Wednesday, March 26, 2014

အဘဘောမလော်ဘီလေးတွေရေးတာတချို့ ကိုယ့် News Feed ထဲ ရောက်ရောက် လာတော့ ဖတ်မိရင်း စစ်ဦးစီးတက္ကသိုလ်သင်တန်းမှာ နိုင်ငံရေး ပါတီတွေ၊ NLD နဲ့ ပတ်သတ်တာတွေ သင်တဲ့အခါ “စုကြည်သည်-” လို့ အစပြုပြီးတော့ သင်တာတွေကို ပြန်သတိရမိသေးဗျာ။ ဘာတဲ့- “တပ်မတော်ခေါင်းဆောင်များနှင့် အောက်ခြေရဲဘော်များကို သွေးခွဲစည်းရုံး” “နယ်များသို့ စည်းရုံးရေးဆင်းရာတွင် စည်းကမ်းဥပဒေများကို ချိုးဖောက်” “တပ်မတော်သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်စေရန် အမျိုးသားညီလာခံအား ၁၉၉၃ မှစတင်ကျင်းပလျက်ရှိ” “ပြည်ထောင်စုကြီးပြိုကွဲစေရန် ဦးတည်လုပ်ဆောင်” “အနောက်အုပ်စုနိုင်ငံများမှ မြန်မာပြည်တွင်းရေးကို ၀င်ရောက်နှောက်ယှက် စွက်ဖက်နိုင်ရန် ပြည်ပသံရုံးများနှင့် ချိတ်ဆက်၍ လုပ်ဆောင်လျက်ရှိ” “တပ်မတော်မှ နိုင်ငံတော်တိုးတက်ရေးအတွက် လမ်း ……. တံတား ……. ကျပ်သန်းပေါင်း …….” စသဖြင့် စသဖြင့်ပေါ့လေ။ အတိုချုံးလိုက်ရင်တော့ “ဒေါ်စု မကောင်း၊ တို့ဗိုလ်ချုပ်များသာ အရမ်းကောင်း” ပေါ့။ ဥစတ သင်တန်းတင်မက တိုက်/စည်း၊ မွမ်းမံ၊ အုပ်ချုပ်မှုစတဲ့ ခေါင်းစဉ်အမျိုးမျိုးသော သင်တန်းတွေမှာလည်း အဘတွေ အပေါ် အယုံအကြည်မပျက်ရေး၊ ထိုင်ခုံမြဲရေး၊ စည်းစိမ်မပြုတ်ရေး၊ ရေရှည်အာဏာ တည့်တံ့ရေးအတွက် အထူးတလည် ထပ်ခါတလဲလဲ သင်ကြားရိုက်သွင်းခဲ့တဲ့ ဒေါ်စုမုန်းတီးရေးနဲ့ ဒီမိုကရေစီ/လူ့အခွင့်အရေးဆိုတာ မကောင်းကြောင်း သင်ခန်းစာတွေပေါ့ဗျာ။ ဒီလို အဘတွေ သင်ကြားလေ့ကျင့် ပေးထားတဲ့ သင်ခန်းစာ အသိလောက်ပဲရှိ၊ အဲဒီ အသိထဲက ရုန်းမထွက်နိုင်ရှာပဲ တ၀ဲလည်လည် ဖြစ်နေတဲ့ အဘဘောမလော်ဘီလေး တွေကို ကြည့်ရင်း Feeling is စိတ်ပျက် …။ မိုးဇေညိမ်း

No comments: