Monday, March 24, 2014

သတိထားဖွယ်ရာ မွတ်ဆလင်များ၏ အစားအသောက်များကိုစားသုံးမိလျှင် ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးတတ်ပုံ *********************************************************************************** တစ်နေ့က ဒကာမကြီးတစ်ယောက် ထပ်ပြီး ဦးဇင်းကို ဒန်ပေါက်အပါအဝင် ကုလားရောင်းတဲ့ အစားအစာများအကုသိုလ်ဖြစ်ပုံလေး အပြစ်ဖြစ်ပုံလေးကို ပြောပြပါတယ်။ မွတ်ဆလင်တွေက သူတို့အစားအစားတွေကို (Hala) လုပ်ပြီးမှ စားကြရတယ်တဲ့။ အဲလိုစားမှသာလျှင် အပြစ်ကင်းတာပါတဲ့။ (Hala) မလုပ်ဘဲ စားမိလျှင် အပြစ်ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များကတော့ ဗုဒ္ဓဘာသာဝင် ဖြစ်နေတော့ (Hala) လုပ်လေ့မရှိဘူးတဲ့။ အဲလိုမလုပ်ရင်အပြစ်ဖြစ်တယ်တဲ့။ ဒါက သူ့တို့ဘာသာရဲ့ ရှုဒေါင့်ကနေ ဒန်ပေါက်စားတိုင်း၊ သို့မဟုတ် သူတို့ထုတ်လုပ်ရောင်းချတဲ့ အစားအစာကို စားတိုင်း (Hala) မလုပ်ဘဲ စားမိရင် အပြစ်ဖြစ်ပုံကို ပြောပြခြင်းဖြစ်ပါတယ်။ ဦးဇင်းတို့၏ ဗုဒ္ဓဘာသာရှုထောင့်(From point of view of Buddhism) ကနေကြည့်ပြီး ဘာသာခြားများဆိုင်မှ ဒန်ပေါက်စားတိုင်း အပြစ်ဖြစ်ပုံ ဒန်ပေါက်လှူတိုင်း အပြစ်ဖြစ်ပုံလေးကို လေ့လာကြည့်လျှင် အောက်ပါအတိုင်း သိမြင်နိုင်ပါတယ်။ လေ့လာကြည့်ပါ။ According to Buddhism (ဗုဒ္ဓဘာသာနည်းအရ) ပါဏာတိပါတ(သူတစ်ပါးအသက်သတ်မှု) အင်္ဂ`ါငါးပါး ၁။ သတ္တဝါလည်းဖြစ်ခြင်း။ ၂။ သတ္တဝါမှန်လည်း သိခြင်း ၃။ သတ်လိုသောစိတ်စေတနာလည်းရှိခြင်း။ ၄။ သတ်ဖြတ်မှု၊လုံ့လပယောဂ တစ်ခုခုလည်းပြုခြင်း။ ၅။ ထိုလုံ့လပယောဂဖြင့်လည်း သေခြင်း။ သူတစ်ပါးအသက်ကိုသတ်ရာတွင် ဤဖော်ပြပါ အင်္ဂ`ါ(၅)ပါးနှင့် ပြည့်စုံညီညွတ်မှ ပါဏာတိပါတကံဖြစ်၏။ ကမ္မပထမြောက်၏။ မပြည့်စုံလျှင် ပါဏာတိပါတကံတော့မမြောက်၊ ဒုစရိုက်မျှသာဖြစ်၏။ အမှတ်(၄)နံပါတ်အရ သတ်ဖြတ်ရန် လုံ့လပယောဂနည်းများ(သို့မဟုတ်) သတ်ဖြတ်နည်းများကို ကျမ်းဂန်များတွင် (၆)မျိုးပြဆိုထား၏။ ထိုခြောက်မျိုးမှာ (၁)မိမိကိုယ်တိုင် တုတ်၊ ဓားစသော လက်နက်တို့ဖြင့် ကိုယ်ထိလက်ရောက် ရိုက်ပုတ်၊ ထိုးခုတ်သတ်ဖြတ်ခြင်း၊ ၂။ သူတစ်ဦးတစ်ယောက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာရေးသား၍ဖြစ်စေ၊ အရိပ်နိမိတ်ပြ၍ဖြစ်စေ အသတ်ခိုင်းခြင်း။ ၃။ လေး၊ သေနတ်၊ အမြောက်၊ ဗုံးစသည်တို့ဖြင့် ပစ်ခတ်၍ သတ်ဖြတ်ခြင်း။ ၄။ သွားရာ လာရာ လမ်းခရီးစသည်တို့တွင် သတ္တဝါတွေ သေကျေပျက်စီးအောင် တွင်းတူ၍သော်လည်းကောင်း၊ ငြောင့် စသည်တို့စိုက်ထား၍သော်လည်းကောင်း၊ ရေမြှုပ်ဗုံး၊ မြေမြှုပ်ဗုံး စသည်တို့ကို မြှုပ်ထား၍သော်လည်းကောင်း သတ်ဖြတ်ခြင်း၊ (သတ်ဖြတ်ရန် စေတနာဖြင့် ဓားလှံ သေနတ် ဗုံး အမြှောက် စသည့်လက်နက်များကို ပြုလုပ်ထားလျှင် ထိုလက်နက်ကို ကိုင်စွဲ၍ စစ်သည်တပ်သားတို့ တိုက်ခိုက်ပါက လက်နက်လုပ်သူမှာ ဤနံပါတ်(၄)အရ ပါဏာတိပါတ အပြစ်မကင်းချေ။) ၅။ အင်းအိုင် ခလှဲ့၊ လက်ဖွဲ့၊ မန္တန် ဆေးဝါးစသော အတတ်ပညာများဖြင့်သတ်ခြင်း၊ ၆။ ကံကြောင့်ဖြစ်သော တန်ခိုး(ကမ္မဇိဒ္ဓိ) ရှိသူတို့က အစွယ်ခေါက်ခြင်း၊ မျက်စောင်းထိုးခြင်း၊ စသည်ဖြင့် တန်ခိုးဖြင့် သတ်ခြင်းတို့ဖြစ်ကြသည်။ နောက်တစ်ချက် သိက္ခာပုဒ် ပျက်မှု၊ ညစ်နွမ်းမှု (၄)ပါး ဤပါဏာတိပါတသိက္ခာပုဒ်ပျက်မှု၊ ညစ်နွမ်းမှုလေးမျိုးကို ပါဏာတိပါတ ဒုစရိုက်ကံလေးမျိုးဟုလည်းခေါ်သည်။ ဤလေးမျိုးကို အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ်၊ ကမ္မပထဝဂ်၊ ပါဏာတိပါတိသုတ်တွင် မြတ်စွာဘုရား ဟောကြားတော်မူထားပါသည်။ ထိုဒုစရိုက်ကံလေးမျိုးမှာ ၁။ ကိုယ်တိုင်ပြုလုပ်သောကံ(သာဟတ္ထိက) ၂။ သူတစ်ပါးကို ပြုလုပ်စေသောကံ(အာဏာတ္တိက) ၃။ ထိုကံနှင့်စပ်၍ ရနိုင်သော လောကီကျိုးတို့ကို ချီးမွမ်းပြောဆိုသော ကံ(ဝဏ္ဏဘာသန) ၄။ သူတစ်ပါးတို့ အလိုအလျောက် ကံပြုနေသည်ကို နှစ်သက်သဘောတူသောကံ (သမနုည) တို့ဖြစ်သည်။ ပါဏာတိပါတဒုစရိုက်တွင်း လေးပါးရှိသကဲ့သို့ ကျန်သော အဒိန္နစသော ဒုစရိုက်များတွင်လည်း လေးပါးပြားရကာ ဒုစရိုက်ဆယ်ပါးမှ ဒုစရိုက်လေးဆယ်ဖြစ်လာသည်။ ထို့ကြောင့် “ကိုယ်တိုင်တိုက်တွန်း ချီးမွမ်း စိတ်တူ ပွားပြန်မူ မှတ်ယူလေးဆယ်ကံ”ဟု မိန့်ဆိုထားကြသည်။ ထိုလေးမျိုးတွင် ကိုယ်တိုင်ပြုလုပ်သော ကံကားထင်ရှား၏။ ထိုလေးမျိုးထဲမှ အမှတ်-၂ သူတစ်ပါးကို ပြုလုပ်စေသော ကံ(အာဏာတ္တိက) အကြောင်းကို ပြောရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ အလှူမင်္ဂလာ၊ ဆွမ်းကျွေး မွေးနေ့ စသည်တို့ပြုလုပ်သည့်အခါ ဘာသာခြားများဆိုင်မှ ဒန်ပေါက်ဆွမ်းကို အော်ဒါမှာ၍ လှူဒါန်း ဧည့်ခံကျွေးမွေးလေ့ရှိကြ၏။ ဒန်ပေါက်ထမင်းကို အော်ဒါမှာခြင်းမှာ ထိုထမင်းချက်ရန်အတွက် ကြက်၊ ဘဲ၊စသည့် သတ္တဝါများကို သတ်ခိုင်းရာ(အာဏာတ္တိက) ဖြစ်ရာရောက်တော့၏။ ကိုယ်တိုင်သတ်သည်နှင့်မခြား ပါဏာတိပါတ အကုသိုလ်ကံများဖြစ်၏။ အမှတ်-၂ အချက်နှင့် ငြိစွန်းနေတော့၏။ ဤကားတစ်ချက်။ နောက်တစ်ချက်က အော်ဒါမမှားဘဲ ကြုံသလို ဘာသာခြားဆိုင်မှ ဒန်ပေါက်ထမင်းကို ဝယ်ပြီး ကျွေးမွေးလှူဒါန်းပြန်လျှင်လည်း (Hala) မလုပ်သောကြောင့် အပြစ်ဖြစ်သည်ကတစ်ချက်၊ နောက်တစ်ချက်က မိမိတို့ဝယ်ယူအားပေးလိုက်ခြင်းကြောင့် အမြတ်ငွေများရရှိကာ ထိုအမြတ်ငွေများက မိမိတို့ဘာသာကို ဖျက်စီးမည်ဖြစ်သောကြောင့် အဆိပ်ပင်ရေလောင်သည်နှင့်တူပြီး လူမိုက်အားပေးရာရောက်သဖြင့် အပြစ်မကင်းသော အကုသိုလ်ဖြစ်သော အားပေးမှုဖြစ်လေသောကြောင့် မိမိတို့သည်လည်း အမျိုးဖျက်သူ ဘာသာဖျက်သူ သာသနာဖျက်သူဟူသော နာမည်ဆိုးများနှင့်အတူ ကြီးစွာသော အပြစ်များဖြစ်လေသောကြောင့် ဘာသာခြားဆိုင်များမှ ဒန်ပေါက်အပါအဝင် အခြားအခြားသော စားသောက်ဖွယ်ရာများသည် ဗုဒ္ဓဘာသာတို့နှင့် လုံးဝမသက်ဆိုင် အပြစ်ဖြစ်စေသောကြောင့် အထူးရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ အထူးသတိပြုရန်မှာ ဗုဒ္ဓဘာသာဝင်များ (Hala) လုပ်မည်ဆိုပါလျှင် သရဏဂုံပျက်ကာ ဗုဒ္ဓဘာသာအဖြစ်မှ ဆုံးရှုံးရမည်ဖြစ်လေသောကြောင့် ဘယ်သောအခါမှ ထိုဘာသာခြားများဆိုင်မှ စားသောက်ဖွယ်ရာများကို အားမပေးသင့်လှကြောင်း သတိပေးအပ်ပါသည်။ သူတို့ကိုလည်း အားပေးရသေး (Hala)လုပ်ရသေး၊ ဗုဒ္ဓဘာသာအဖြစ်မှလည်း ဆုံးရှုံးရသေးဆိုတော့ အရှုံးကြီးရှုံးသည်ဟု ဆိုချင်ပါသည်။ အထူးသတိပြုပါလေ။ သို့သော် မိမိတို့ ဗုဒ္ဓဘာသာဝင်ဒန်ပေါက်ဆိုင်များတွင် အော်ဒါမမှားဘဲ ဝယ်ယူကျွေးမွေး လှူဒါန်းမည်ဆိုပါက (Hala) လုပ်စရာမလိုသောကြောင့် အပြစ်မှကင်းလွတ်သည်တစ်ကြောင်း၊ မိမိတို့ လူမျိုး ဘာသာ သာသနာကို ချီးမြှင့်ရာလည်းရောက်သည်ကတစ်သွယ် အပြစ်ကင်းလေသောကြောင့် ဗုဒ္ဓဘာသာဆိုင်များတွင် ဝယ်ယူစားသောက်အားပေးပါဟု တိုက်တွန်းလိုက်ရတော့၏။ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: