ဆိုယင်.ဘာဖြစ်သွားနိုင်မယ်ဆိုတာ ကို ခလေးကအစသိပါတယ်...ဘယ်တုန်းကမှ မရှိတဲ့ လူမျိုး နာမည်ကို ဘယ်သောအခါမှဖြည့်ခိုင်းစရာအကြောုင်းကိုမှ မရှိတာ..မည်သည့်အကြောင်း အရာနဲ့မျှကို လုံးဝ(လုံးဝ) ရေးသွင်းခိုင်းစရာ အကြောင်းမရှိပါဘူး....ရခိုင်တိုင်းရင်းသားတွေမှာလည်း ဘင်္ဂလီ နဲ့ပက်သက်ပီးတော့ နာကျည်းစရာ တွေ အများကြိးရှိခဲ့တယ်.....ရခိုင်ပြည်နယ်က ဘင်္ဂလီအကြောင်းကို အခြားပြည်နယ်တိုင်းမှာနေတဲ့သူတွေထက် သူတို့ကပိုသိကြပါတယ်... သူတို့က ပိုခံစားရတယ်....သူတို့ရဲ့ခံစားချက်တွေကို အစိုးရအနေနဲ့နားလည်ခံစားပေးနိုင်ရမယ်...ဘင်္ဂလီ ဆိုတာက သမိုင်းကြောင်းအရရော.. အယင်တုန်းကရော ရှိနေပီးသား...ရိုဟင်ဂျာ ဆိုတာက အခုမှလီဆယ်လုပ်ကြံပိးတော့မှ တီထွင်လာခဲ့တာ...ဘာမှကိုမဆိုင်တာ.....မိုးကောင်းကင် နဲ့ မြေကြီးလိုပါပဲ.... ...ရှင်းနေတာက အစကြီးကတည်းကကိုရှင်းနေတာ.....ရှင်းနေတာကို ရှူပ်အောင်လုပ်သွားတာကိုက လ၀က ၀န်ကြီး...ဘယ်တုန်းကမှ မရှိခဲ့တဲ့ ရိုဟင်ဂျာ ဆိုတဲ့လူမျိုးကို ပြောကြားခြင်း...ထည့်သွင်းခိုင်းခြင်း...ရေးသွင်းခိုင်းခြင်းများကို လက်ခံမှာမဟုတ် ပဲ ဘင်္ဂလီ တစ်ခုကိုသာ လက်ခံမယ်လို့ပြောလိုက်ယင် ဘာပြသာနာမှ မရှိဘူး....ရှင်းနေပိးသား....အခုရှုပ်မှနောင်ရှင်း ဆိုတဲ့ မြန်မာစကားပုံလည်း ရှိနေသားပဲ...အရင်စစ်အစိုးရလက်ထက်က ထုတ်ပေးထားတဲ့ white care ရှစ်သိန်းကျော်ကိစ္စလည်း ရှင်းလို့မပီးသေးဘူး....တစ်ခုခုလုပ်တာ ကိုင်တာ မှားတာ..အဆုံးအဖြတ်မှားတာနဲ့ သမိုင်းရဲ့ တရားခံဖြစ်သွားမှာ....မျက်တောင် အဆုံးကြည့်လို့မရဘူး....မျက်စိအဆုံးကြည့်ရမှာ...အခု တော့ လ၀က ၀န်ကြီးရဲ့လုပ်ရပ်က ကုလားဘက် ခပ်ပါပါ ဆိုသလိုဖြစ်နေပီ...ဒီနေရာမှာ တစ်ခုသတိထားရမှာက သန်ခေါင်စာရင်းကိုအကြောင်း ပြပိးတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘင်္ဂလီတွေဆီက မဲလိုချင်လို့ ရွှေ့သွားနိုင်တဲ့အကွက်လေးတွေကို သတိပြုရမှာဖြစ်ပါတယ်...ဖြစ်စဉ် ဖြစ်ရပ်တွေအားလုံးဟာ လယ်ပြင်မှာ ဆင်သွားနေသလိုမျိုးအထင်အရားရှိနေပါလျက်နဲ့မဟုတ်ဘူးလို့ငြင်းနေတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်...စစ်အစိုးရ ရဲ့အသွင်ပြောင်း ပြည်ခိုင်ဖြိုးကနေပိးတော့ အစိုးရဖွဲ့ထားတဲ့လူတွေဟာ သူတို့အာဏာရမယ်ဆိုယင် ဘာနဲ့လဲလဲ...လဲရမလဲ ...လဲမယ့်သူတွေ`ချည်းပါ သူတို့ အာဏာရယင်ပိးရော...တိုင်းပြည်ဘာဖြစ်ဖြစ် သူတို့ဂရုစိုက်တာမဟုတ်ပါဘူး....သူတို့ဂရုစိုက်တာက တစ်ခုပဲရှိတာပါ...သူတို့ ရဲ့ အာ ဏာ တည်မြဲရေးပါ....ဟုတ်တာရော..မဟုတ်တာရော လုပ်ဖို့ ၀န်မလေး ဘူးဆိုတာကို အမြဲတမ်း ဂရုစိုက်နေရမှာပါ.........၀န်ကြီးခင်ဗျား....ဒီနေရာမှနေပီးတော့ မေးခွန်း များ ကိုမေးမြန်းလိုပါတယ် ခင်ဗျား.......လွှတ်တော်တွင် လ၀က ၀န်ကြီးဌာန မှ ရိုဟင်ဂျာ ဆိုတာ မရှိကြောင်းနှင့် မည်သည့်အခါမျှ ပုံစံမှတ်တမ်း များတွင် ရိုဟင်ဂျာဟု ကောက်ခံရေးသွင်းသွားမည်မဟုတ်ကြောင်း တရားဝင်ပြောကြားသွားပါလျက်နှင့် ၀န်ကြီးအနေဖြင့် ရခိုင် ခရီးစဉ်တွင် သန် ခေါင်စာရင်းကောက်ယုရာတွင် ဘင်္ဂလီလူမျိုးများမှ ရိုဟင်ဂျာ ဟုဆိုပီး ရေးသွင်းဖြည့်သားချက်များကို လုံးဝ (လုံးဝ)လက်ခံသွားရှိမည် မဟုတ် ကြောင်း ကို လူသိရှင်ကြား မကြော်ငြာ....မပြောကြားခဲ့ပါသနည်း....... မေးခွန်းနံပါတ် (၂)ကတော့ သတ်မှတ်ပေးထားသော လူမျိုးနံပါတ်တွင် ဘင်္ဂလီဟုသာပါရှိပီး တကယ်လို့ ကောက်ယူသည့်အချိန်အခါတွင်ရိုဟင်ဂျာ ဟုသာ ရေးသွင်းခိုင်းပါက စာရင်းကောက်များမှ ရိုဟင်ဂျာ ဟု ရေးသွင်းပေးမည်လော...ဘင်္ဂလီဟု ရေးသွင်းပေးမည်လော..... မေးခွန်းနံပါတ် (၃) ကတော့ ဘင်္ဂလီများမှ တကယ်လို့ ရိုဟင်ဂျာဟုဖြည့်သွင်းသည်ကို လက်မခံပဲ ပြသနာ တစ်စုံတစ်ရာရှာခဲ့ပါက (သာဓက များရှိသည့်အတွက်) လာပါကမည်သို့ မည်ပုံဖြေရှင်းရန် ပြင်ဆင်ထားရှိပါသလဲ..... မေးခွန်းနံပါတ် (၄) ကတော့ ရခိုင်များမှ ရိုဟင်ဂျာဟုဖြည့်သွင်းသည်ကို လက်ခံလိုက်ပါက သန်ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ရခိုင်ပြည် နယ် တစ်ခုလုံးမှ သပိတ်မှောက်လိုက်မည်ဆိုပါက မည်သို့လုပ်ဆောင်ဖို့ကြိုတင်စီမံထားပါသလဲ..... မေးခွန်းနံပါတ် (၅) ကတော့ သန်းခေါင်စာရင်းကောက်ယူရာတွင် ကောက်ယူသည့်အဖွဲ့များအားဘင်္ဂလီများမှ အုပ်စုဖွဲ့ရန်ရှာပါ ကအဖွဲ့သားများ အသက်အန္တရယ်နှင့် လုံခြုံရေးအတွက်ကို ၀န်ကြီးမှ မည်သို့စီစစ်ဆောင်ရွက်ထားပေးပါမည်နည်း..... မေးခွန်းနံပါတ် (၆)ကတော့ တိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုဟင်ဂျာနဲ့ပက်သက်တဲ့ စိုးရိမ်သောကဗျာပါဒတွေကို ၀န်ကြီး အနေနဲ့ ဘယ်လိုမျိုးဖြေရှင်းပေးဖို့ စိစဉ်ဆောင်ရွက်ထားပါသလဲ.... ဒီမေးခွန်းလေးတွေ အားလုံးရဲ့ အဖြေ ကို ပြည်သူတွေအားလုံးနဲ့အတူတူ ရခိုင်ပြည်နယ်သားတွေအားလုံလည်း သိချင်...ကြားချင်နေကြပိးတော့ ၀န်ကြီးအနေနဲ့လည်း ပြည်လည်ဖြေကြားပေးနိုင်လိမ့်မယ်လို့မျှော်လင့်ယင်း လ၀က ၀န်ကြီးဆီသို့ အိတ်ဖွင့်ပေးပို့လိုက်ပါတယ်..... ပေးပို့သူ - ငယ်လေးညီ

No comments: