Sunday, March 30, 2014

ကျွန်တော် လေ့လာမိသလောက်ရေးချလိုက်အုံးမယ်ဗျာ....... စစ်သားဟောင်းတွေရဲ့ အားသာချက်တွေ က စနစ်ကျတယ်၊ ဗြူဟာ ရှိတယ်၊ ဦးတည်ချက် သတ်သတ်မှတ်မှတ်ရှိတယ်၊ လုံခြုံရေး သတိရှိတယ်၊ ရန်သူကို ဘယ်လိုသိမ်းသွင်းရမလဲ၊ဖြိုခွင်းရမလဲ ဆိုတာလဲသိတယ်၊ တိုက်ကွက်အမျိုးမျိုးလဲ ဖော်ကစားတတ်တယ်၊ စနစ်တကျဆုတ်ခွာတတ်သလို၊ အရှိန်အဟုန်နဲ့လဲ တိုက်ခိုက်သိမ်းပိုက် နိုင်စွမ်းရှိတယ်။ ထောက်/ပြုတ်တွေ ရဲ့ အားသာချက်က၊ လေ့လာမှုအားကောင်းတယ်၊ ရန်သူကို သတိနဲ့ မျက်ခြေပြတ်မခံဘဲစောင့်ကြည့်သတင်းယူတယ်၊ သပ်လျှိုတယ်၊ ရန်သူကို သတင်းအမှား တွေ ပေးပြီး ဦးတည်ချက် ပျောက်အောင်လုပ်နိုင်တယ်၊ ရန်သူ အဖွဲ့အစည်းတွေ စိတ်ဝမ်းကွဲ အောင် ခေါင်းစဉ် အမျိုးမျိုး နဲ့ သွေးခွဲ နိုင်တဲ့ အရည်အချင်း တွေ ရှိတယ်။ အစိုးရ ရဲ့ လက်ဝေခံ အဖွဲ့အစည်းတွေ ရဲ့အားသာချက်က တော့၊ စစ်သားဟောင်း တွေ ထောက်/ပြုတ် တွေ ရဲ့ လမ်းညွှန်မှုကို ရတယ်။ ဘာသာရေး မှိုင်းတိုက်ထားတဲ့ DVD အချပ် တွေ ကို ကျေးလက် အထိရောက်အောင်ဖြန့်ဝေ နိုင်တယ်။ သူတို့နောက်မှာ ငွေကြေး ထောက်ပံ့မှု အပြည့်အ၀ ရထားတယ်။ [အောက်ခြေ က ချာတိတ်တွေ က တော့ မရရှာပါဘူး။ သူတို့ကတော့ အသုံးချခံတွေပါ။] သူတို့ရဲ့ အားနည်းချက်ကတော့၊ ဒီ ဗြူဟာ ကို အသုံးပြုပြီး ပြည်သူတွေ ကို လိမ်ညာနေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ နောက်ထပ် ဗြူဟာအသစ် ထပ် မ ဖော်ထုတ်နိုင် သေးပါဘူး။ သူတို့ကံကောင်းနေတဲ့အချက်ကတော့၊ ကျွန်တော်တို့ ပြည်သူတွေထဲမှာ ရှိနေတဲ့ ငပိန်းအချို့က၊ သူတို့ နှစ်ပေါင်းများစွာ အသုံးပြုနေခဲ့တဲ့ အလိမ်အညာ ဗြူဟာတွေ ကို တကယ်ယုံကြည်နေပြီး ဆက်လက်အလိမ်ခံ နေ ကြ သေးလို့ပါဘဲခင်ဗျာ။ Melvin Moe

No comments: