မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, March 30, 2014
"""ပညာဖြင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတရပ်ဆီသို့. . ."""
သမိုင်း သင်တာ မအ အောင် လို့ လို့၊ ဆရာကြီးဒေါက်တာသန်းထွန်း ရဲ့ အဆိုအမိန့်လေး က လိုတိုရှင်း သလို၊ အင်မတန်မှ တာ သွားလှတယ်။
ကျနော်တို့ တလျှောက်လုံး သမိုင်း ကို မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေရန် စသဖြင့်၊ လွဲမှားစွာ သင်ခဲ့တယ်။
ငယ်ငယ်က သင်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေ၊ (ခုလဲ သင်နေဆဲပဲ ဖြစ်ပါလိမ့်မယ်၊ ကိုယ့်ကလေးတွေရဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေ ပြန်လှန်ကြည့်ကြပါဦး)
ထဲ အဲဒီလို သင်ခဲ့တယ်။
အဲဒါရဲ့ အကျိုးဆက်က အဲဒီလို ရိုက်သွင်းခံထားရတဲ့ ဦးနှောက်တွေဟာ၊ အကြောင်းအရာ တခုကို ဘက်မျှအောင်၊ မျှတစွာ အခြေခံမစဉ်းစားတတ်တော့ဘူး။
ပညာရေးမှာ အဲဒီလို လုပ်ခံလိုက်ရတော့၊ လူ့အဖွဲ့အစည်းတရပ်လုံးမှာ အဲဒီအတွေးအမြင်လွဲကြီး ၀င်နေတယ်။ အဲဒီလို တွေးတာက မှ အမှန် လို့ တထစ်ချ ယုံကြည်နေတယ်။
ငါ့အမျိုးသားတွေ နိုင်တာ မှ အမှန် ဆိုတဲ့ အမျိုးသားစိတ် ဆိုတာ အမှားကြီးပါ။
အတွေးမှား၊ အမြင်မှားကြီး။
ဘယ်လောက်တောင် မှားသလဲ ဆို ကမ္ဘာဖျက်နိုင်တဲ့ အထိ၊ မှားတဲ့ အမှားပါ။
ယှဉ်ကြည့်ဖို့ ဥပမာပေးရရင်၊
ဒေါက်တာမတင်ဝင်း တို့ အုပ်စုတွေ(သမိုင်းပညာရှင်တွေလဲ မဟုတ်ပါဘူး) ရေးတဲ့
သမိုင်းစာသားတွေနဲ့၊ ဆရာကြီးဒေါက်တာသန်းထွန်း ရေးတဲ့ သမိုင်းစာတမ်းတွေ
ယှဉ်ကြည့်ပေါ့။
အလောင်းမင်းတရားကြီးသည် ၁၇၅၅ တွင် ဒဂုံ ကို တိုက်ခိုက်အောင်မြင်တော်မူပြီး၊
ရန်ကုန် ဟု သမုတ်ခဲ့သည်။
ဆိုတဲ့ အရေးသားနဲ့၊
အလောင်းဘုရားသည် ၁၇၅၅ တွင် ဒဂုံ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ရန်ကုန် ဟု
အမည်ပြောင်းခဲ့သည်။
ဆိုတဲ့ အရေးအသားနဲ့ ယှဉ်ကြည့်ရင် ဘယ်ဟာက သမိုင်းပညာရှင်ရေးတာ၊ ဘယ်ဟာ
က ခုနက မျိုးချစ်စိတ်တို့၊ ဇာတိမာန်တို့ ၀င်စွက်ထားတဲ့ နိုင်ငံရေးဝါဒဖြန့်သမိုင်းသင်တာ ဆိုတာ ကွဲ လိမ့်မယ်။
ဒေါက်တာသန်းထွန်း က ပညာရှင်စစ်စစ်ဆိုတော့ ရွှေစက်တော် မှာ ဒီဒေသ ဗုဒ္ဓကြွလာတယ် လို့ သမိုင်းအထောက်အထား မတွေ့မိဘူး လို့ ဆိုတယ်။
သူပြောတာ ရှင်းရှင်းလေး။ အထောက်အထား မတွေ့ဘူး၊ ပညာရှင်ဆိုတာ ပညာရှင်လို
ပဲ တွေ့တာ၊ တွေ့တယ်၊ မတွေ့တာ မတွေ့ဘူးပေါ့။
ဒီတော့ ဂေါပက က ဓမ္မန္တရာယ်ကောင် လို့ ဆို၊
ပညာ ပဲ ရှိ၊ သဒ္ဓါ ကင်းတဲ့ ကောင် လို့ ဆို၊
ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်းတရပ်လုံးဟာ ပိတ်ဆို့ကျဉ်းမြောင်းတဲ့ လူ့အဖွဲ့အစည်းကြီးတရပ် ဖြစ်မှန်းမသိ၊ ဖြစ်နေလိုက်တာ။
ပညာရေး ကို ခုန လို လောလောဆယ် အာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုသလို
ပြင်ဆင်ပုံစံသွန်းလောင်းလိုက်တော့၊ တိုင်းပြည်ကြီး ချွတ်ခြုံကျလိုက်ရတာ မပြောနဲ့။
အမေရိကားမှာ စီးပွားရေးသမား၊ စီးပွားရေးလုပ်ငန်းရှင် အောင်မြင်တဲ့သူ ဆို သူရဲကောင်း လို အထင်ကြီးတယ်။
မြန်မာပြည်မှာ အာဏာသိမ်းကောင်းအောင်၊ ထိန်းကောင်းအောင် ဆိုရှယ်လစ် ပြီး၊
ပညာရေးမှာကော၊ တတိုင်းပြည်လုံးမှာကော၊ စီးပွားရေးသမား ဆို မုန်းစရာကြီး လို့
မြင်အောင် ၀ိသမလောဘစီးပွားရေးသမားတွေ လို့ နာမည်ပေးပြီး၊ ၀ါဒဖြန့်ခဲ့တယ်။
ရှိသမျှ စာပေ၊ ရုပ်ရှင်၊ ကာတွန်းတွေမှာလဲ စီးပွားရေးသမားတွေဟာ ဗီလိန်အခန်းက
မဆင်းရဘူး။
မင်းသားဆိုတာ ဆင်းရဲမယ်၊ ဆေးပေါ့လိပ်တို ခဲ၊ ဘုဘောက်ပြော၊ လွယ်အိတ်တလုံး
လွယ်ပြီး၊ စာပေသမား ဖြစ်ရမယ် ဆိုတဲ့ ပုံစံခွက် ၀တ္ထုတွေ နဲ့ ကျနော်တို့ကြီးပြင်းခဲ့တယ်။
မင်းသား ဆိုတာ ဘယ်တုန်းကမှ ဟိုးအောက်ခြေက စ ပြီး၊ အဆင့်ဆင့်ကြီးပွားချမ်းသာ
အောင် အားထုတ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် လို့ ဖန်တီးခဲ ခဲ့ကြတယ်။
ဒါနဲ့ လူတွေ မသိစိတ်၊ သိစိတ် မှာ စီးပွားရေးသမားကိုမုန်းတီးစိတ်ကလဲ ၀င်နေပြန်ရော။
ဆိုရှယ်လစ်ခေတ်မှာ ကျွန်ုပ်တို့၏ ယုံကြည်ချက်ဆိုပြီး လူလူချင်းခေါင်းပုံဖြတ်ပြီး. . .ဆိုပြီး အစချီ ထားတာကြီးလဲ နိုင်ငံတော်အဆင့်နဲ့ကို ပြဋ္ဌာန်းခဲ့တယ်။
ဒီတော့ ဌာနဆိုင်ရာတွေမှာ အဲဒီလိုစာတွေ သင်ပြီး လူလားမြောက်ခဲ့တဲ့ လူတွေက လူကြီးနေရာယူပြန်တော့ လွဲ ပြန်ကော။ ဟိုးအထက်လူကြီး က အစ၊ အောက်ခြေ ၀န်ထမ်းတွေအထိ၊ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းရှင် ဆို ကောင်းကောင်းမွန်မွန်၊ သူက အခွန်ထမ်းနေတဲ့ သူ၊ ငါတို့က အခွန်စားနေတဲ့ ၀န်ထမ်းလို့ လေးလေးစားစား ဆက်ဆံရကောင်းမှန်း မသိကြဘူး။
အမှန်တော့ လုပ်ငန်းရှင်ကိုမှ မဟုတ်၊ ပြည်သူတိုင်းကို လူ တိုင်းကို၊ လေးလေးစားစားဆက်ဆံတတ်ဖို့ကို လိုပါတယ်။
ဒီပြဿနာကလဲ အောက်ခြေက ရဲဘော်၊ တပ်ကြပ် အဆင့်ဆင့်အဖေအရွယ်လဲ
မင်းနဲ့ငါပြော၊ ပါးနားရိုက်အုပ်ချုပ်လာတဲ့ စစ်ဗိုလ်တွေ မန်နေဂျာက စ၊ ညွှန်မှူး
ညွှန်ချုပ်ထိ နေရာဝင်ယူ၊ အုပ်ချုပ်နေကြတာကြောင့်လဲ ပါပါတယ်။
သူတို့မှာ လူဆန်တဲ့ လူစိတ်မှ မရှိတာ။
စစ်တပ်က အုပ်ချုပ်လို့မရဘူး ဆိုတာ အလကားပြောနေတာ မဟုတ်ဘူး။
စစ် ဆိုတာ လူစိတ်ပျောက်မှ တိုက်လို့ရတာ။
စစ်သား ဆိုတာ လူစိတ်ဖျောက်လို့ အမှုထမ်းရတာ။
ဒီစိတ်နဲ့ အရပ်ဘက် လူ့နယ်ပယ်ထဲ ၀င်စွက်ဖက်နေသရွေ့
ဒီလူ့အဖွဲ့အစည်း မအောင်မြင်နိုင်ဘူး။
စစ်ဦးဘီလူး ဆိုတဲ့ မြန်မာစကား ဟာ အလကား မဟုတ်ဘူး။
ခုတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်အလုပ်အတွက် ၀ယ်ဖို့တောင်
လျှောက်လွှာတင်ရင်၊
မျက်နှာနေ၊ မျက်နှာထားကြီးနဲ့ လက်မှတ်ထိုးတာ
လက်ဆောင်ပန်းခြင်း(သုံးသိန်းအောက်ပဲ ဖြစ်ဖြစ်) ပို့ထားရင်တော့ တမျိုးပေါ့။
လူ့အဖွဲ့အစည်းတရပ်လုံး လွဲနေတာနော်။
မြန်မာလူငယ်တွေထဲမှာလဲ နိုင်ငံရေးသမား လုပ်ချင်တဲ့သူ၊ အနုပညာသမား လုပ်ချင်တဲ့
သူ၊ စသဖြင့်သာ နယ်ပယ်အသီးသီးမှာ တိုးဝှေ့နေကြတယ်။
စီးပွားရေးသမားအနေနဲ့ အောင်မြင်အောင် ချမ်းသာအောင် လုပ်မယ် ဆိုတဲ့
စိတ်တွေ တက်မလာသေးဘူး။
ဒီလို ဖြစ်နေတော့ တတိုင်းပြည်လုံး ဆင်းရဲတော့တာပေါ့။
ဆရာကြီးပီမိုးနင်း ရေးခဲ့သလိုပဲ
အရေးအကြီးဆုံးက အောင်စိတ်. . .။
အောင်စိတ် က ဘာ အောင်ချင်သလဲ ဆိုတဲ့အပေါ်မှာ မှီတည်ပြီး အောင် မှာ။
မြန်မာပြည်သူအများစု ကို စာရင်းစစ်ကြည့်။ ချမ်းသာချင်သလား လို့၊
အားလုံးလိုလိုက ကိုယ့်အိုးကိုယ့်အိမ်ကလေးနဲ့ အေးအေးဆေးဆေးနေရရင် တော်ပါပြီ ဆိုတဲ့သူတွေက အများစု။
ပြည်သူအများစု မချမ်းသာချင်ရင် အဲဒီတိုင်းပြည်မချမ်းသာဘူး။
အများစု ကိုးကွယ်တဲ့ ဘာသာတရားကြောင့်လဲ ပါတယ်။
ခုကို မြန်မာလူငယ်တွေထဲ စာရင်းကောက်ကြည့်။
နိုင်ငံရေးသမား လုပ်ချင်တဲ့သူ
လူမှုရေးသမား လုပ်ချင်တဲ့သူ
က ပိုများနေမယ် ထင်တယ်။
တကယ့်နိုင်ငံရေးသမား စစ်စစ် ဆိုတာ ဆင်းရဲတယ်။
သမ္မတ ဖြစ်သွားတောင်ဆင်းရဲတယ်။
ဗိုလ်ချုပ်အောင်ဆန်း၊ ဟိုချီမင်း၊ မျက်မှောက်ခေတ် ဘရာဇီးသမ္မတကြီး တို့ကို ကြည့်။ အဲဒါတွေမှ နိုင်ငံရေးသမား စစ်စစ်တွေပါ။
သူ့ဘ၀ တလျှောက်လုံး နိုင်ငံအတွက်ပဲ စဉ်းစားတော့တယ်။
သူတို့လို ခုံဖိနပ်တရံ၊ အ၀တ်သံုးစုံနဲ့ နေသေသွားဖို့ စိတ်ကူးရင် လုပ်။
မလုပ်နိုင်ရင် မလုပ်စေချင်ဘူး။
အတ္တသမားတွေ နိုင်ငံရေး လုပ်ရင် တိုင်းပြည်နာ လွန်းလို့။
ကျနော်ကတော့ အဲဒီလူကြီးတွေကို လေးစားနှစ်ချိုက်ရပေမယ့်
အဲဒီလို မနေချင် လို့
မလုပ်ဘူး ဆုံးဖြတ်တယ်။
ကိုယ်က လှလှပပ ကြော့ကြော့မော့မော့ပဲ
ကြိုက်တာ၊
ကိုယ့်ဝမ်းထဲ ကိုယ်အသိဆုံးဗျာ။
ဟန်ဆောင်ပြီးလဲ လူအထင်ကြီးခံ မလုပ်နိုင်ပါဘူး။
လုပ်ချင်တာကိုလဲ
ခင်ဗျားတို့ ဘယ်လောက်ကဲ့ရဲ့၊ ကဲ့ရဲ့ လုပ်မှာပါပဲ။
ဒါကိုက အနုပညာသမားဖြစ်ဖို့ အကြောင်းလို့ ထင်ပါတယ်။
ရည်မှန်းချက်ဆိုတာ ထားရင်
ဖြစ်ချင်တာ၊ ဖြစ်နေတာကိုချည်း အားမကျရဘူး။
လုပ်နိုင်ပါ့မလား၊ ဖြစ်ချင်မှ ဖြစ်မယ်၊ လုပ်နေရတာကို ပျော်ပါ့မလား လို့
ကိုယ့်ကိုယ်ကိုယ် မေးရတယ်။
အထူးသဖြင့် အောင်မြင်ဖို့
မအောင်မြင်ဖို့ မသေချာတဲ့ အနုပညာသမားလောကထဲ ၀င်မယ် ဆို ပိုမေးပါ။
အနုပညာ ဆိုတာ တခါတလေ သေပြီးမှ အောင်မြင်တယ်။
မသေခင်တော့ ဗန်ဂိုး ဆိုတဲ့ကောင်ဟာ သူများဆီက ပိုက်ဆံထောက်ပံ့ကြေး
တောင်းပြီး၊ အလုပ်မလုပ်၊ လက်ကြေးမတင်းတဲ့ အလကားကောင်။
လူ့အဖွဲ့အစည်းက အဲလိုပဲ မြင်ခံခဲ့ရတယ်။
ဂေါ်ဂင် လဲ -ါသည်မလေးတွေ တရုန်းရုန်းနဲ့ နေတတ်တဲ့
ေ-ါင်းသာသာ ကောင်ကြီးပေါ့။
အနုပညာသမား ဆိုတာ
-ါသည်မလေးတွေကိုလဲ
နှလုံးသားစစ်စစ်နဲ့
ချစ်ချင် ချစ်တတ်တယ်။
သူ့နှလုံးသားထဲ လူ ကို လူလို့ပဲ မြင်တယ်။
အဲဒီလို လူ့အဖွဲ့အစည်းက သတ်မှတ်တာကို
ဂရုမစိုက်ဘဲ
သူ့နှလုံးသား က သူယုံကြည်ရာနောက်ကို
ကောက်ကောက်ပါ လိုက်
ဘ၀ ကို ရှုံးပြီးရင်း ရှုံးခံနိုင်ရဲတဲ့ သတ္တိ မျိုး ကိုယ့်မှာ ရှိရဲ့လား လဲ မေးပါ။
ဆိုရရင်
ဆရာတယောက်ပြောဖူးသလို
နိုင်ငံတကာ က လူငယ်တွေနဲ့
မြန်မာပြည် က လူငယ်တွေ
ဘာကွာသလဲ ဆိုတော့၊
မြန်မာပြည် က လူငယ်တွေက
ဆယ်တန်းလောက်ရောက်လာတဲ့အထိ
ကိုယ်ဘာလုပ်ရမယ် ဆိုတာ တိတိကျကျ ရည်မှန်းချက် မထားနိုင်ဘူး တဲ့။
အဓိက က ပညာရေး
ပညာရေး
ပညာရေးစနစ်ကြီး ကို ပြင်ဖို့ လိုပါတယ်။
ငယ်ငယ်လေးကတည်းက
ဂီတ၊ စာပေ၊ ပန်းချီ၊ ပန်းပု ဆိုတာတွေနဲ့ ရင်းနှီးရမယ်။
လူ ကို တန်ဖိုးထား၊ လူလူချင်း ဂါရ၀ထားတတ်အောင် သင်ပေးဖို့ လိုပါတယ်။
ဘာသာရပ်တိုင်း မျှတစွာ အမြင်ကြည့်တတ်အောင် သင်ပေးဖို့ လိုပါတယ်။
ဒီက လူတွေနဲ့
ကျနော်တို့
ဘာ ကွာ သလဲ လို့
ကြည့်တဲ့အခါ. . .
ဘ၀ ကြီးတခုလုံး
ဆုံးရှုံးစေခဲ့တဲ့
ဝါဒမှိုင်းတိုက်ပညာရေးကြီး ကိုပဲ မြင်မိတယ်။
ချိုတူးဇော်
============================
အခုခေတ်ကလေးတွေပိုဆိုးပါတယ် ပညာရေးစနစ်ဆိုးကြီးရဲ့မှိုင်းတွေက၁မျိုး စည်းရိုးထိုးမယ့်လူတွေရဲ့မှိုင်းတွေက၁မျိုးနဲ့ သူတို့ရငိထဲကလွဲမှားနေတဲ့
အမြင်တွေ အတွေးတွေ အယူအဆတွေကို ပြန်နုတ်ဖို့ တဖြည်းဖြည်းနဲ့ ပိုခက်တဲ့အနေအထားရောက်နေပါပြီ ဘာလို့လဲဆိုတော့သူတို့မိဘတွေကိုယ်တိုင်က လွဲနေတာကိုး သားသမီးတွေကို ဘယ်လိုပြန်တည့်ပေးမလဲ ဒါတွေကို ပြန်တည့်ပေးဖို့ ပညာရေးဟာ အရေးပါတဲ့အခန်းက ပါလာပါတယ် အခုအချိန်ထိ ပညာရေးကို ပြုပြင်ပြောင်းလဲချင်တဲ့ အရိပ်အယောင်မျိုးလည်း ဒီအစိုးရဆီမှာ မမြင်ရသေးဘူး ၂၀၁၅မှာတက်လာတဲ့အစိုးရဆီကပဲ မျှော်ရတော့မယ် အရေးအကြီးဆုံးက ၂၀၁၅မှာ ပညာရေးစနစ်ကောင်းကောင်းရလိုက်ဖို့ လိုပါတယ် ရခဲ့ရင်တောင် ၁၀စုနှစ်၁ခုစာ/၂ခုစာလောက် စောင့်ရပါဦးမယ်
Saung Thit
============================
ပညာရေးပြင်တယ် ဆိုတာထက် ပညာရေးလွတ်လပ်ခွင့်ပေးဖို့သာ လိုတယ် လို့ ကျနော်က မြင်ပါတယ်။
ပြင်တယ် ဆိုရင် လူတစု၊ အဖွဲ့အစည်းတခုခု က သူတို့သဘောကျ လိုသလို ပြင်တာ ခံရနေဦးမှာပါပဲ။
ဒါကြောင့် လွတ်လပ်စွာပညာသင်ကြားခွင့် ကိုသာ တောင်းဆိုရလိမ့်မယ်။
လွတ်လပ်စွာနဲ့ ကိုယ်ပိုင်ကျောင်းတွေ ပေါ်လာဖို့၊
အဲဒီကိုယ်ပိုင်ကျောင်းတွေဟာ လူတန်းစားမရွေး တက်နိုင်မယ့် အခကြေးငွေနဲ့ ဒါမှမဟုတ် အခမဲ့ကျောင်းတွေ ပေါ်လာဖို့၊ တနည်းအားဖြင့်အမျိုးသားပညာသင်ကျောင်းတွေ ပေါ်လာသလိုပေါ့။ အားထုတ်ကြရမယ်။
နောက်တဆင့် က နိုင်ငံတကာက ပညာရေးစနစ်မျိုးအဲဒီကျောင်းတွေမှာ
ထွန်းကားအောင်၊
နောက်တဆင့်က နိုင်ငံတကာ က အဲဒီကျောင်းက အောင်လက်မှတ်တွေကို အသိအမှတ်ပြုအောင်သာ အားထုတ်ရမှာပါ။
အစိုးရ ပါ ရင် ဘာမှ ဖြောင့်ဖြောင့်တန်းတန်းအောင်မြင်မှာ မဟုတ်ဘူး။
ဘာလို့လဲ ဆိုတော့သူတို့က မဟုတ်တာလုပ်ထားတဲ့အတွက်
အဲဒီ သူတို့မကောင်းတာ၊ မဟုတ်တာတွေကို နောက်မျိုးဆက်တွေ မသိအောင် သမိုင်းကို လိမ်ညာဖုံးကွယ်ချင်နေကြလို့ပဲ။
ဒီလို သူတို့ သူရဲဘောကြောင်နေသေးသရွေ့ မြန်မာပြည်မှာ ကောင်းမွန်တဲ့ ပ ညာရေးစနစ်၊ ပေါ်လာမှာ ထွန်းကားလာမှာ မဟုတ်ဘူး။
ချိုတူးဇော်
်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment