Friday, March 28, 2014

မသန်းသန်းဝင်း Update news (27.3.2014) ဒီနေ့ ထပ်သိရတဲ့ အခြေအနေလေးပါ။ မသန်းသန်းဝင်းက ရန်ကုန်ကမဟုတ်ပဲ နယ်က ဖြစ်ပါတယ် ဖခင်က နောက်အိမ်ထောင်ပြုသွားပြီး မောင်နှမလေးယောက် ရှိတယ်လို့သိရပါတယ်။ သူ့မောင်ငယ်လေး ကို အရမ်းချစ်ပီး အဲ့ဒီမောင်လေးအတွက် အဓိက ထားပြီး ဒီမှာ လာအလုပ်လုပ်တယ်လို့ သူရေးထားတဲ့ ဒိုင်ယာရီကနေ တွေ့ ရတယ်လို့ ပြောပါတယ်။ အခင်းဖြစ်တဲ့နေ့က အဲဒီမှာ ကိုယ်တိုင်ရှိခဲ့တဲ့ ကူညီပေးခဲ့တဲ့ မြန်မာတွေ ဆီကသိရတာကတော့ မသန်းသန်းဝင်း က ပြသနာဖြစ်ပီးချိန်မှာ ကွန်ဒိုကနေ ပြေးထွက်လာခဲ့တယ် အနီးနားမှာရှိတဲ့ construction တခုနားမှာ သူ့ကိုယ်သူ လဲ လည်ပင်းကို ဓါးနဲ့ထိုးဖို့ လုပ်နေတုန်း ပတ်ဝန်းကျင်က လူတွေက တွေ့ လို့ ၀ိုင်းဝန်းထိန်းသိမ်းလိုက်တယ်လို့ ဆိုပါတယ်။ ရဲတွေက လက်ဗွေပါတဲ့ ကတ်ကြေးကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတညလုံး စစ်ဆေးမေးမြန်းမှုတွေမှာ ကလေးမလေးက ဘာဆိုဘာမှ မပြောနိုင်ပဲ နှုတ်ဆိတ်နေခဲ့ပီး မနက်ကျမှ ကူညီပေးတဲ့ မြန်မာ အန်ကယ်ကိုတော့ သူလုပ်ခဲ့တယ်လို့ ၀န်ခံလိုက်တယ်။ ဘာကြောင့်လုပ်ရတယ် သူ့ကို ဘာတွေလုပ်လို့ သူက ဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတာတွေကို ဘာမေးမေး ဘာမှ ပြန်မပြောနိုင်တဲ့အတွက် ခုချိန်ထိ ဘယ်သူမှ မသိကြရသေးပါဘူး။ ဒီကလေးမလေး တကယ်လုပ်ခဲ့မိတယ်ဆိုရင်တောင် သူဘယ်လောက်ထိ နာကျင်ထိခိုက်ခဲ့ရလို့ ဒီလိုမျိုးလုပ်ခဲ့ ရတာလဲဆိုတာ တွေးကြည့်ရင် တော်တော်ကိုယ်ချင်းစာမိပါတယ်။ တော်တော်ကို မခံမရပ်နိုင်လောက်အောင် အရွယ်နဲ့ မမျှတဲ့ pressure တွေခံစားလိုက်ရလို့ ဖြစ်သွားပုံရပါတယ်။ ဒါကြောင့် ဒီကလေးကို ကျွန်မတို့ တတ်နိုင်သလောက် ဆက်လက်ကူညီသွားပါမယ်။ အခုလက်ရှိမှာ မြန်မာသံရုံးက ဒီကိစ္စဆောင်ရွက်နေသူတွေနဲ့ တွေ့ ဆုံခွင့်ရအောင်ကြိုးစားနေပါတယ် အဆင်ပြေလို့ ကလေးမလေးနဲ့ ကျွန်မတို့ ထဲက တယောက်ယောက် တွေ့ ဆုံခွင့်လေးရရင် သူ့အတွက် အားလုံးက ၀ိုင်းလုပ်ပေးနေကြတာတွေ သိပီး အားရှိသွားအောင် ၊ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်ကို ရဲရဲဝင့်ဝင့် အမှန်တိုင်း ပြောပြချင်စိတ်ဖြစ်လာအောင် လုပ်ပေးကြဖို့ တိုင်ပင်ထားပါတယ်။ အချိန်ပေးနိုင်တဲ့သူတွေက စာတိုလေး တကြောင်းနှစ်ကြောင်းစီရေးပေးလို့ ပဲဖြစ်ဖြစ် သူ့ကို ၀ိုင်းအားပေးကြမယ်လို့ စဉ်းစားမိပါတယ်။ အဓိကက သူစိတ်ထဲမှာ သူ့ကိုဝိုင်းဝန်းကူညီနေသူတွေရှိတယ် ဆိုတာသိရင် သူဖွင့်ပြောပြလာမယ် အဲဒါတွေကို အခြေခံပြီး သူ့အတွက် ပြစ်ဒဏ် (သူတကယ်ကျူးလွန်ခဲ့တယ်ဆိုရင်တောင်) လျှော့ပေါ့အောင် ကူညီပေးနိုင်ဖို့ရည်ရွယ်ပါတယ် ဖေ့စ်ဘွတ်မှ သူငယ်ချင်းမောင်နှမများထဲမှ other better idea များရှိရင်လဲ ၀ိုင်းဝန်အကြံပေးကြပါလို့ request လုပ်ပါတယ် Credit To: LaMin Lwin

No comments: