Sunday, March 9, 2014

ရက်စွဲ၊ ၁၀.၂.၂၀၁၄ ၁။ ကျွန်မအမည်မှာ ခိုင်သဇင်ဖြစ်ပါသည်။ ကျွန်မ၏အိမ်နာမည်ဖြစ်ပြီး ရုံးအမည်ကိုတော့ မပြောပြရဲ၍ သည်းခံပေးပါရန်ကြိုတင်တောင်းပန်အပ်ပါသည်ရှင့်။ ရုံးအမည်ကိုပြောပြပါက ကျွန်မကို မရရတဲ့နည်းဖြင့် ဒုက္ခပေး မည်ကိုစိုးရိမ်၍ဖြစ်ပါသည်။ ကျွန်မသည် နေပြည်တော်ကောင်စီရုံး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေှးဌာနတွင် တာဝန်ထမ်းဆောင်နေသော အကြီးတန်းစာရေးတစ်ဦးဖြစ်ပါသည်။ ကျွန်မတင်ပြလိုသည်မှာ ကျွန်မတို့ရုံးမှလူကြီး ၏ဆိုးသွမ်းရက်စက်ပုံကို နိုင်ငံတော်အကြီးအကဲများနှင့် သိသင့်သိထိုက်သောသူများအား အသနားခံတင်ပြခြင်းဖြစ် ပါသည်။ တိုင်ကြားခြင်းမဟုတ်ပါ။ ကျွန်မအနေဖြင့်ယခုကဲ့သို့တင်ပြရခြင်းမှာ တစ်ရုံးလုံးရှိဝန်ထမ်းများကိုယ်စားတင် ပြခြင်းဖြစ်သကဲ့သို့ ရေရှည်တွင်နိုင်ငံဝန်ထမ်းများ အကြောင်းမဲ့ဆုံးရှုံးရမည့်ကိစ္စုဖြစ်လာနိုင်၍သာ တင်ပြရခြင်းဖြစ်ပါ သည်။ ထို့ကြောင့်ကျွန်မ၏အသနားခံစာအား အောက်ဖော်ပြပါနိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံတော်အဆင့်အကြီး အကဲများ၊ နိုင်ငံတော်အဆင့်ရှိပုဂ္ဂိလ်များ၊ သတင်းမီဒီယာများထံ အသနားခံတင်ပြခြင်းဖြစ်ပြီး အားလုံးဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးပါရန် တင်ပြလိုက်ရခြင်းဖြစ်ပါသည်ရှင့်- (က) ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတကြီး (ခ) သူရဦးရွှေမန်း၊ နာယကကြီး၊ ပြည်တော်စုလွှတ်တော် (ဂ) ဦးသိန်းညွှန့်၊ သမ္မတရုံးဝန်ကြီးဌာန(၁)၊ နေပြည်တော်ကောင်စီဥက္ကဌ (ဃ) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၂။ ကျွန်မတင်ပြလိုသော ပထမကိစ္စတစ်ခုမှာ ကျွန်မတို့ရုံးတွင် ကောင်စီဝင်ဦးမျိုးညွှန့်ဆိုသူရှိပါသည်။ ဒုတိယ ၀န်ကြီးအဆင့်ဟုသိရပါသည်။စစ်တပ်မှပြောင်းလာသော ဗိုလ်မှူးကြီးဟုပြောပါသည်။ထိုသူ၏ဆိုးသွမ်းပုံမှာ ရုပ်ရှင် ဇာတ်ကားများတွင် ကြည့်ရသောဂျပန်ကင်ပေတိုင်စစ်ဗိုလ်တစ်ဦးနှင့်သာတူပါတော့သည်။တွေ့သမျှအရာထမ်း၊ အ မှုထမ်းကိုစိတ်မထင်ပါကမထင်သလို တွေ့တာနှင့်ဆဲဆိုကြိမ်းမောင်းပါသည်။ ၀န်ထမ်းမမှားလျှင်လည်း သူ့စိတ်နှင့် မတွေ့လျှင်ဆဲဆိုပါသည်။ယောက်ျားလေးဆိုလျှင် ပါးရိုက်ပါသည်။ ကျွန်မတို့အမှုထမ်းကိုမဆိုထားနှင့် အရာရှိများ ကိုပင်လျှင်ပါးရိုက်ပါသည်။ လက်သီးနှင့်ထိုးပါသည်။ ခြေဖြင့်ကန်ပါသည်။ ထိုသို့ကိုယ်ထိလက်ရောက်ဆောင်ရွက် ခြင်းမှာလူတစ်ယောက်အပေါ် တစ်ကြိမ်၊နှစ်ကြိမ်နှင့်မရပါ။ သုံးကြိမ်၊လေးကြိမ်ထိုးကြိတ်ကန်ကျောက်ပြီးမှသာနား ပါသည်။ သူစိတ်ထင်တိုင်းလုပ်နေပါတော့သည်။ ၃။ ထိုလူကြီး၏ရက်စက်ယုတ်မာပုံကို ကျွန်မမှတ်မိသလောက်တင်ပြရပါက လက်ထောက်ညွှန်ကြားရေးမှူး(၂) ဦးအား လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန်၊ လည်ပင်းညှစ်ဖူးပါသည်။ ထိုသူ(၂)ယောက်မှာသူကိုကြောက်၍နေပြည် တော်ကောင်စီမှမရရအောင်ကြံဖန်၍ ပြောင်းရွှေ့သွားကြပါသည်။ ၄။ နောက်တစ်ခုမှာ ဦးစီးအရာရှိ(၂)ဦးအား ဆဲဆိုထိုးကြိတ်သဖြင့် ၄င်းအရာရှိ(၂)ဦးမှာ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးချုပ်သို့ ထွက်စာသွားတင်ရာ ရုံးချုပ်မှလူကြီးများကသနားသဖြင့်ထွက်ခွင့်မပေးဘဲ ရုံးချုပ်သို့ ပြောင်းရွှေ့ခေါ်ယူထားခဲ့ပါသည်။ ၅။ နောက်တစ်ခုမှာကျွန်မတို့ရုံးရှိ ဒု-ညွှန့်မှူးတစ်ယောက်မှာ သူ၏နှိပ်စက်မှုကိုမခံနိုင်၍ပင်စင်ယူဖို့(၃/၄)နှစ်ခန့် လိုသေးသော်လည်းထွက်စာတင်သွားခဲ့ပါသည်။ ကြားသိရသည်မှာ ထိုအရာရှိအနေဖြင့်မိသားစုအရေးကြိုတင်ပြင် ဆင်ထားခြင်းမရှိဘဲ မတတ်သာ်၍ ရုတ်တရက်ထွက်လိုက်ရခြင်းဖြစ်သဖြင့် ပြင်ပတွင်အဆင်မပြေဟုသိရပါသည်။ မိ သားစုတစ်ခု၏ဘ၀ကို ထိုလူကြီးဖျက်ဆီးလိုက်ခြင်းဖြစ်ပါသည်။ ၆။ လက်ရှိကျွန်မတို့ရုံးတွင်ရှိသော လက်ထောက်ညွှန်ကြားရေးမှူး(၂)ဦးကိုလည်း ထိုလူကြီးမှတစ်ဦးကိုပါး ရိုက်၍လက်သီးဖြင့်ထိုးပြီး ခြေထောက်ဖြင့်ကန်သည်ဟုသိရပါသည်။ ကျန်တစ်ဦးကိုလည်းမကြာခင်ရက်ပိုင်းက အကြောင်းမဲ့လည်ပင်းညှစ်ခဲ့ပါသည်။ ဦးစီးအရာရှိ၊ ဒု-ဦးစီးများကိုလည်း ကိုယ်ထိလက်ရောက်စော်ကားခဲ့သည့် အကြိမ်မနည်းတော့ပါ။ ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးကိုလည်းလက်သီးဖြင့် ထိုးသည်ဟုကြားသိရပါသည်။ ရ။ အထက်ပါအချက်များသည် အရာရှိများအပေါ် ထိုလူကြီးကျူးလွန်ခဲ့သောပြစ်မှုများဖြစ်ပါသည်။ ကျွန်မတို့ လိုအမှုထမ်းများအတွက်တော့ဆိုဖွယ်ရာမရှိပါ။ သူစိတ်နှင့်မတွေ့သူတိုင်းကို ထိုးကြိတ်ကန်ကျောက်သည့်အပြင် စိတ်မထင်ပါက အလုပ်ဖြုတ်ပစ်ခိုင်းပါသည်။ ကျွန်မတို့၏အလုပ်မှာသူကခန့်ထားခဲ့ခြင်းမဟုတ်ပါ။ သို့ရာတွင်သူက ဖြုတ်ပစ်ဟုပြောပါက ကျွန်မတို့အထက်လူကြီးဖြစ်သူ ဒု-ညွှန်ချုပ်(နေပြည်တော်ကောင်စီအတွင်းရေးမှူး) ကလည်း ထိုဝန်ထမ်းကိုတခြားပြောင်းပစ်ရပါသည်။ ဖြုတ်စရာအပြစ်မရှိ၍ဖြစ်ပါသည်။ ပြီးလျှင် ဦးမျိုးညွှန့်အား ဖြုတ်ပြီးပြီဟု လိမ်ပြောရပါသည်။ (ရ) ရက်သားသမီးများကို ဒုက္ခပေးနေခြင်းဖြစ်ပါသည်။ ၈။ ကြာလာသည့်အခါ ကျွန်မတို့ရုံးရှိ အရာထမ်း၊အမှုထမ်းများအားလုံးမှာ သူနှင့်ဝေးအောင်၊ အသံမကြားရ အောင်၊ မမြင်ရအောင်ရှောင်နေကြရပါသည်။သို့သော်လည်းမလွှဲမရှောင်သာ သူနှင့်မျက်နှာချင်းဆိုင်တိုးပါက စိတ်မ ထင်လျှင်ဆဲဆိုကြိမ်းမောင်းခံရပါသေးသည်။ သူရှေ့တွင်မိမိကိစ္စနှင့်မိမိ ဖုန်းဆက်တာတွေ့လျှင်လည်းဆူပါသည်။ သူရှေ့တွင်စကားပြောနေတာတွေ့လျှင်လည်းဆူပါသည်။ ၉။ ဆက်၍တင်ပြရလျှင် ထိုလူကြီးမှာနိုင်ငံတော်သမ္မတကြီး၏ တပည့်အရင်းဟုသိရပါသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးအားကိုးဖြင့် နှိပ်စက်နေသလားဟုထင်ရပါသည်။ သမ္မတကြီးက ဒီလောက်အထိပြည်သူတွေ အပေါ်ကောင်းတာ တပည့်ဖြစ်သူလုပ်နေတာတွေကို မသိလို့ဟုထင်ပါသည်။ ၁၀။ သမ္မတကြီးရှင့် သမ္မတကြီးတပည့်ဆိုပါကလည်း တပည့်ကို သမ္မတကြီးအနားခေါ်ထားပေးဖို့တင်ပြလိုက်ရ ပါသည်ရှင့်။ တခြားဝန်ကြီးဌာနကိုလည်းပြောင်းမပေးပါနဲ့ ကျန်တဲ့ဝန်ကြီးဌာနက၀န်ထမ်းတွေ ကျွန်မတို့လိုနှိပ်စက် ခံရမှာစိုးလို့ပါရှင့်။ ၁၁။ နိုင်ငံတော်အကြီးအကဲများရှင့်၊ အထက်ကတင်ပြခဲ့သလို ကျွန်မတို့အနေဖြင့်လူကြီးနှိပ်စက်တာခံရတဲ့အပြင် အလုပ်ကိုလည်းဘယ်လိုလုပ်ရတယ်ဆိုတာ ဆက်ပြီးတင်ပြပါမယ်ရှင့်။ ၁၂။ ကျွန်မတို့ဝန်ထမ်းတွေအပါအ၀င် တစ်နိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းတွေ ရုံးဆင်းရုံးတက်ချိန် မနက်(၉း၃၀)နာရီ မှညနေ(၄)နာ၇ီခွဲအထိ သတ်မှတ်ထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ ကျွန်မတို့နေပြည်တော်ကောင်စီမှာ မနက် (၈း၄၅)နာရီလောက်ရောက်အောင် ရုံးလာကြရပြီး ညနေ(၄)နာရီခွဲမှာဘယ်သူမှရုံးမဆင်းကြရပါ။ နေ့စဉ်ည(၈)နာရီ ခန့်အထိ ယောက်ျား၊ မိန်းမအားလုံးနီးပါးရုံးတက်ကြရပါသည်။တခါတရံ ည(၉)နာရီ (၁၀)နာရီအထိရောက်ပါသည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များလည်းမရှိသလောက်ဖြစ်ပါသည်။ အချိန်ပိုခေါ်လျှင်ခေါ်၊ မခေါ်လျှင်လည်းသန့်ရှင်း ရေးခေါ်ခိုင်းပါသည်။ ၁၃။ ထိုသို့ညနက်အောင်ရုံးတက်ရသော်လည်း ကျွန်မတို့ကောင်စီဝင်များနှင့် အတွင်းရေးမှူးမည်သူကမျှ သက် သာချောင်ရှိရေးမျှဆောင်ရွက်မပေးပါ။ နေပြည်တော်ကောင်စီဥက္ကဌကြီးမှလည်းမသိဟုထင်ပါသည်။ သက်ဆိုင်ရာ ဌာနစုအရာရှိများကသာ ၄င်းတို့၏ရှိစုမဲ့စုလစာထဲမှ တတ်နိုင်တာလေးတွေဝယ်ကျွေးကြပါသည်။သူတို့မှာလည်းနေ့ စဉ်ကျတော့မတတ်နိုင်တော့ပါ။ ဌာနကနေ့စဉ် ဒီလိုအချိန်ပိုဆင်းခိုင်းနေပေမဲ့ အချိန်ပိုကြေးတခါမျှမပေးပါ။ လူကြီး တွေကလည်းဘာမှမကျွေးပါ။ ၁၄။ ကျွန်မတို့ဝန်ထမ်းတွေမှာ နေ့စဉ်ရက်ဆက်ဖြစ်လာတော့ အဆောင်ပြန်ရောက်ချိန်၊ အိမ်ပြန်ရောက်ချိန်မှာ တစ်ကိုယ်တည်းသမားဖြစ်ပါက ချက်ပြုတ်စားသောက်နိုင်ခြင်းမရှိတော့အောင် ပင်ပန်းနေပြီဖြစ်ပါသည်။ ဒါကြောင့် အဆင်ပြေသလို ခေါက်ဆွဲပြုတ်ဖြစ်ဖြစ်စားပြီးအိပ်လိုက်ကြရပါသည်။ ကြာလာတော့ကျန်းမာရေးပါထိခိုက်လာပြီး ဒုက္ခရောက်ကြပါတော့သည်။ ပြီးခဲ့သည့်ရက်ပိုင်းလောက်က အဆောင်အတူနေသူဝန်ထမ်းအစ်မတစ်ဦး မူးလဲခဲ့ပါ သည်။ကျွန်မတို့အနေဖြင့် ရုံးပိတ်ရက်များမှာတောင် ဈေးဝယ်ချိန်၊ အ၀တ်လျှော်ချိန်မရကြပါ။ ၁၅။ ယခင်က ကျွန်မတို့ရုံးမှာဒီလောက်အလုပ်မများခဲ့ပါ။ ယခုအတွင်းရေးမှူးဖြစ်သူလက်ထက်တွင်မှ ပိုများလာ သည်ဟုထင်ပါသည်။ အခြေအနေအားမေးမြန်းကြည့်ရာ စာတစ်စောင်ဝင်လာလျှင်လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ် စေအတွင်းရေးမှူးက ရုံးမှတ်စု (M.S) တင်ခိုင်းပါသည်။ သူကခိုင်းတော့ သက်ဆိုင်ရာဌာနတာဝန်ခံ အရာရှိများ ကလည်းလက်အောက်သို့ဆက်လက်တာဝန်ပေးရပါသည်။ ထိုကြောင့်မလိုအပ်ဘဲအလုပ်တွေပိုလာပြီး ညအချိန်ထိ နေကြရပါသည်။ အမှန်မှာမဖြစ်မနေ ရုံးမှတ်စုတင်ပြရန်လိုအပ်သောစာမှတပါး ၀င်စာကိုဝင်စာအနေနှင့်သာဥက္ကဌ ကြီးထံတင်ပြသင့်ပါသည်။ ဥက္ကဌ(သို့မဟုတ်) ကောင်စီဝင်မှ မှတ်ချက်ချမှသာလုပ်ဆောင်ပါက တစ်ကြိမ်သာ ဆောင်ရွက်ရပြီး အချိန်ကုန်သက်သာ၊ လူလည်းသက်သာပါသည်။ ၁၆။ ကောင်စီဝင် ဦးမျိုးညွှန့်ရော၊ အတွင်းရေးမှူးပါ စစ်တပ်ကပြောင်းလာသူများဖြစ်ကြပါသည်။ ကျွန်မတို့ကိုစစ် သားလိုအုပ်ချုပ်နေကြပါသည်။ သူတို့အုပ်ချုပ်တာကို ကျွန်မတို့အရပ်သားမဆိုထားနှင့် ကျွန်မတို့ရုံးရှိစစ်တပ်က ပြောင်းလာသောအရာရှိများပင်မခံနိုင်ကြပါ။ အလုပ်ထွက်ဖို့စဉ်းစားနေကြပါသည်။ ဒီမိုကရေစီခေတ်တွင်ကျွန်မတို့ မှာလူအခွင့်အရေးဆုံးရှုံးနေကြပါသည်။ ၁၇။ ကျွန်မတို့ဝန်ထမ်းတွေအနေဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ်ညနက်အောင်လုပ်နေပါလျှက် နေပြည်တော်ကောင် စီဥက္ကဌကြီးမှ အလုပ်မလုပ်ဘူးဟုမှတ်ချက်ပြုသည်ဟုကြားသိရပါသည်။ ကျွန်မတို့အလွန်ဝမ်းနည်းကြရပါသည်။ ကောင်စီဥက္ကဌကြီးမှ နေပြည်တော်ရှိဌာနဆိုင်ရာအကြီးအကဲများကို အောက်ခြေ၀န်ထမ်းအဆင့်အထိမိဘအရင်း သဖွယ်ဂရုစိက်ပေးဖို့ညွှန်ကြားထားသည်ဟု သိရပါသည်။ သို့သော်လည်းမိမိတို့ရုံးတွင်ဝန်ထမ်းများမှာ ရောမခေတ် ကကျေးကျွန်များကဲ့သို့ နှိပ်စက်ခံနေရတာကို မသိလို့လား၊ မသိချင်ယောင်ဆောင်တာလားလို့ထင်မိပါသည်။ ဖယောင်းတိုင်ရဲ့အောက်တည့်တည့်မှာ မှောင်နေသည့်သဘောဖြစ်ပါသည်။ ၁၈။ ကျွန်မပြောတာမှားတယ်ထင်ရင် ဆက်ပြီးတင်ပြတာကို သုံးသပ်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။ ကျွန်မတို့ ၀န်ထမ်းများ၏ အပျိုဆောင်၊ လူပျိုဆောင်ရှိ မီးခလုတ်၊ မီးချောင်းများ၊ တံခါးဂျက်များအားလုံးနီးပါးမကောင်းကြပါ။ အဆောင်သစ်ကိုစတင်ပြောင်းတာဖြစ်သော်လည်း ကုမ္ပဏီကပစ္စည်းအညံစားများကို သုံးထား၍ပျက်ခြင်းဖြစ်ပြီးမိမိ တို့လစာမှစိုက်၍ ၀ယ်လဲကြရပါသည်။ အိမ်ထောင်သည်လိုင်းများတွင်လည်း အားလုံးထိုသို့လဲကြရပါသည်။ အမှန် မှာသက်ဆိုင်ရာကုမ္ပဏီကလုံးဝမသုံးရခင် ပျက်သည်ဆိုပါက လဲပေးရမည်ဖြစ်ပါသည်။ အပျက်အစီးစာရင်းခဏ ခဏကောက်သော်လည်း လဲပေးခြင်းတော့မရှိပါ။ အိပ်စရာကုတင်လည်းလူတိုင်းမရှိကြပါ။ ကြမ်းပြင်တွင်အိပ် သူကအိပ်ရပါသည်။ ၁၉။ ဆက်လက်ပြီး သုံးရေအခြေအနေကိုတင်ပြပါမည်။ရေမှာအလွန်ကိုဆိုးဝါးပြီး အ၀ါရောင်ဖြစ်ပါသည်။သဲများ၊ နွံများရှိနေခြင်းဖြစ်ပြီး မကြာခင်ကမှ ဒု-ညွှန်မှူးတစ်ဦးကတာဝန်ယူပြီး လူငှားပြီးကန်ဆေးပေးထားပါသည်။ ကျသင့် ငွေကို ကျွန်မတို့စုပြီးကျခံရပါသည်။ သို့ရာတွင်ရေမှာဆိုးဝါးဆဲဖြစ်ပါသည်။ အိမ်ထောင်သည်လိုင်းများတွင်လည်းထို သို့ဖြစ်ပါသည်။ အရာရှိအိမ်များတွင်တော့ ရေမကောင်း၍မိမိတို့အစီအစဉ်ဖြင့် ဖစ်တာ(အစစ်)တပ်ဆင်ကြပါသည်။ ကျွန်မတို့နှင့်အမှုထမ်းအိမ်များမှာတော့ မတတ်နိုင်သဖြင့် ရောဂါဖြစ်ခံရရုံသာရှိပါတော့သည်။ လူကြီးတွေမသိကြပါ။ ဂရုလည်းမစိုက်ကြပါ။ ၂၀။ အထက်တွင်တင်ပြခဲ့သလို ရေအခြေအနေဆိုးဝါးနေတာကိုကျွန်မတို့ရဲ့အတွင်းရေးမှူးလည်းလာမကြည့်ပါ။ ကောင်စီဥက္ကဌကြီးလည်းမသိပါ။ ဘယ်ကောင်စီဝင်မှလည်းမသိပါ။သိတဲ့အောက်ကအရာရှိတွေက တင်ပြချင်သော် လည်းမတင်ပြရဲကြပါ။ တင်ပြလျှင်တင်ပြသူကိုပြသာနာရှာမှာစိုး၍ဖြစ်ပါသည်။ ၂၁။ ထိုကြောင့် နိုင်ငံတော်သမ္မတကြီးနှင့်တကွ နိုင်ငံတော်အကြီးအကဲများအားလုံး နေပြည်တော်ကောင်စီတွင် ငရဲကျသလိုဖြစ်နေတဲ့ဝန်ထမ်းတွေရဲ့ဒုက္ခ၊ သောကတွေကိုနားလည်ပေးပြီး စောင့်ရှောက်ပေးဖို့နဲ့ ကျွန်မတို့ကိုရောမ ခေတ်ကကျွန်တွေလို နှိပ်စက်နေတဲ့ကောင်စီဝင် ဦးမျိုးညွှန့်ကို ဒီရုံးကနေ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့အသနားခံ တင်ပြလိုက်ရပါသည်။ မကြည့်ရှုမစောင့်ရှောက်ပါက ၀န်ထမ်းအားလုံးဘ၀ပျက်ခံပြီး အလုပ်ထွက်ကြရပါတော့မည်။ ကယ်တော်မူကြပါရန် ရှိခိုးဦးတင်၍တင်ပြလိုက်ရပါသည်။ ရိုသေလေးစားစွာဖြင့် မခိုင်သဇင် အကြီးတန်းစာရေး နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

No comments: