Friday, March 28, 2014

အမျိုးသမီးတစ်ဦးအပါအ၀င် မီတာခလျှော့ချပေးရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့အင်း ၁၀၀နီးပါးလောက်နဲ့တားဆီးပြီး အင်အာသုံး ဖမ်းဆီးခေါ်ဆောင်သွားမှုမြင်ကွင်း။ လျှပ်စစ်မီတာခ လျှော့ချပေးရေးအတွက် မန္တလေးမြို့ ၃၃လမ်း ၇၈လမ်းဒေါင့် ဒိုင်းမွန်းပလာဇာနားမှာ မတ်လ ၂၇ရက် အခုညနေပိုင်းက ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့ အင်အား ၁၀၀နီးပါးလောက်က တားဆီးခဲ့ပါတယ်။ အဲဒီ့နောက် ဆန္ဒထုတ်ဖော်သူ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းနဲ့ မခက်ခက်ဇော်တို့ကို ပြည်သူ့ ရဲတွေက ဆန္ဒဖော်ထုတ်နေစဉ် ည ၆နာရီခွဲကျော်မှာပဲ အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဆန္ဒထုတ်ဖော်ခဲ့သူတွေဟာ "စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှု ညံ့ဖျင်းသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ ပြည်သူနှင့် ပြည်သူ့ဝန်ထမ်းအပေါ် စာနာစိတ်မရှိသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း အလိုမရှိ၊ ၂၄နာရီ လျှပ်စစ်မီးအပြည့်ဝရရှိရေး ဒို့အရေး" ဆိုတဲ့ အချက်လေးချက်ပါ စာရွက်တွေကိုလည်း ဝေဌခဲ့ကြပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆန္ဒထုတ်ဖော်ခဲ့သူ (၄)ဦးကို အခုလက်ရှိ အမှတ်၈ မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်နေရာမှာ ကျန်ရှိတဲ့ အရပ်ဝတ် ရဲသတင်းပေးဖြစ်သူများကလည်း သတင်းလာယူသူ သတင်းထောက်တွေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်သွားပါတယ်။

No comments: