Saturday, March 1, 2014

Naung Taw Lay (၂) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ = = = = = = = = = = = = = = = = = ဒါလည်း ရှင်းရှင်းလေးပဲ ။ ဘာသာမတူသူတွေ စမန်ထပြီး ရကြတယ်။ အဲဒီလိုအခါမျိုးမှာ တစ်ဖက်က အစွဲကြီးတယ်။ တစ်ဖက်က ပေါ့လျော့တယ်။ ဒါကို အခွင့်ကောင်းယူပြီး အဓမ္မ၀ါဒီထဲကို သွတ်သွင်းခံရတာတွေရှိတယ်။ ဘာသာကြီး(၃)ရပ်မှာ ဘာပြဿနာမှ မရှိဘူး ။ တစ်ဖက်နဲ့တစ်ဖက် ၀င်ချင်စိတ်မရှိရင် ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်နေလို့ရတယ်။ အဓမ္မ၀ါဒီတွေသာ အမျိုးမျိုး လှည့်ဖြားတာကြောင့် ဘာသာမတူသူတွေ လက်ထပ်ထိမ်းမြားပြီးတဲ့အခါမှာ နှစ်ဦးနှစ်ဖက် လေ့လာကြ။ နှစ်သက်တယ် ၊ လက်ခံတယ် ဆိုတော့မှ ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ကို ကြိုက်တဲ့ဘာသာထဲကို ၀င်ကြ။ အဲဒါ လူ့အခွင့်အရေးကို ချိုးဖောက်နေလို့လား။ မစူးစမ်း မဆင်ခြင်ဘဲ မှားမှာစိုးလို့ တားတယ်။ တကယ်ဆိုရင်တော့ နိုင်ငံတော်မှာ နိုင်ငံတော်ရဲ့ အကြီးအကဲဆိုတာတွေဟာ ကိုယ့်ကိုယ်ကို မိဘလို့ ခံယူပြီး မိဘလို ကျင့်ကြံနေထိုင်မယ်ဆိုရင် ကိုယ့်သား / ကိုယ့်သမီး မမှားအောင် ကာကွယ်စောင့် ရှောက်ရမယ့် တာဝန်ရှိတယ်။ အဲဒီလိုကာကွယ်စောင့်ရှောက်ရမယ့်အစား အမျိုးပြတ်အောင် ဖျက်နေမယ်ဆိုရင်တော့ နိုင်ငံတော် အကြီးအကဲနေရာမှာ မနေကြနဲ့။ လွှတ်တော်ထဲမှာလည်း ဆင်ခြင်တုံတရားနဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ အရေးကြီးဆုံ မဏ္ဍိုင်အနေနဲ့ တခန်းတနားထားကြတာဗျ။ အပင်းစို့ပြီး ပြည်သူကို စော်ကားနေမယ်ဆိုရင်တော့ လွှတ်တော်ထဲကနေ ကိုယ့်အသိတရားနဲ့ကိုယ် ထွက်သွားလိုက်ကြတော့။

No comments: